no
Ch 2 (အပိုင်း၁)
အိပ်ဆောင်တွေရဲ့ အဆောက်အဦးကလဲ ဝင်ပေါက်နဲ့ ပုံစံတူသည်။ ပန့်ပုံစံ ကာလာဆန်းများဖြင့် ဆေးခြယ်ထား၏။
အထဲရောက်တာနဲ့ လင်းရှင်းဟဲ့ ငြိမ်းချမ်းသွားသလို ခံစားလိုက်ရသည်။ ငြိမ်းချမ်းလွန်းလို့ တစ်ခြားကမ္ဘာရဲ့ အဆောက်အဦးတည်ဆောက်ပုံကို ကြည့်နေရတာတောင်မှ သူမ ထူးဆန်းမှု မခံစားရတော့ဘူး။
တိတ်ဆိတ်နေတဲ့ ဝင်ပေါက်တွင်.ဘယ်သူမှ ရှိမနေချေ။
ဒါပေမဲ့ လမ်းညွှန်ချက်အတိုင်းပဲ လင်းရှင်းဟဲ့ သူမရဲ့အခန်း ၃၀၃ ကို လွယ်ကူစွာ တွေ့သွားသည်။
သတ္ထုတံခါး၏ အပေါ်ပိုင်းသည် မှန်တစ်ဝက် ဖြစ်သည်။ ထိုမှန်က ကျိုးနေပြီး ထိုအကျိုးတစ်ပိုင်းမှ ပင့်ကူအိမ်ပင် ရှိနေသေးသည်။ မှန်လွတ်နေတဲ့ နေရာများကို သတင်းစာစတွေ၊ ခရမ်းရောင်စက္ကူ၊ အစိမ်းရောင်စက္ကူတွေဖြင့် ဖြစ်သလို ပိတ်ထားသည်။
သူမ အခန်း ၃၀၄နဲ့ ၃၀၅ ကို တစ်ချက် ရှိုးရတော့တာပေါ့။ ဒါပေမဲ့ ထိုအခန်းတွေက သစ်သားတံခါးများနဲ့ ပုံမှန်လိုသန့်ရှင်းတဲ့ အခန်းတွေပဲ။
လင်းရှင်းဟဲ့ တစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီး နောက်မှာ လက်ရှိအခြေအနေကို တည်ငြိမ်စွာပဲ လက်ခံလိုက်တော့သည်။
သူမ တံခါးဖွင့်လိုက်သည်။
အိပ်ဆောင်များက တစ်ယောက်အိပ်အခန်းများ ဖြစ်သည်။ ကံကောင်းစွာဖြင့် အတွင်းပိုင်းကတော့ တံခါးလိုမျိုး အခြေအနေ မဆိုးပေ။ အထဲက အသုံးအဆောင်အားလုံးက ခေတ်မှီပြီး ၁၆ မီတာလောက် ကျယ်သည်မို့ အဆင့်မြင့်တိုက်ခန်းငယ် တစ်ခုနဲ့တူသည်။ အခန်းက သေးပေမဲ့ လိုတာအကုန် ထားပေးထားသည်။ တံခါးပေါက်ရဲ့ဘေးတွင် မီးဖိုတစ်ခု၊ အိုဗန် တစ်ခုရှိတဲ့ မီးဖိုချောင်ငယ်တစ်ခုပင် ပါသေး၏။
သူမ ကြောင်အိမ်ဖွင့်ကြည့်ချိန်မှာ ပန်းကန်ခွက်ယောက်အစုံနဲ့ မီးဖိုချောင်သုံး ပစ္စည်းအစုံကို မြင်လိုက်ရသည်။ စားပွဲပေါ်ရှိ ကတ်ထူဗူးအတွင်းတွင် အစောက ကောင်မလေး ပြောသွားသလို ကျောင်းသားသစ် လမ်းညွှန်စာအုပ်ရှိသည်။ ထိုဗူးထဲတွင် လိုအပ်သည့် ဖုန်း၊ လပ်တော့နဲ့ လက်ပတ်တစ်ခုပါ ရှိသေးသည်။
လင်းရှင်းဟဲ့ ချက်ချင်းပဲ စာအုပ်ဖတ်ကြည့်လိုက်သည်။
တစ်ကယ့်ကမ္ဘာမှာ သေခဲ့ကြတဲ့ ဗီလိန်တွေကို ဒီကျောင်းက ပြန်လည်ပုံသွင်းပေးသည်။ ထို ပုံသွင်းခြင်းထဲမှာ စာမေးပွဲဖြေရပြီး အမှတ်စုဆောင်းရတာက အပါအဝင်ပေါ့။ လိုအပ်တဲ့ အမှတ်ရသွားရင် ဗီလိန်က ကျောင်းကနေ ထွက်သွားနိုင်ပြီး ဘဝသစ်တစ်ခုရရှိမည်။
ဒီတော့ ဒီကျောင်းမှာ အမှတ်က အရေးအကြီးဆုံးပဲ။ အစားအသောက်၊ အဝတ်အစား၊ နေအိမ်နဲ့ သွားလာရေးတွေ အားလုံးက အမှတ်နဲ့ သက်ဆိုင်သည်။
စစချင်းမှာ အကုန်လုံးကို အမှတ်တစ်ရာစီ ပေးထားသည်။ ကျူရှင်ကြေးနဲ့ အိမ်ငှားခအဖြစ် လတိုင်း အမှတ်ငါးဆယ် နှုတ်သည်။ အမှတ်တွေ ကုန်သွားမယ်ဆိုရင် ထိုကျောင်းသား ကျောင်းသူက ကျောင်းထုတ်ခံရပြီး ထပ်သေရမှာပဲ။
ဒီတော့ အမှတ်တွေရနိုင်မဲ့ နည်းလမ်းက စာမေးပွဲကနေပင်။ ဘယ်လိုစာမေးပွဲမျိုးကို ဖြေဆိုရမည်ကိုတော့ စာအုပ်ထဲမှာ မပြောပေးထားဘူး။
လင်းရှင်းဟဲ့ ကျောင်းတော်ရဲ့အကြောင်းကို ပိုနားလည်သွားပြီးနောက်မှာ အနည်းငယ်.စိတ်သက်သာသွားသည်။ သူမ သေသွားပေမဲ့ အခု ပြန်ရွေးချယ်ခံရဖို့ အခွင့်အရေး ရလာခဲ့ပြီ။ စာမေးပွဲက ဘာကြီးပဲ ဖြစ်နေနေ ဘယ်လောက်ခက်မှာမလို့လဲ? စာမေးပွဲပဲ စာကြိုးစားလိုက်ရုံပေါ့။
ဒါပေမဲ့ အခုချိန်မှာ သူမ သံသယဝင်နေတာ တစ်ခုပဲရှိသည်။
ငါကဘာကိစ္စ ဗီလိန်ဖြစ်သွားရတာလဲ?
သူမဘဝရဲ့ အရာအားလုံးက ချောမွေ့နေခဲ့တာလေ… ဘယ်လိုပဲ ကြည့်ကြည့်၊ သူမအသက်ရှင်စဥ်က မိန်းကာရိုက်တာတစ်ယောက်ပဲ။ နည်းနည်းလေး သေတဲ့ပုံမလှဘူးဆိုပေမဲ့ သူမ ရှင်သန်ခဲ့တဲ့တိုတောင်းတဲ့ ဘဝကို ပြန်ကြည့်ရင် ဇာတ်လိုက်မင်းသမီး မဟုတ်တောင် ဒုတိယမင်းသမီး.ဖြစ်လာနိုင်လောက်တဲ့ အနေအထားပါ။
ဘယ်လိုကြောင့် ငါလေးကို ဗီလိန်ဆိုပြီး ခေါင်းစဥ်တပ်ခံရတာလဲ?
ငါ့ဘဝမှာ ဆိုးဝါးတာ တစ်ခုတောင် လုပ်ဖူးတာ မဟုတ်ဘူး!
သူမ လက်ပတ် ပတ်လိုက်ချိန်မှာပဲ သူမရဲ့ သံသယတွေက ရှင်းလင်းသွားခဲ့သည်။
လက်ပတ်ကို လက်မှာ ပတ်လိုက်တာနဲ့ သူမရဲ့ မြင်ကွင်းထဲသို့ မက်ဆေ့ဘားတစ်ခု ပေါ်လာလေ၏။
အမည်-လင်းရှင်းဟဲ့။.
အတန်း- ခေတ်သစ်ဋ္ဌာန အတန်း၁။
အမှတ်- 100။
ကာရိုက်တာရဲ့ ကိုယ်ရေးအကျဥ်းကို.ကြည့်မလား?
လင်းရှင်းဟဲ့ ကြည့်ဖို့ ရွေးလိုက်သည်။
( လင်းရှင်းဟဲ့- အသက်နှစ်ဆယ့်သုံးနှစ်။ သူမမှာ ရေလိုက်ငါးလိုက်နဲ့ ဘဝကြီးကို အလွယ်နေတတ်တဲ့ ပင်ကိုယ်ဇရိုက်ရှိတယ်။ ရည်မှန်းချက်လဲမရှိဘဲ ရတဲ့အတိုင်း ရှင်သန်နေတဲ့သူပဲ။ ကောလိပ်ကနေ ဘွဲ့ရပြီးနောက်မှာ ဒါရိုက်တာအသစ်ရဲ့ ‘ဧပရယ်လရဲ့ကမ္ဘာကြီး’ ဇာတ်ကားမှာ ဝင် သရုပ်ဆောင်ပေးပြီး နာမည်ကြီးသွားခဲ့တယ်။
ဖျော်ဖြေရေးလောကထဲ ချောမွေ့စွာ တက်လှမ်းနိုင်သွားတော့ သူမရဲ့ ဂုဏ်မောက်မှုက ကျယ်ပြန့်လာတော့တယ်။ ကြီးမားတဲ့အောင်မြင်မှုရဲ့ ရလဒ်ကြောင့် သူမရဲ့ ဘာမှမရှိတဲ့အစကို မေ့သွားတော့တာပေါ့။
ဖျော်ဖြေရေးလောကထဲ အသစ်ဝင်လာတဲ့ လင်းယို့ယို့ ပေါ်ပေါက်လာပြီး နောက်မှာ သူမက အရည်အချင်း ရှိရှိနဲ့ လင်းရှင်းဟဲ့ရဲ့နေရာတွေကို တစ်ခုပြီးတစ်ခု ယူသွားခဲ့တယ်။ ဒါကြောင့် သူမ သည်းမခံနိုင်တော့ဘဲ လင်းယို့ယို့ကို ခက်ခဲအောင်အများကြီး လုပ်ခဲ့တယ်။
ဒါပေမဲ့ ကောင်းကင်ရဲ့ အလိုတော်ကြောင့် သူမရဲ့ အစီအစဥ်တွေ ကျရှုံးရတာပေါ့။ ဒါပေမဲ့ သူမရဲ့ မကောင်းတဲ့အကျင့်တွေကို လူမှုကွန်ယက်မှာ ဖော်ထုတ်ခံလိုက်ရတော့ သူမက နှစ်ဆယ့်ရှစ်ထပ်မြင့်တဲ့ အဆောက်အဦးကြီးကနေ ခုန်ချပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးသွားတော့တယ်)
လင်းရှင်းဟဲ့, “...?....?...?”
… လင်းယို့ယို့က ဘယ်သူတုန်းဟ?
There is No Eng Version