no

 ပေါက်စီကအရမ်းအရသာရှိပါတယ်


စုပေ အစကတော့ဖုန်းရှင်းလန်ရောက်လာရင် သူ့အခန်းသူပြန်ပြီး အိပ်တော့မယ်လို့စဥ်းစားထားတာ....

အခုတော့သူမအိပ်ချင်တော့ဘူး.......


"ငါလည်း ညလည်စာနည်းနည်းလောက်တော့ စားချင်သေးတယ်​!"


ဖုန်းရှင်းလန် စုပေကိုကြည့်လိုက်သည်။

"မင်းကိုယ်တိုင်ချက်ကြည့်လေ"


စုပေ ချက်ချင်း 'မင်းငါ့ကိုလာနောက်နေတာလား' ဆိုသည့်ပုံစံသို့ပြောင်းသွားတယ်။ စုပေမျက်နှာကိုကြည့်ပြီး ဖုန်းရှင်းလန် စိတ်ရှည်လက်ရှည်ပြန်ရှင်းပြသည်။ ဖုန်းရှင်းလန်စိတ်ရှည်တယ်ဆိုတာ တကယ့်ကိုကြုံတောင့်ကြုံကဲဖြစ်ရပ်တစ်ခုပဲ.......


"မင်းပဲငါ့ကို မင်းကိုယ်တိုင်ချက်ပြုတ်​​ကျွေးမယ်လိုကတိပေးထားခဲ့တယ်လေ"


ထိုစကားကိုကြားတာနဲ့ စုပေစိတ်ပင်ပန်းသွားသည်။ စုပေရဲ့သနားစဖွယ်မျက်နှာလေးကို ကြည့်ပြီး ဖုန်းရှင်းလန်သူ့လုပ်ရပ်များမှားသွားတာလားလို့တောင် ခံစားသွားရသည်အထိ။


System 748 - " ဆွဲဆောင်ခြင်းယူနစ်ဘား 1% တက်သွားပါပြီ စုစုပေါင်း 33% အထိရှိသွားပါပြီ။ "


စုပေကြောင်သွားတယ် မဖြစ်နိုင်တာ...

" ဒါနည်းနည်းတော့များသွားပြီ ငါ့ရဲ့ယူနစ်ဘားတန်းကဘာကိစ္စအဲ့လောင်မြန်မြန်ကြီး တက်နေရတာလဲ ငါလေးဘာမှတောင်သေချာမဆွဲဆောင်ရသေးဘူးဟေ့ system ​​ပြောစမ်းပါဦး ငါသာသူ့ကိုဟင်းချက်ပေးရင် ယူနစ်ဘားတန်းကထပ်ထပ်ပြီး ဒီထက်မကတိုးလာဦးမှာလား? ဟမ်ပြောစမ်းပါ? "


System ဘာမှပြန်မပြောပေမယ့် စုပေသိတယ် သူငြင်းမှာမဟုတ်ဘူး တကယ်လို့စုပေသာ ဖုန်းရှင်းလန်ကိုဟင်းချက်ပေးခဲ့ရင် ရာခိုင်နှုန်းကတကယ့်ကိုတိုးလာမှာ....


စုပေတွန့်ဆုတ်တွန့်ဆုတ်နှင့် မီးဖိုချောင်ထဲသို့ဝင်သွားသည်။ သူဖုန်းရှင်းလန်အတွက်ဘာကိုသွားချက်ပေးရမှာလဲ? သူ ဘာမှမချက်တတ်ပါဘူးဆိုနေ ....<မီးဖိုချောင်လူတ်သမား> လို့တင်စားရလောက်အောင် မူလစုပေတစ်ယောက်ထဲဟင်းချက်ဆိုးသည်မဟုတ် သူလည်းတူတူတပင်....ထို့ကြောင့် <မီးဖိုချောင်လူသတ်သမား> ဆိုသည့်နာမည်​​ပြောင်က သူတို့နှစ်ယောက်လုံးနှင့်ကိုက်ညီသည်။


ဖုန်းရှင်းလန် စုပေမျက်နှာကိုသေချာစူးစမ်းကြည့်သည်။ စုပေ ချမ်းသာတဲ့လူငယ်မျိုးဆက်တစ်ယောက်ဖြစ်တဲ့အတွက် သူမျက်နှာတစ်ခုလုံးကအထက်တန်းကျကျလှပတယ် ဟင်းချက်ရမှာဆိုးလို့ နည်းနည်းမဲ့တဲ့တဲ့ဖြစ်နေတဲ့သူ့နှုတ်ခမ်းဖူးဖူးလေးတွေကလည်း.......... သူ့ကြည့်နေရင်း ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူဘာတွေလုပ်မိနေပါလိမ့်....ဒါပေမယ့်သေချာကြည့်ရင်​​တော့စု​​ပေက ဆိုးတော့မဆိုးပါဘူးလေ......


System 748 - ဆွဲဆောင်ခြင်းယူနစ်ဘားတန်းမှာ 1% ထပ်တက်သွားပါပြီ စုစုပေါင်း 34% အထိရောက်ရှိသွားပါပြီ။


စုပေ ဘာချက်ရမလဲ ဆိုပြီးရေခဲသေတ္တာကိုဖွင့်ပြီးရှာနေတုန်း 748 ၏အသံကြောင့်ရေခဲသေတ္တာတံခါးကြီးကိုင်ပြီး ကျေနပ်ချက်ကိုညည်းတွားတော့သည်။

"ဘာလို့ ရာခိုင်နှုန်းတွေကတစ်ခါတိုးတိုင်း အရမ်းနည်းနေရတာလဲ ကြည့်ရတာ ဒီကမ္ဘာကဇာတ်လိုက်က တကယ့်ကိုကပ်စေးနှဲတဲ့သူပဲ ဖြစ်ရမယ်။ "


သူဘာပြောပြော system ကလျစ်လျူရှုနေတယ်ဘယ်လောက်ညည်းတွားတွား ဘာတစ်ခုမှပြန်မပြော...သူပြန်မ​​ပြောလည်းကိစ္စမရှိပါဘူး စုပေကသူ့ဘာသာပြောလိုက် သူ့ဘာသာရီလိုက်လုပ်နေတာပဲ.....


စုပေရော ဖုန်းရှင်းလန်ရောက ချင်းကွမ်းရှောင်ကိုလျစ်လျူရှုနေတဲ့အတွက် သူမကစိတ်လှုပ်ရှား​​နေတဲ့လေသံဖျော့ဖျော့လေးနဲ့ ဖုန်းရှင်းလန်ကိုစကားလှမ်းပြောပြီး သူမကိုပဲအာရုံစိုက်လာကြအောင် ကြိုးစားတယ်။


"မစ္စတာဖုန်း ကျွန်မချက်ထားတာလေးကိုအရင် မမြည်းကြည့်ချင်ဘူးလားဟင်"


ဖုန်းရှင်းလန်မျက်နှာက စုပေကိုကြည့်နေတုန်းကအမူအရာနှင့်မတူ မည်းမှောင်နေသောအမူအရာနှင့်သူမကိုကြည့်လိုက်သည်။

"အခုအရမ်းနောက်ကျနေပြီ မင်းဘာလို့မအိပ်သေးတာလဲ အရင်သွားအိပ်လိုက်​​တော့"


သူစားမယ် မစားဘူး တစ်ခွန်းမှမပြောဘူး သူမကိုသွားအိပ်ဖို့ပဲပြောလိုက်တယ်။


သူ့အပြောက ချင်းကွမ်းရှောင်ကိုချီတုံချတုံဖြစ်သွားစေတယ်။ သူမကတော့ ဖုန်းရှင်းလန်ဒီလိုပြောတာစုပေကြောင့်လို့ သတ်မှတ်လိုက်ပြီး စိတ်ထဲကနေ စုပေကို ဖာ့ခ်ချင်းထပ်နေအောင် ဆဲဖို့လည်းမမေ့လျော့ဘူး။


သူတို့စကားပြောနေတဲ့အချိန်မှာ စုပေကတော့ရေခဲသေတ္တာထဲခေါင်းဝင်ပြီး ဟိုရှာဒီရှာလုပ်နေတယ်။ သူရေခဲသေတ္တာထဲကပေါက်စီတွေကိုတွေ့လိုက်ရတဲ့အခါ သူအကြံတစ်ခုရသွားတယ်။ ကြည့်ရတာ ဒီအေးခဲနေတဲ့ပေါက်စီတွေကသာ ချက်ချင်းချက်တာတို့ဘာတို့လုပ်ဖို့ အလွယ်ကူဆုံးဖြစ်မယ်ထင်တယ်။


တကယ်တော့ ဒီပေါက်စီတွေက ချင်းကွမ်းရှောင်တစ်နေ့ခင်းလုံးလုပ်ထားရတာတွေ....ကြည့်ရတာတော့ မဆိုးလောက်ဘူးထင်တာပဲ...


စုပေ ဒီပေါက်စီတွေကသာလုပ်စားဖို့အလွယ်ကူဆုံး ဖြစ်တယ်လို့ထင်လိုက်တဲ့အတွက်ပေါက်စီတွေကိုယူကာအိုးတစ်လုံးထဲထည့်ပြုတ်လိုက်တယ်....

​​နေစမ်းပါဦး ရေးကြီးဆုံးအချက်ကိုသူမေ့နေတာပဲ...

ပေါက်စီတွေကို ဘယ်အချိန်လောက်ထိအိုးထဲထည့်ပြုတ်ထားရမှာလဲ??​ခေါက်ဆွဲပြုတ်လိုသုံးမိနစ်နဲ့တော့ မရလောက်ဘူးထင်တယ်...


သူပေါက်စီတွေကျက်ဖို့ မီးများများတင်ပြီးအကြိမ်အနည်းငယ်လောက်တောင်အိုးထဲကိုမွှေပေးလိုက်သေးသည်။ရလဒ်အနေနဲ့ကတော့ပေါက်စီအကုန်ပုံပျက်ပန်းပျက်ဖြစ်ကုန်တာပဲ ဒါပေမယ့်တစ်စစီမဖြစ်သွားတာကိုပဲ ​​ကျေးဇူးတင်ရမယ်....


သူပေါက်စီအိုးကိုကြည့်နေရင်းပေါက်စီလုံးလေးတွေတဖြည်းဖြည်းသေးသေးလာတာကို မြင်လိုက်ရတဲ့အခါ ချက်ချင်းယောက်ချိုဇွန်းကြီးနှင့်ဆယ်ယူလိုက်သည်။

​​နောက်ဆုံးတော့....​နောက်ဆုံးတော့ သူပေါက်စီပြုတ်လို့ပြီးသွားခဲ့ပြီ။


ဒါပေမယ့် သူ့ပေါက်စီလေးတွေကို ဖုန်းရှင်းလန်ဆီယူသွားသင့်လား မယူသင့်ဘူးလားတော့စဥ်းစားရခက်နေတုန်းပဲ...ထားပါလေ ဖုန်းရှင်းလန်ကငါချက်တာစားချင်တယ်လို့ပြောထားတာပဲ အဲ့တော့လည်း ယူသွားပေးတာပေါ့...


အနည်းဆုံးတော့ သူခေါက်ဆွဲကောင်းကောင်းပြုတ်တတ်ပါတယ်ပေါက်စီနဲ့ခေါက်ဆွဲကတူတူပဲမလား...အဲ့တော့ပေါက်စီကအရသာမဆိုးလောက်ပါဘူးကောင်းလိုက်မှာပါ...


စုပေပေါက်စီတွေယူလာတာကိုမြင်လိုက်ရတဲ့ ချင်းကွမ်းရှောင်ကတော့ မျက်နှာကြီးစိမ်းပုတ်သွားသည်။ဒီပေါက်စီတွေကို သူမနေ့လည်ကအချိန်အကြာကြီးပေးပြီး လုပ်ထားရတာ အခုတော့...အခုတော့ သူမပေါက်စီတွေကိုစု​​ပေဖျက်စီးလိုက်ပြီ!....


သူမသာဖုန်းရှင်းလန်ဆီကနေ အသိအမှတ်ပြုတာခံချင်လို့လုပ်ထားခဲ့တဲ့ပေါက်စီတွေ မဟုတ်ခဲ့ဘူးဆိုရင် သူမဒီလောက်ထိခံစားသွားရမှာမဟုတ်ဘူး အခုကသူမအသိအမှတ်ပြုခံရဖို့ အချိန်အကြာကြီးကြိုးစားလုပ်ထားရတဲ့ပေါက်စီတွေ.....


ဖုန်းရှင်းလန် လည်းပါးကန်ပြားထဲကပေါက်စီပုံသဏ္ဍာန် နည်းနည်းလေးသာပေါ်တော့သောပေါက်စီတွေကိုကြည့်ရင်း ​​ကြောင်သွားသည်။ ဒါဆိုစုပေမေပြောခဲ့တဲ့ စုပေက <ဟင်းချက်မကောင်းဘူး> < မီးဖိုချောင်လူသတ်သမား>

<သူချက်တာကိုစားတဲ့သူတွေအကုန်သေလိမ့်မယ်> လို့ပြောခဲ့တာတွေကလိမ်နေတာမဟုတ်ဘူးပဲ.....


ဖုန်းရှင်းလန် စိုက်ကြည့်နေတာကြောင့် စုပေအပြစ်ရှိသလိုလို စိတ်မသိုးမသန့်ခံစားလာရသည်။

"​ကောင်းပြီကောင်းပြီ ခင်ဗျားဒီပေါက်စီတွေကိုကြည့်ပြီး မစားချင်ဘူး လို့တွေးနေတာမလား အဲ့တာဆိုမစားနဲ့နော်ရတယ်"


ပေါက်စီပုံတွေကိုကြည့်ပြီး ချင်းကွမ်းရှောင်ကတော့ သူမကိုမေးတာမဟုတ်တာတောင် မစားချင်လွန်း၍အရူးတစ်ယောက်လိုခေါင်းထက်ခါထပ်ခါညိမ့်ပြသည်။


ဒါပေမယ့် ဖုန်းရှင်းလန်ကတော့ တူကိုကောက်ကိုင်ပြီးပေါက်စီနဲ့တူသယောင်ယောင်ပုံစံရှိတဲ့ အလုံးသေးသေးလေးကို ယူစားပြီးအရသာခံနေသည်။


ဖုန်းရှင်းလန်အမူအရာတစ်ချက်မပျက်သွားသလိုနေနေတဲ့အတွက်ပေါက်စီအရသာကဘယ်လို​​​ရှိမှန်းဘယ်သူမှမသိဘူး။​​နောက်ဆုံးမှာတော့ပေါက်စီအရသာခံခြင်းပြီးဆုံးသွားသည့် ဖုန်းရှင်းလန်ကပြောလိုက်သည်။

"အရသာရှိတယ်"


တကယ်အရသာရှိလွန်းသည့်ပုံစံနှင့်ပြောလိုက်သည့်ဖုန်းရှင်းလန်ကြောင့် စုပေသူပြုတ်တဲ့ပေါက်စီလေးတွေကတကယ်အရသာရှိလွန်းသည်ဟုထင်သွားတယ်။ ထို့ကြောင့် သူတူကိုကိုင်ပြီးပေါက်စီတစ်လုံးကိုပါးစပ်ထဲထည့်လိုက်သည်။


သူပေါက်စီကိုဝါးလိုက်တဲ့အခါ ချက်ချင်းမျက်နှာအမူအရာပြောင်းသွားသည်။ပေါက်စီတွေကလုံးဝ မကျက်သေးဘူး!!.... သူဒီလောက်မီးပြင်းပြင်းနဲ့ပြုတ်တာတောင်ဘာလို့မကျက်​​သေးတာတုန်း!!


စုပေ ချက်ချင်းပြန်အန်ထုတ်လိုက်ပေမယ့် ဖုန်းရှင်းလန်ကတော့ ဘာမှမသိသည့်အမူအရာနဲ့ တူကိုကောက်ကိုင်ပြီးပြောသည်။ မသိရင်ဖုန်းရှင်းလန်အတွက်ပေါက်စီက အရမ်းအရသာရှိနေသည့်ပုံ.....


"မင်းပဲညလယ်စာ စားချင်တယ်ဆို လာလေ နည်းနည်းလောက်ထပ်စားပါဦး"


စုပေဘာမှပြန်မပြောနိုင်တော့....အသံတိတ်မျက်ရည်ကျနေသည်။စုပေဒါတွေကိုလုံးဝမစားနိုင်ဘူး....ဒါပေမယ့် မစားလို့လည်းမဖြစ် သူ​​ရှေ့ကဖုန်းရှင်းလန်ကသူ့ကိုအတင်းစားခိုင်းသည်။ စားရအောင်လည်း အရသာကအရမ်းကိုဆိုးရွားလွန်းနေသည်။ သူမျက်ရည်ကျနေလျက်ပဲ မကျက်သေးသည့်ပေါက်စီတစ်ခုကိုထပ်စားလိုက်ရတယ်...


စုပေ မကျက်သေး​​သောပေါက်စီတွေကို မျက်ရည်တွေကျကာ စား​​နေရသည် ကိုကြည့်ရင်း ချင်းကွမ်းရှောင် အားရပိတိဖြစ်လွန်းသည့်အပြုံးမျိုးပြုံးလိုက်သည်။အခု အခွင့်အရေးကသူမဘက်ပါနေတာမလား သူမလက်လွှတ်ခံလို့မဖြစ်ပါ ချက်ချင်းသူမလုပ်ထားနဲ့ညလယ်စာလေးကိုမမေ့မလျော့ကြော်ညာဝင်လိုက်သည်။


"မစ္စတာဖုန်း စွပ်ပြုတ်ကအခုထိနွေးနေတုန်း ဒါလေးကိုမအေးခင်လေးစားကြည့်လိုက်ပါလား"


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment