no
《မင်းမသိဘူးလား ငါကအရေထူလွန်းတယ်လေ!》
ဖုန်းရှင်းလန် နှုတ်ခမ်းထောင့်လေးတွန့်ကာ ပြုံးလိုက်တယ်။
"စုပေတော်တော်လေး ဗိုက်ဆာနေတယ်ထင်တယ် အဲ့တာကြောင့်သူ့ကိုသာကျွေးလိုက်ပါ"
ဒီစကားကိုကြားပြီး စုပေတော်တော်လေးကြောက်သွားတယ် ပြီးတော့သူအစားအများကြီးစားထားတဲ့အတွက်ကြောင့် လေချဥ်တောင်တတ်လိုက်သေးပေမယ့် သူချက်ချင်းသူ့ပါးစပ်လေးသူပိတ်ပြီး ဖုန်းရှင်းလန်ကိုပြုံးပြလိုက်တယ်။
မရက်စက်ပါနဲ့တော့ သူအများကြီးစားပြီးနေပြီ ထပ်မစားနိုင်တော့ဘူး။
ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ သူ့ရဲ့မကျက်တဲ့ပေါက်စီတွေအကုန်စားပြီးတာတောင် ဖုန်းရှင်းလန်ပြောတဲ့အတိုင်း ချင်းကွမ်းရှောင်လုပ်ထားတဲ့ စွပ်ပြုတ်တွေပါသောက်လိုက်ရသည်။ဒါတောင် သူစွပ်ပြုတ်သောက်နေတဲ့အချိန်မှာ ချင်းကွမ်းရှောင်ရဲ့ သတ်ဖြတ်တော့မလိုမျက်စောင်းတွေ မရေတွက်နိုင်အောင်ရရှိလိုက်တယ်....သူမသာနဂါးဆိုရင် စုပေတော့ပြာကျတော့မှာပဲ တကယ်တော့ သူလည်းနစ်နာသူပါ အတင်းစေခိုင်းခြင်းခံရတာပါ ကျေးဇူးပြုပြီး မျက်စောင်းတွေစွတ်မထိုးပါနဲ့အမိရဲ့.......
စုပေ အကုန်စားပြီးသွားတဲ့အခါမှာ ဖုန်းရှင်းလန်ကိုမျှော်လင့်ချက်ပြည့်နေသောမျက်ဝန်းများဖြင့်ကြည့်လိုက်တယ်။ သူစားပို့နင့်အောင်တောင်စားပြီး ဒုက္ခခံခဲ့ရတာ လာစမ်းပါ ယူနစ်ဘားတန်းလေးမှာ ရာခိုင်နှုန်းနည်းနည်းလောက်တက်လိုက်စမ်း!! သူဒီလောက်တောင် အနစ်နာလိုက်ရတာ ရာခိုင်နှုန်းနည်းနည်းလောက်တော့တတ်ပေးသင့်တယ်....
စုပေ ဘလင်းဘလင်း ထနေတဲ့မျက်လုံးတွေကိုကြည့်ပြီး ဖုန်းရှင်းလန်သူ့ခေါင်းလေးကိုမပွတ်ပေးဘဲမနေနိုင်ဘူး။
"အခုက တော်တော်နောက်ကျနေပြီ သွားအိပ်တော့"
ထို့နောက်တွင်တော့ စုပေမျှော်လင့်ထားတဲ့အတိုင်း system 748 ၏ကြေညာချက်ထွက်လာသည်။
"ဆွဲဆောင်ခြင်းယူနစ်ဘားတန်း မှာ 5% မြင့်တက်သွားပါပြီ စုစုပေါင်း 39% ကိုရောက်ရှိသွားပါပြီ"
အရမ်းကျေးဇူးတင်တာပဲ!! နောက်ဆုံးတော့ သူဒုက္ခခံလိုက်ရတာနဲ့တန်သွားပြီ...စုပေ ခုနကအစာမကြေဖြစ်နေတာတွေတောင် ချက်ချင်း ပိန်းကြာရွက်ပေါ်ရေမတင်သလို ပျောက်သွားပြီ....
ဖုန်းရှင်းလန် သူ့ရဲ့အာရုံခံစားချက်အရ စုပေတစ်ခုခုဟန်ဆောင်နေတာကို ရုတ်တရက်သတိပြုမိသွားတယ်။ သူစုပေကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာ စုပေကဒုတိယထပ်ရောက်လို့အရိပ်တောင်မမြင်ရတော့ဘူး။
ဖုန်းရှင်းလန်ပြုံးပြီး ကျိန်ပြောလိုက်တယ်။
"မင်းက လူလိမ်လေးတစ်ယောက်တင်မဟုတ်ဘဲ ပြန်ကိုက်တတ်တဲ့ ဝံပုလွေလေးတစ်ကောင်ပါဖြစ်နေတာပဲ"
တစ်ဖက်မှာလည်း စုပေတစ်ယောက် အတွေးပေါင်းစုံတွေးနေတယ် သူကအရမ်းအအိပ်မက်တဲ့သူတစ်ယောက်....သူဆိုတာက အိပ်ရာနဲ့ခန္တာကိုယ်ထိတာနဲ့တစ်ပြိုင်နက် ချက်ချင်းအိပ်ပျော်သွားတတ်တဲ့လူစားမျိုး...
ဒါပေမယ့်အခု သူအိပ်ရာပေါ်မှာလှဲနေတာတော်တော်လေးကြာပြီ ဒါကိုတောင်သူအခုထိမအိပ်ပျော်သေးဘူး...ဘာတွေမှားနေလို့လဲ...သူမိနစ်အနည်းငယ်ကြာတိုင်း တစ်ခါဟိုလှည့် ဒီလှည့်လုပ်နေရတယ် အဲ့တာလည်းမအိပ်ပျော်သေးဘူး သူတစ်ဖြည်းဖြည်း ပူပြီးလည်ချောင်းတွေတောင် ခြောက်ကပ်လာတယ်။
စုပေတဖြည်းဖြည်းသံသယတွေဝင်လာတယ်။ သူခုနလေးကတင် စွပ်ပြုတ်ကိုသောက်လာတာ စွပ်ပြုတ်ကငန်နေလို့ သူရေဆာလာတာဆိုရင်တော့တစ်မျိုးပေါ့... ဒါပေမယ့်အရမ်းကြီးလည်းငန်မနေပါဘူး အဲ့တာကိုသူဘာလို့ရေအရမ်းဆာလာရတာလဲ ....
သူတစ်ခုခုမှားနေသလိုခံစားလိုက်ရသည်။ သူ. ဟာ အခုနည်းနည်းပြောင်းလဲလာတယ်။နားလည်သွားပြီ နောက်ဆုံးတော့ ဘာမှားနေလဲဆိုတာ အတိအကျကိုနားလည်သွားပြီ...ချင်းကွမ်ရှောင် သူမစွပ်ပြုတ်ထဲကိုတစ်ခုခုထည့်လိုက်တာပဲ ကြည့်ရတာစိတ်ကြွဆေးဖြစ်မယ်ထင်တယ်...
အဲ့ဒါကြောင့် သူမ ဖုန်းရှင်းလန်ကိုအတင်းတိုက်နေတာဖြစ်ရမယ် ဒါပေမယ့် ဖုန်းရှင်းလန်ကငါ့ကိုပြန်တိုက်လိုက်တဲ့အတွက် အခုငါကသူ့ကိုယ်စားခံနေရပြီ... မဆန်းတော့ပါဘူး အဲ့တာကြောင့်သူမက ငါသောက်နေတဲ့အချိန်မှာ သတ်မလိုဖြတ်မလိုကြည့်နေတာကိုး....
စုပေ အိပ်ရာပေါ်မှာ '大' ပုံစံပတ်လက်လှန်ပြီး အိပ်ဖို့ကြိုးစားပေမယ့် အိပ်မရတဲ့အပြင်သူ့မျက်လုံးတွေကတစ်ညလုံးပြူးနေတယ်။ ကံကောင်းစွာနဲ့ သူ့ညီငယ်လေးက အကုန်ထုတ်လွှတ်ပြီး ငြိမ်ကျသွားတယ် တော်သေးတာပေါ့ အကယ်၍သူ့ညီလေးသာမငြိမ်သွားရင် သူ ချင်းကွမ်းရှောင်ကို ရန်သွားတွေ့တော့မှာ အခုတော့လွှတ်ပေးထားလိုက်ပါဦးမယ်.....
နောက်တစ်နေ့နံနက်ခင်း သူတို့မနက်စာစားကြတဲ့အချိန်မှာ စုပေကတော့ ခေါင်းငိုက်စကျပြီးအိပ်ငိုက်နေတယ်။ သူတစ်ညလုံးမအိပ်ခဲ့ရသေးဘူး!! အခုသူ့ပုံစံက မအိပ်ရသေးတဲ့အတွက် မျက်တွင်းဟောက်ပတ်ဖြစ်ကာငိုက်နေတဲ့ ခွေးတစ်ကောင်နဲ့တူတယ်။
ငိုက်ရတဲ့ခံစားချက်က အရမ်းအရသာရှိတယ် မသိရင်လေပေါ်ပျံပြီးတိမ်ဆိုင်တွေကြားထဲရောက်နေသလိုလို.... သူအငိုက်လွန်နေ၍ ဖုန်းရှင်းလန်ပြောနေတာတွေလည်းကြားတစ်ချက်မကြားတစ်ချက်ပဲ.......
"ငါဒီညနေ ညစာစားဖို့ပြန်လာခဲ့မယ် မင်းကိုယ်တိုင်ချက်ထားလိုက်နော်"
စုပေသူ့ခေါင်းကို ပြန်ညှိမ့်ပြနေပေမယ့် ဖုန်းရှင်းလန်ပြောတာတွေကိုလေလုံးကွဲအောင်တောင်ကြားတာမဟုတ်ဘူး......တစ်ချို့တစ်လေလောက်ပဲအစွန်အဖျားလေးကြားလိုက်တာ...
သူ ဖုန်းရှင်းလန်ပြောခဲ့တဲ့စကားတွေကို ပြန်မှတ်မိလိုက်တဲ့အချိန်က နေ့လည်ခင်းတောင်ကျော်သွားပြီ။ ဟုတ်တယ် သူနေ့လည်ထိအိပ်ပျော်သွားတာ အခုတောင် ဖုန်းရှင်းလန်ပြောခဲ့တဲ့စကားတွေ နားထဲကြားယောင်လာလို့နိုးသွားခဲ့တာ....
မကြာခင်ဘဲ ဖုန်းရှင်းလန်ပြန်လာတော့မယ် စုပေအခုမှအိပ်ရာနိုးတဲ့အတွက် ဘာမှမပြင်ဆင်ရသေး....သူတော့သွားပါပြီ စုပေခံစားချက်တွေမကောင်းတော့ဘူး။ ချင်းကွမ်းရှောင်ကလည်းသူ့ကိုထေ့ငေါ့ပြောဆိုတယ်။
"ငါတော့ နင်ချက်ပြုတ်နိုင်မယ်မထင်ဘူး အဲ့တော့ နင်မစ္စတာဖုန်းကိုတောင်းပန်ပြီးထွက်သွားလိုက်တာ ကောင်းမယ်ထင်တယ်နော် ငါသာနင့်နေရာမှာဆိုရင် ရှက်လွန်းလို့ဒီမှာနေရဲတော့မှာမဟုတ်ဘူး"
စုပေ ဣန္ဒြေသိက္ခာရှိတဲ့အမူအရာနဲ့နေပြီးခေါင်းခါပြလိုက်တယ်။
"ငါမင်းကိုပြောမယ် မင်းဘာတွေတွေးနေတာလဲ မင်းမသိဘူးလား ငါကမင်းမဟုတ်ဘူး ပြီးတော့ ငါကအရေထူလွန်းတယ်လေ"
ကြည့်ရတာ သူနောက်ဆုံးဝှက်ဖဲကိုထုတ်သုံးရတော့မယ်ထင်တယ်။ နောက်ဆုံးဝှက်ဖဲကတော့ အစားအသောက်မှာတာပါပဲ ဟုတ်ပါတယ် စုပေသူ့ဖုန်းကိုထုတ်ပြီး ဖုန်းနံပါတ်အချို့ကိုရိုက်နှိပ်ကာ အစားအစာတစ်ချို့မှာယူလိုက်တယ်။
ကြယ်ငါးပွင့်ထိပ်တန်း ဝန်ဆောင်မှုကတကယ့်ကိုအံ့သြဖို့ကောင်းတယ်။ မှာယူပြီး သိပ်မကြာခင်မှာပဲ အစားအစာတွေလာပို့ပေးတယ်။
ချင်းကွမ်းရှောင်ကတော့ စုပေလုပ်နေပုံတွေကိုကြည့်ပြီး အံ့သြလွန်းလို့မေးရိုးတောင် အောက်ပြုတ်ကျသွားသည်။
"မစ္စတာဖုန်းက နင့်ကို ကိုယ်တိုင်ချက်ခိုင်းတာလေ နင်ကဘယ်လိုလုပ် အခြားနေရာကနေမှာရဲရတာလဲ"
စုပေ - "..... ပိုက်ဆံ....နင်ပေးလိုက်"
ချင်းကွမ်းရှောင် သူ့စကားကြောင့် ဒေါသထွက်ကာသွေးတက်မလိုတောင်ဖြစ်သွားသည်။
"ဘာကိစ္စငါကပေးရမှာလဲ မှာတာကနင်လေ ငါမှာတာမှမဟုတ်တာ"
"ငါ့မှာပိုက်ဆံမရှိဘူး"
စုပေအကျိုးသင့် အကြောင်းသင့်ပြောပြတယ် ဟုတ်တယ်လေ သူအခုအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့အိမ်ပေါ်ကဆင်းလာရတာ....
နောက်ဆုံးတော့လည်း ချင်းကွမ်းရှောင်ပဲတွန့်ဆုတ်တွန့်ဆုတ်နှင့် ငွေပေးချေလိုက်ရတော့သည်။ စုပေ လာပို့တဲ့သူထွက်သွားတာနဲ့ချက်ချင်း ပါကင်ထုတ်ထားတာတွေကိုဖွင့်တယ်။ သူဒီအစားအသောက်တွေကို ပန်းကန်ထဲလှယ်ထည့်ပြီး ပါကင်တွေကိုလက်စဖျောက်ပစ်မှ မဟုတ်ရင် လူလည်ကြီး ဖုန်းရှင်းလန်သိသွားလိမ့်မယ်။
ထို့အတူပဲ ချင်းကွမ်းရှောင်ကလည်း စုပေဒီလိုလုပ်တာတွေကို ဘယ်လိုအမှန်အတိုင်းဖွင့်ပြောရမလဲလို့စဥ်းစားနေတယ်။ သူမ မှာအကြံတွေမရှိဘဲ ဒီတိုင်းငွေပေးချေလိုက်မယ်များထင်နေလား ...မရပါ သူမစုပေကိုကောင်းကောင်းချောက်တွန်းရမည်။
သူတို့နှစ်ယောက်လုံးက မကောင်းတဲ့အကြံဥာဏ်တွေကို ရင်ဝယ်ပိုက်ပြီး ဖုန်းရှင်းလန်အိမ်ပြန်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေကြတယ်။
ဖုန်းရှင်းလန် စားပွဲပေါ်မှာထိုင်ပြီး ဟင်းပွဲတွေကိုတစ်ချက်လှမ်းကြည့်ပြီး သူ့မျက်လုံးထဲမှာအရိပ်အယောက်ျစ်ချို့လက်သွားတယ်။
ဒါကိုမသိတဲ့စုပေက သရုပ်ဆောင်လိုက်တယ်။
"မြည်းကြည့်ပါဦး ကျွန်တော်ဒါတွေကိုအချိန်အကြာကြီးသုံး..........."
ဖုန်းရှင်းလန် သူ့ဖုန်းထဲကဓါတ်ပုံတစ်ချို့ကိုဖွင့်ပြီးစားပွဲပေါ်တင်လိုက်တယ်။ အဲ့ဒီ့ပုံက တောင်ကုန်းပေါ်ကဆင်းသွားတဲ့ပစ္စည်းပို့သမားတစ်ယောက်ရဲ့နောက်ကျောကိုရိုက်ထားတာ....ဖုန်းရှင်းလန် သေချာသိပြီးပြီ ဒါပေမယ့် အခုထိဘာမှမသိ ဘာမှနားမလည်တဲ့လေသံလေးနဲ့ပြောလိုက်တယ်။
"ဒီတောင်ကုန်းပေါ်မှာ စံအိမ်တစ်ခုထဲပဲရှိတာ......"
______________________________________
လူလိမ်လေးကတော့ အမြဲတမ်းကလိမ်ကကျစ်ကြနေတော့တာပဲ😂😂
There is No Eng Version