no
နိဂုံး 🔞
ဒေါက် ဒေါက်...
စားပွဲခုံကို ခေါက်နေသော အသံကြောင့် ဝူဟျွန်း ခေါင်းထောင်ကြည့်လိုက်သည်။ ဒါဟီးက စားပွဲပေါ်တွင် ထိုင်နေ၏။
"ကျွန်မတို့ ဆိုင်ပိတ်ချိန်ရောက်ပါပြီ။"
"လုပ်ပါဗျ။ ကျွန်တော်က ချစ်သူအလုပ်ဆင်းတာကို စောင့်ရမှာမို့လို့ပါ။"
ဘာမှမသိဟန်ဆောင်ပြီး ပြောလိုက်သော ဝူဟျွန်း၏စကားကြောင့် ဒါဟီး၏ နှုတ်ခမ်းများက မျဉ်းကြောင်းရှည်တစ်ခုအလား ဆန့်တန်းသွားသည်။ ဝူဟျွန်းက စာအုပ်ကိုပိတ်ပြီး ဒါဟီးကို ဆွဲယူလိုက်၏။ ပိန်သွယ်သော ခန္ဓာကိုယ်ဖြစ်၍ အားသိပ်မစိုက်ရဘဲ ချက်ချင်း ပါလာသည်။ ဝူဟျွန်းက ခေါင်းငဲ့ပြီး ဒါဟီးကို ကြည့်လိုက်သည်။ ဒါဟီးက ညင်သာစွာပြုံးရင်း သူ့ကို ကြည့်နေ၏။
"အနမ်း။"
ဝူဟျွန်းက ဒါဟီး၏ခါးကို ဖက်ထားလျက် တောင်းဆိုလာသည်။
"ဟင့်အင်း။ ဒီနေ့ မလုပ်ဘူး။"
ဒါဟီးက ပြတ်ပြတ်သားသား ငြင်းခဲ့သည်။ ထိုအခါ ဝူဟျွန်း၏ ခေါင်းက ငဲ့စောင်းသွား၏။
"ဘာလို့လဲ။"
"မနေ့က မလုပ်ပါနဲ့လို့ ပြောထားတာတောင် ရင်ဘတ်ကို ကိုက်ခဲ့တယ်လေ။"
"ဒါဆို နမ်းရုံပဲ နမ်းရအောင်။"
"မလုပ်ချင်ဘူး။"
နောက်ထပ် 'နမ်းရုံပဲ' ဆိုသည့် စကားနှင့် အရူးလုပ်မခံတော့သည့် ဒါဟီးကိုကြည့်ရင်း ဝူဟျွန်းက ခပ်တိုးတိုးရယ်ခဲ့သည်။
"ဒီနေ့ ကိုယ့်အိမ်မှာအိပ်သွား။"
ဝူဟျွန်းက ဒါဟီး၏ လက်ကို ဖွဖွလေးနမ်းရင်း တီးတိုးပြောခဲ့သည်။ ဒါဟီး ငြင်းဖို့ပြင်လိုက်ချိန်တွင်...
"ငြင်းရင် မင်းအိမ်ကို လိုက်ခဲ့မှာ။"
ဒါဟီးက သူ့လက်ဖမိုးနှင့် လက်ဖဝါးကို ဆက်တိုက် နမ်းရှုံ့နေသော ဝူဟျွန်း၏ ဘေးတစ်စောင်းပုံကို ကြည့်လိုက်သည်။ ၂ နှစ်ကြာ တွဲခဲ့ပြီးသည့်နောက်တွင် ဝူဟျွန်းက ပြောသည့်အတိုင်းလုပ်တတ်သည့် လူတစ်ယောက်ဖြစ်ပြီး၊ ယဉ်ကျေးသိမ်မွေ့သော ရုပ်ရည်နှင့်မတူစွာ ခေါင်းမာသည့်စိတ်နေစိတ်ထားတစ်မျိုးရှိသူဖြစ်ကြောင်း သိခဲ့ရပေပြီ။
ထို့အပြင် ဒါဟီးအိမ်ကို အထူးတလည် နှစ်သက်ပြီး ဒါဟီး၏အိမ်တွင်ဆိုလျှင် ဒါဟီးကို တစ်ချက်လေးတောင် အလွတ်မပေးပေ။ အလုပ်များသော ဝူဟျွန်း၏အိမ်သို့ သွားရခြင်းက ဒါဟီးအတွက် ပို၍ပင် လွတ်လပ်မှုရှိ၏။
ဒါဟီးက လက်ကိုမြှောက်ကာ ဝူဟျွန်း၏ ဆံပင်များကို သပ်တင်ပေးလိုက်သည်။ နူးညံ့သော ဆံပင်များက လက်ချောင်းများကြားမှ တဖြည်းဖြည်း စီးဆင်းသွား၏။ တိတ်ဆိတ်ငြိမ်သက်သော ညတစ်ညဖြစ်ပေသည်။ ဤတိတ်ဆိတ်မှုတွင် နစ်မြုပ်ပျောက်ကွယ်သွားရလျှင်ကောင်းမည်ဟု ထင်ရလောက်အောင်ပင်။
"ဟုတ်လေပြီ၊ သွားကြတာပေါ့။ အရင်ဆုံး ဆိုင်ပိတ်ရဦးမယ်။"
"အင်း။"
သဘောတူလိုက်သည့် အဖြေနှင့်မတူစွာ ဝူဟျွန်းက ဒါဟီး၏လက်ကို အလွန်တရာ ဖြည်းညှင်းစွာ လွှတ်ပေးခဲ့သည်။ ဒါဟီးက ဘေစင်ဆီသို့ လျှောက်သွားကာ စိုနေသော ပန်းကန်များကို သန့်ရှင်းသောပဝါဖြင့် သုတ်လိုက်သည်။ ပန်းကန်သုံးလုံးခန့်သာ ကျန်တော့ချိန်တွင် ရုတ်တရက် ဘေစင်ဘက်မှမီးများ ပိတ်သွားတော့၏။
"ဟင်။"
ဒါဟီး ကိုယ်ကို လှည့်လိုက်ချိန်တွင် မှောင်မည်းနေသော အမှောင်ထုထဲမှ ခြေလှမ်းကျဲများဖြင့် လျှောက်ထွက်လာသော လူက ဒါဟီး၏ နှုတ်ခမ်းများကို အုပ်မိုးသိမ်းပိုက်ခဲ့သည်။ တစ်ဆက်တည်းမှာပင် တီရှပ်လေးလည်း အပေါ်သို့ လိပ်တက်သွားတော့၏။ တားဆီးရန်ပင် အချိန်မရှိလိုက်။ ဘေစင်ကို ဆုပ်ကိုင်ပြီး ဟန်ချက်ထိန်းရန်ပင် ခက်ခဲလောက်အောင် ဝူဟျွန်းက အတင်းတွန်းခဲ့သည်။
"ဟား၊ ဝူဟျွန်း၊ အဲ့ဒီလို..."
ဒါဟီး၏ စကားများက ဝူဟျွန်း၏ ပါးစပ်အတွင်းသို့ ကြေမွပျောက်ကွယ်သွား၏။ ဝူဟျွန်း၏ လက်က ဒါဟီး၏ ဘရာကို ဖြုတ်လိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ဒါဟီး၏ ရင်သားများ ပေါ်လာတော့၏။
"မလုပ်ဘူးလို့ ပြောထားတယ်လေ။ အွန့်..."
ဒါဟီး ပင့်သက်ရှိုက်လိုက်မိ၏။
"အိမ်မှာ မလုပ်ဘူးလို့ ပြောခဲ့တာလေ၊ ဒီမှာမှ မဟုတ်တာ။"
ညစ်ကျယ်ကျယ် ပြန်ပြောလာသော ဝူဟျွန်းက ဒါဟီး၏ ရင်သားများကို ပါးစပ်ဖြင့်ငုံခဲ့သည်။ ဒါဟီးက သူ့နို့သီးလေးများကို ခေါင်းမာစွာ လျှာဖြင့်လျက်နေသော ဝူဟျွန်းကိုကြည့်ရင်း မျက်လုံးများကို မှိတ်လိုက်၏။ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာ၍ နောက်ထပ် ဘာစကားမှ မပြောနိုင်တော့။ ပေါင်အတွင်းပိုင်းကို ပွတ်သပ်နေသော လက်၊ နို့သီးခေါင်းများကို လျှာဖြင့် လျင်မြန်စွာ လျက်နေသော အပြုအမူကြောင့် ဒါဟီး၏ လက်ဖျားလေးများမှ အားများ တဖြည်းဖြည်း ကုန်ဆုံးသွားရတော့၏။ ဝူဟျွန်း၏ လက်က ဒါဟီး၏ ဘောင်းဘီဇစ်ကို ချက်ချင်းဖွင့်ပြီး တစ်ခါတည်း ဆွဲချွတ်ခဲ့သည်။ သူက ဒါဟီး၏ ကိုယ်ကို ဆွဲလှည့်ကာ တစ်ခါတည်း ဆောင့်သွင်းလေ၏။
"အား"
တင်းကျပ်သော ခံစားမှုကြောင့် ဒါဟီးလည် တိုပြတ်ပြတ် တစ်ချက်ညည်းလိုက်ရင်း ဘေစင်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ ထို့နောက် တဇွက်ဇွက် အသံများနှင့်အတူ အောက်ပိုင်းက ပူနွေးလာတော့သည်။ ဝူဟျွန်းက ဒါဟီး၏ ရင်သားများကို ညှစ်ထားသလိုဆုပ်ကိုင်ရင်း ကိုယ်ကို လျင်မြန်စွာ လှုပ်ရှားခဲ့၏။
"အား၊ အား..."
ပူနွေးပြီး စိုစွတ်သော ဒါဟီး၏ အတွင်းသားများက ခေါင်းမူးလောက်အောင် ကောင်းလှသည်။ ပုံမှန်ဆို အေးတိအေးစက်နေတတ်သော ဒါဟီးက တိုးညင်းညင်းညည်းရင်း ပြင်းပြင်းပြပြ လှုပ်ရှားနေသည်ကို မြင်ရသောအခါ ဝူဟျွန်းတစ်ယောက် ရူးမတတ်ဖြစ်သွားရတော့၏။
ဝူဟျွန်း၏ နှုတ်ခမ်းများက နက်ရှိုင်းစွာကွေးနေသော ဒါဟီး၏ ကျောပြင်ဆီသို့ ဦးတည်သွားသည်။
ကျောပြင်တစ်လျှောက် နမ်းရှုံ့နေရင်းကပင် အရှိန်ကို မလျှော့ခဲ့။ ဝူဟျွန်းက တစ်ကိုယ်လုံးကို အသုံးပြု၍ ဒါဟီးကို ထိတွေ့ခံစားခဲ့သည်။ မို့မောက်ပြည့်ဝန်းသော ရင်သားများ၊ ဖြောင့်တန်းသော ကျောပြင်၊ ဝင်းလက်နေသော ပခုံးများ၊ သူ၏အရာကို မလွှတ်တမ်း တင်းတင်းညှစ်ထားသော အောက်ပိုင်းအထိပင်။
"အား... အား... အာ့"
ဒါဟီး ခေါင်းကိုငုံ့လိုက်သည်။ ပြင်းထန်စွာ ဆောင့်ဝင်လာသည့်အခါတိုင်း ကျောရိုးတစ်လျှောက်မှ ငယ်ထိပ်အထိ တဆစ်ဆစ် ကျဉ်စိမ့်သွားသည်ကို ခံစားရ၏။ မူးလဲတော့မလားဟု ထင်လိုက်မိချိန်တွင် ဝူဟျွန်းက သူ၏လိင်တံကို ပြန်ဆွဲထုတ်သွားသည်။ ထို့နောက် သူက ဒါဟီးကို ဘေစင်ပေါ်သို့တင်ကာ မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင်လုပ်ပြီး ခြေတံများကို ကားလိုက်သည်။ ဒါဟီး ခြေထောက်ပြန်စေ့ရန် ကြိုးစားလိုက်ချိန်မှာပင် ချက်ချင်းဆိုသလို လျှို့ဝှက်နေရာလေးက လှစ်ဟပေါ်လွင်သွားကာ ဝူဟျွန်းက ပြောလာ၏။
"ကြည့်ချင်တယ်။"
"မလုပ်နဲ့။"
ဒါဟီး အော်ဟစ်လိုက်သော်လည်း ဝူဟျွန်း၏ လက်က သူ့ခြေတံများကို ဆွဲကားထားပြီးပေပြီ။ သူက အလွန်အမင်း ပူနွေးနေပြီဖြစ်သော ဒါဟီး၏ လျှို့ဝှက်နေရာလေးကို ကြည့်ပြီး ဖြည်းညှင်းစွာ ပွတ်သပ်ခဲ့သည်။ ဒါဟီးကို နမ်းရင်း လက်ကိုနောက်ပြန်လှမ်းလိုက်၏။
ရှဲ...
ရေကျသံကို ကြားလိုက်ရသည်။ ဘေစင်တွင် လက်ဆေးပြီးသွားသော ဝူဟျွန်းက ဒါဟီး၏ အတွင်းထဲသို့ လက်ညှိုးကို ထိုးသွင်းခဲ့သည်။ အေးစက်ပြီး တုတ်ခိုင်သော ထူးဆန်းသည့် ခံစားမှုကြောင့် ဒါဟီး ခြေတံများကို ကွေးလိုက်မိသော်လည်း ဝူဟျွန်း၏ လက်ချောင်းလှုပ်ရှားမှုကိုမူ မတားဆီးနိုင်ခဲ့ပေ။
"အား...အား..."
ဝူဟျွန်း၏ လက်ချောင်းများဖြင့် ခေါင်းထဲမှ အရာအားလုံး မွှေနှောက်ခံလိုက်ရသလိုပင်။
တဇွက်ဇွက်အသံများနှင့်အတူ ဒါဟီးက ညည်းလိုက်ပြီး ထိုသို့သော ဒါဟီးကို ဝူဟျွန်းက စူးစူးစိုက်စိုက် ကြည့်ခဲ့သည်။ လက်ချောင်းများသာသုံး၍ လုပ်နေရုံမျှဖြင့် ဒါဟီး တစ်ကိုယ်လုံး အထွတ်အထိပ်သို့ရောက်တော့မလို ခံစားရ၏။
"ဟင့်အင်း၊ မ...မလုပ်နဲ့။"
"ထပ်ပြီးတောင်းပန်။"
"ဟင့်အင်း၊ မ...မလုပ်နဲ့။ အား..."
ဒါဟီးက ဝူဟျွန်း၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။ ဝူဟျွန်း၏ ရှပ်အင်္ကျီလည်း လုံးထွေးကြေမွသွားတော့၏။ ဒါဟီး၏ကိုယ်က အရှေ့သို့ကိုင်းလာရာ ဝူဟျွန်းကို ဖက်တွယ်သလို ဖြစ်သွားသည်။ မလုပ်နဲ့ဟု တောင်းဆို၍ ဖက်တွယ်လေလေ ဝူဟျွန်းက ဒါဟီး ရူးမတတ်ဖြစ်စေမည့်နေရာများကို ဇွဲကောင်းစွာ နှိပ်စက်လေလေပင်။
"အွန်း... အား...ဟင့်အင်း။ မလုပ်နဲ့။"
ဒါဟီးက ခေါင်းကို လျင်မြန်စွာ ခါလိုက်သည်။ ဝူဟျွန်းထံမှ ထွက်ပြေးရန် ရှိသမျှအားအကုန်သုံး၍ အတင်းအကျပ် ရုန်းကန်ခဲ့သော်လည်း ဝူဟျွန်း၏ ရင်ခွင်ထဲမှ မလွတ်မြောက်နိုင်ခဲ့။
"အား...အား..."
ဒါဟီး ဝူဟျွန်း၏ ဦးခေါင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ဒါဟီး၏အတွင်းမှ ချွဲကျိကျိအရည်များ အဆုံးမရှိ စီးဆင်းလာ၏။ လက်ချောင်းများ၏ လှုပ်ရှားမှုကြောင့် နှစ်ကြိမ်တိုင်တိုင် ကာမအထွတ်အထိပ်သို့ ရောက်ရှိသွားသည့် ဒါဟီးတစ်ယောက် အားမရှိစွာ ဝူဟျွန်း၏ ပခုံးပေါ်သို့ မှီလိုက်မိသည်။
"ဒီလောက်နဲ့ လဲသွားလို့ဘယ်ဖြစ်မလဲ။"
"အဲ့ဒီအစား အိမ်မှာပဲလုပ်ပါတော့။"
ဒါဟီးထံမှ သူကြားချင်နေသောစကား ထွက်လာ၏။ သို့သော် ဝူဟျွန်း အခက်တွေ့နေရပေပြီ။ ဒါဟီးကို နှိပ်စက်ရန်လုပ်ခဲ့သည့် လုပ်ရပ်များက သူ့ကိုယ်သူ ပြန်နှိပ်စက်သလို ဖြစ်လာသောကြောင့်ပင်။
"ဒီမှာ တစ်ခါပဲ ထပ်လုပ်ပြီးမှ။"
"လဲတော့မလို ဖြစ်နေပြီ။"
"ပွေ့ခေါ်သွားပေးမယ်။"
ယခင်ကလည်း ဤကဲ့သို့ နှစ်ခါဖြစ်ခဲ့ဖူးသည်။ ယဉ်ကျေးသိမ်မွေ့သော်လည်း အိပ်ရာပေါ်တွင်တော့ ထူးထူးခြားခြား ကြမ်းတမ်းတတ်သည့် ဝူဟျွန်းပင်။ ဒါဟီး ဘာမှမပြောနိုင်ခင် ဝူဟျွန်းက ချက်ချင်း ထိုးသွင်းရန်ကြိုးစားခဲ့သည်။ စိုစွတ်နေပြီးသားဖြစ်၍ လွယ်လွယ်ကူကူ ဝင်သွား၏။ သို့သော် ခံစားတုံ့ပြန်နိုင်စွမ်း အလွန်မြင့်နေသော ဒါဟီးတစ်ယောက် ဝူဟျွန်း ထိုးသွင်းလိုက်ရုံနှင့်ပင် အမြင်အာရုံများ ဝါးသွားတော့သည်။
"အား..."
ဒါဟီးက ဝူဟျွန်း၏ဦးခေါင်းကိုဖက်ကာ ကိုယ်တစ်ဝက်မှီထားခဲ့သည်။ ဝူဟျွန်းက လျင်မြန်စွာ လှုပ်ရှားနေ၏။
"အထဲမှာ ပြီးလိုက်မယ်။"
ဝူဟျွန်းက အက်ရှရှအသံဖြင့် မေးခဲ့သည်။ ဒါဟီးက မလုပ်နဲ့ဟု ပြောချင်သော်လည်း ထိုသို့လုပ်ရန်ပင် အားမရှိတော့။ တားလျှင်လည်း ရပ်မည့် ဝူဟျွန်းမဟုတ်။ တခြားကိစ္စများတွင် ဒါဟီးစကားကို နားထောင်သော်လည်း ဝူဟျွန်းက sex ကိုတော့ သူလိုချင်သလိုလုပ်ရမှ စိတ်ကျေနပ်တတ်သူပင်။ ပြီးတော့ ငြင်းလိုက်လျှင် အိမ်တွင် သုံးဆပြန်ပြီး လက်စားချေမည်မှာ သေချာသည်။ မဆုံးနိုင်တော့ဘူးဟုထင်ရသည့် လှုံ့ဆော်မှု၏အဆုံးတွင် ဗိုက်ထဲ၌ နွေးခနဲဖြစ်သွား၏။ ရှည်ကြာလှသော ချစ်တင်းနှောမှု၏အဆုံးတွင် ပတ်ဝန်းကျင်လည်း တိတ်ဆိတ်သွားတော့သည်။
"ကတိအတိုင်း ပွေ့ခေါ်သွားတော့။ လမ်းမလျှောက်နိုင်တော့ဘူး။"
ဒါဟီးက ဝူဟျွန်းကို မှီထားလျက်နှင့် တိုးတိုးလေး ပြောလိုက်သည်။
"အင်း။"
ဝူဟျွန်းက ပြုံးပြီး ဒါဟီး၏ နှုတ်ခမ်းလေးကို နမ်းခဲ့သည်။ ပြွတ်ဆိုသည့် အသံကိုကြားရချိန်တွင် ဒါဟီး မျက်လုံးပွင့်သွား၏။ ဝူဟျွန်းက ပြုံးနေခဲ့သည်။ အောက်ပိုင်းကိုတော့ အခုအထိ မထုတ်ရသေးပေ။
"တကယ် တဏှာထန်တာပဲ။"
ဒါဟီးက တီးတိုးပြောလိုက်သည်။
"ထန်တာက အခုမှစမှာ။ ကတိပေးထားတယ်မဟုတ်လား။ အိမ်မှာ လုပ်မယ်လို့။"
ဝူဟျွန်း၏ စကားကို ကြားလိုက်သည်နှင့် ဒါဟီးလည်း အိမ်မှာဖြစ်လာမည့် အခြေအနေများကို အကုန်မြင်နေရသလို မျက်လုံးများကိုမှိတ်လိုက်မိတော့သည်။
~~~~~
"လက်ထပ်ရအောင်။"
ရုတ်တရက် ထွက်လာသော စကားကြောင့် ဒါဟီး ခေါင်းထောင်ကြည့်လိုက်သည်။
အကြာကြီးနေမှ ပထမဆုံးအကြိမ် အတူတူရရှိခဲ့သည့် ပိတ်ရက်တစ်ရက်ပင်။ ပိတ်ရက်များ၌ အမြဲလိုလို ဝူဟျွန်း၏အိမ်တွင် အနားယူကြလေ့ရှိ၏။ အတူတူ ချက်ပြုတ်စားသောက်ကြပြီး၊ အစာကြေစေရန် လမ်းလျှောက်ထွက်ကြကာ၊ အပြန်တွင် ဈေးဝင်ဝယ်ခဲ့ကြသည်။ သို့သော် အစားအသောက်များ မချက်ရသေးခင်မှာပင် အကြိမ်ပေါင်းများစွာ sex လုပ်ခဲ့ကြပြီး မောပန်းစွာ လဲလျောင်းနေစဉ် ဝူဟျွန်းက လက်ထပ်ခွင့်တောင်းခဲ့ခြင်းပင်။
"ဘာဖြစ်လို့လဲ။"
အံ့အားသင့်ပြီး 'ဘာ' ဟု ပြန်မေးလိမ့်မည်ဟူ၍ ခန့်မှန်းထားသော်လည်း 'ဘာဖြစ်လို့လဲ' ဟု ပြန်မေးလိမ့်မည်ဟူ၍ကား တွေးမထားမိသောကြောင့် ဝူဟျွန်းက ထူးဆန်းသောမျက်နှာထားဖြင့် ဒါဟီးကို ကြည့်လိုက်မိသည်။ နေရာမှထလိုက်သော ဝူဟျွန်းက အခုအထိ လဲလျောင်းနေဆဲဖြစ်သော ဒါဟီးကို ငုံ့ကြည့်လိုက်ရာ စောင်ကို ရင်ဘတ်အထိ ခြုံထားသော ဒါဟီး၏ မျက်နှာတွင် ပြင်းထန်သော မရေမရာမျက်နှာထားက သိသာပေါ်လွင်နေ၏။
"ကိုယ်တို့ ချစ်သူသက်တမ်း ၂နှစ်ရှိပြီလေ။ လက်ထပ်သင့်တဲ့ အရွယ်လည်းရောက်ပြီ... အရေးအကြီးဆုံးက ကိုယ် အခုအထိ အီဒါဟီးကို ချစ်နေတုန်းပဲ။"
ဝူဟျွန်း၏ မျက်လုံးများတွင် စိတ်ရင်းအပြည့် ပါဝင်နေ၏။ တစ်ချိန်ချိန် လက်ထပ်ရအောင်ဟု ဆိုနေခြင်းမဟုတ်ဘဲ တရားဝင် ရက်သတ်မှတ်ရန်ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်နှင့် ဒါဟီးလည်း ကိုယ်ကို ထူလိုက်သည်။
"တစ်နှစ်အတွင်း ပြောင်းလဲသွားနိုင်တာကို။"
"အဲ့ဒီစကားကို မနှစ်ကလည်း ပြောခဲ့တယ်လေ။"
"..."
"ကိုယ့်ရဲ့အပူချိန်က မပြောင်းလဲဘူး။ အီဒါဟီးရဲ့ အပူချိန်က တက်လာပေမဲ့ ကိုယ့်လောက်တော့ မတက်ဘူးလေ။ အရေးကြီးတာက ဒီအပူချိန် ကွာခြားမှုကြောင့် ကိုယ်တို့ပျော်ရွှင်ရတယ်ဆိုတာပဲ။"
ဝူဟျွန်း၏ နှလုံးသားက အဖျားငွေ့ငွေ့ရှိသည့် ၃၇.၅ ဒီဂရီ စံနှုန်းထက် ကျော်လွန်သော အပူချိန်ဖြစ်မည်ဆိုလျှင်၊ ဒါဟီးက ထိုထက် မဆိုစလောက်နိမ့်သော ၃၇ ဒီဂရီ ဖြစ်သည်။ သို့သော် ထိုကိန်းဂဏန်းက ဒါဟီးအတွက်တော့ လုံးဝနိမ့်သည့်အတိုင်းအတာ မဟုတ်ကြောင်း ဝူဟျွန်း သိ၏။ ဒါဟီးက တစ်စုံတစ်ယောက်ကို မချစ်နိုင်တာ မဟုတ်ဘဲ အချစ်ကို အင်မတန်ဖြည်းညင်းစွာ မွေးမြူပျိုးထောင်တတ်သော လူစားမျိုးဖြစ်ပြီး၊ ထိုအချစ်ကို ဖော်ပြရန်အခက်တွေ့တတ်သူပင်။ ထို့အပြင် တစ်ဖက်လူကို လေးစားခြင်း၊ နားလည်ပေးခြင်း၊ ဂရုစိုက်ခြင်းက ဒါဟီး၏ ချစ်ပုံချစ်နည်းဖြစ်သောကြောင့် တစ်ခါတစ်ရံ စိတ်မဝင်စားဘူးဟူ၍ ထင်ရလောက်အောင်ပင် တည်ကြည်လေးနက်လှသည်။ ထိုစိတ်နေစိတ်ထားကို ဝူဟျွန်းက လျင်မြန်စွာ သတိပြုမိခဲ့ပြီး ထိုအချက်ကပင် ဝူဟျွန်း၏စိတ်ကို ပို၍ဆွဲဆောင်ခဲ့၏။
ဝူဟျွန်းသည်လည်း ဒါဟီးကို ချစ်ရင်းကနေ သူက 'ကိုယ့်ဘက်က ပိုချစ်ရသော အချစ်မျိုး' နှင့် ပိုပြီးသင့်တော်ကိုက်ညီကြောင်း သဘောပေါက်ခဲ့ရသည်။ ပုံမှန်အားဖြင့် ပေးဆပ်ရသည့် အချစ်မျိုးနှင့် လိုက်လျောညီထွေဖြစ်သည့် သူက လက်ခံရုံသာ လက်ခံရသော အချစ်မျိုးကို ရရှိခဲ့သောကြောင့် အံဝင်ခွင်ကျမဖြစ်နိုင်ခဲ့ပေ။ ထိုရှုထောင့်မှကြည့်လျှင် ဝူဟျွန်းနှင့် ဒါဟီးက လုံးဝ လိုက်လျောညီထွေဖြစ်သော ဆက်ဆံရေးပင်။
"လက်ထပ်ရအောင်။"
ဝူဟျွန်းက သူ့လက်ဖဝါးဖြင့် အိပ်ရာကိုထောက်ကာ ဘေးတစောင်းအနေအထားဖြင့် တစ်ကြိမ်ထပ်ပြောခဲ့သည်။
"လက်ထပ်ရင် ကလေးရောယူမှာလား။"
"တစ်ယောက်လောက်ပေါ့။"
"နှစ်ယောက်ရော။"
"ကိစ္စမရှိဘူး။ ကလေးထိန်းရတာ ပင်ပန်းရင် ကလေးထိန်းဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် လိုအပ်သမျှ အကုန်လုပ်ပေးမှာမို့လို့ မင်း စိတ်တိုင်းကျသလိုသာလုပ်။"
သူ့ကို လက်ထပ်ရုံပဲလက်ထပ်ပေးမည်ဆိုပါက သူ့ပိုင်ဆိုင်မှုအားလုံးကို ပေးတော့မလို ပြုမူနေသော ဝူဟျွန်းကို ဒါဟီးက အသာလေး ကြည့်နေလိုက်သည်။ ထို့နောက် အလေးအနက် စဉ်းစားလိုက်၏။ လက်ထပ်လိုက်လျှင် လက်ရှိဘဝနှင့် သိပ်ကွာခြားမည်တော့မဟုတ်ပေ။ ဒါဟီးအိမ်ထောင်ပြုမည်ကို အသည်းအသန် မျှော်လင့်နေပြီး အခုနောက်ပိုင်း ဘာသာရေးဘက်ကို လှည့်နေပြီဖြစ်သည့် မိခင်ဖြစ်သူလည်း ပျော်ရွှင်လိမ့်မည်။ ထို့ထက် ဝူဟျွန်း၏ မိသားစုကလည်း သဘောကျမည်မှာ သေချာ၏။ သို့သော် ဆုံးဖြတ်ချက်ချရာတွင် အဓိက အတားအဆီးတစ်ခု ရှိနေသည်။
"စဉ်းစားကြည့်မယ်လေ။ လောလောဆယ်တော့ ဆိုင်းငံ့ထားမယ်။"
ဒါဟီးက အလေးအနက် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ဆိုင်းငံ့ထားရတဲ့ အကြောင်းရင်းက။"
ဒါဟီး ချက်ချင်း သဘောတူမည်ဟု မထင်ထားသောကြောင့် ဝူဟျွန်းက တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။ ဒါဟီးက အလေးအနက် စဉ်းစားပြီး ပြန်ဖြေခဲ့၏။
"အတူတူနေရင် ကျွန်မ အသက်တိုသွားလိမ့်မယ်ထင်တယ်။"
"အသက်တိုမယ်။"
ဝူဟျွန်းက မျက်ခုံးများကိုကျုံ့ကာ ပြန်မေးခဲ့သည်။
"ဒီလိုသာ sex လုပ်နေရင် အသက်တိုမယ် ထင်တယ်။ အခုတောင် ပင်ပန်းနေပြီကို လက်ထပ်ရင် ဘယ်လောက်တောင် ပိုပင်ပန်းရမလဲ။"
ဒါဟီးက အင်မတန် အလေးအနက် ပြောနေသောကြောင့် ဝူဟျွန်းတစ်ယောက် ရယ်ပင်မရယ်နိုင်တော့။
"အဲ့ဒါက အကြောင်းရင်းလား။"
"အင်း။ အရေးကြီးတယ်လေ။ ဒါပေမဲ့ ဗိုက်ဆာနေပြီ။ ထမင်းစားရအောင်။"
ဒါဟီးက စကားပြောပြီးသည့်နောက် အိပ်ရာပေါ်မှ ထွက်သွားခဲ့သည်။ ဝူဟျွန်းက သက်ပြင်းချရင်း နားထင်ကို ပွတ်သပ်လိုက်၏။ အကြောင်းရင်းက လုံးဝ ထင်မှတ်မထားသော အပိုင်းပင်။
"...အသက်တိုရင်တောင် ငါပဲ တိုမှာကို။"
ဝူဟျွန်းက နောက်ကျမှ ဒါဟီး ထွက်သွားရာ တံခါးကို ကြည့်ရင်း တီးတိုးရေရွတ်ခဲ့လေသည်။
~~~~~
ထူးထူးခြားခြား လေပြည်လေး တိုက်ခတ်နေသော နေ့တစ်နေ့ပင်။ နှစ်အနည်းငယ်အတွင်း ဥယျာဉ်က ပိုမိုကျယ်ဝန်းလာကာ စိမ်းလန်းစိုပြေလျက်ရှိနေသည်။ ပြတင်းပေါက်ဖွင့်ထားသဖြင့် လေနုအေးလေး တဖြည်းဖြည်း တိုက်ခတ်လာပြီး စာအုပ်စင်ကိုထိကာ ပျောက်ကွယ်သွား၏။ မနက်ပိုင်းတွင် ဧည့်သည်တစ်သုတ် လာသွားပြီးနောက် အားလပ်နေသော နေ့လယ်ခင်းပင်။ ရှားရှားပါးပါး အချိန်ရသဖြင့် စာဖတ်နေသော ဒါဟီးတစ်ယောက် စားပွဲပေါ်သို့ ပျံသန်းလာသော အဖြူရောင်စက္ကူလေယာဉ်လေးကို မြင်လိုက်ရသည်။ ခေါင်းထောင်ကြည့်လိုက်တော့ သူ့ကို ပြန်ကြည့်နေသော ဝူဟျွန်းကို တွေ့လိုက်ရ၏။
"ဘာလေးလဲ။"
"ဖြေကြည့်လေ။"
ဝူဟျွန်း၏ စကားကြောင့် ဒါဟီးလည်း စက္ကူလေယာဉ်ကို ဖြေလိုက်သည်။
[အခု လက်ထပ်ရအောင်။ မင်းနဲ့အတူတူ နိုးထချင်တယ်။]
ဝူဟျွန်း၏ လက်ရေးပင်။ ရယ်စရာကောင်းပြီး အံ့ဩသဖြင့် တစ်ချက်ရယ်လိုက်စဉ် စက္ကူလေယာဉ်လေး နောက်တစ်စင်း ပျံသန်းလာသည်။ ဒီတစ်ခါတော့ ကြမ်းပြင်ပေါ်သို့ ကျသွား၏။ ဒါဟီးက စက္ကူလေယာဉ်လေးကို ဖြေလိုက်သည်။
[တစ်ပတ်ကို ခုနစ်ကြိမ်ပဲ လုပ်တော့မယ်။]
နောက်ဆုံးတော့ တစ်ရက်ကို တစ်ကြိမ်ပဲ လုပ်မည်ဟု ပြောနေခြင်းပင်။ သို့သော် ဝူဟျွန်း၏ ပုံမှန်အလေ့အထကို ကြည့်လျှင်တော့ ဤသည်က တော်တော်လေးကို သမားရိုးကျမဟုတ်သည့် ကမ်းလှမ်းချက်ပင်ဖြစ်၏။ ထို့နောက် စက္ကူလေယာဉ် နောက်တစ်စင်း ပျံသန်းလာပြန်သည်။
ဘယ်နှခုတောင် ပြင်ဆင်ထားတာပါလိမ့်။
ဒါဟီး ဝူဟျွန်းကို ကြည့်လိုက်သော်လည်း သူ့ကျောပြင်က ကွယ်နေသဖြင့် ဘာမှမမြင်ရပေ။ ဒါဟီးက ပျံသန်းလာသော စက္ကူလေယာဉ်လေးကို ဖြေလိုက်သည်။
[ကိုယ့်ရဲ့ပိုင်ဆိုင်မှု၊ ကိုယ့်မှာရှိသမျှ အရာအားလုံး အကုန်ပေးမယ်။ အဲ့ဒါကြောင့် လက်ထပ်ရအောင်ပါ။ ဒါဟီးရယ်။]
[မင်းနဲ့ အတူနေချင်တယ်။]
စက္ကူလေယာဉ်များကို ဖြေကာဖတ်နေစဉ် ဒါဟီး၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ဆန့်တန်းသွားသည်။ ဒါဟီးက ဘောပင်ထည့်ထားသည့်နေရာမှာ ဘောပင်ကို ထုတ်ယူကာ တစ်စုံတစ်ရာကို ရေးခြစ်လိုက်၏။ ထို့နောက် လေယာဉ်ကို ပြန်ခေါက်ပြီး ဝူဟျွန်းဆီသို့ ပစ်လိုက်သည်။ သူ့ခြေထောက်ရှေ့သို့ တိကျစွာ ကျရောက်လာသော လေယာဉ်ကို ကောက်ယူလိုက်သည့် ဝူဟျွန်းက စာလေးကို ဖတ်ပြီး ခပ်တိုးတိုးရယ်ခဲ့သည်။ ဒါဟီးက မေးလေးထောက်ကာ သူ့ဆီသို့လျှောက်လာသော ဝူဟျွန်းကို ကြည့်နေခဲ့၏။
"လက်ထပ်ခွင့်တောင်းတဲ့အခါ လက်စွပ်က အခြေခံပဲလေ။"
စက္ကူလေယာဉ်ပေါ်တွင် ရေးထားသည့် စာသားကို ဒါဟီးက အသံထွက်ပြီးပြောလိုက်သည်။ ဝူဟျွန်းက ခပ်တိုးတိုးရယ်လိုက်၏။
"လက်စွပ်ပေးရင် လက်ထပ်မှာလား။"
ဝူဟျွန်း၏ စကားကြောင့် ဒါဟီး တစ်ချက်ရယ်လိုက်မိသည်။
"ကျွန်မရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ အံဝင်ခွင်ကျဖြစ်တဲ့ လက်စွပ်ဆိုရင်ပေါ့။"
ဝူဟျွန်းက ပြုံးရင်း ဘောင်းဘီအိတ်ထဲမှ ဘူးလေးတစ်ခုကို ထုတ်လိုက်သည်။ ဒါဟီးက အံ့အားသင့်သော မျက်နှာဖြင့် ဝူဟျွန်းကို ကြည့်နေမိ၏။ နောက်ပြောင်ရင်းတစ်ဝက်၊ စိတ်ရင်းတစ်ဝက် ပြောလိုက်သောစကားပင်။ မည်သို့ပင်ဖြစ်စေ ဝူဟျွန်းနှင့် လက်ထပ်ဖို့ စဉ်းစားထားပြီးသားဖြစ်ကာ ဤကိစ္စကို ရက်အနည်းငယ် အချိန်ဆွဲပြီး sex အကြိမ်ရေကို အနည်းဆုံး လူမှုဘဝအပေါ် ထိခိုက်မှုမရှိစေမည့် အကြိမ်ရေအထိ ညှိနှိုင်းဖို့ စဉ်းစားထားခဲ့ရုံသာ။ ဉာဏ်ကောင်းသော ဝူဟျွန်းက တစ်ပတ်ကို ၇ ကြိမ်ဟူသော သင့်တင့်သည့် အကြိမ်ရေကို ကမ်းလှမ်းခဲ့ပြီးပေပြီ။
"ဘယ်တုန်းက ပြင်ဆင်ထားတာလဲ။"
ဒါဟီးက ဘူးနှင့် ဝူဟျွန်းကို တစ်လှည့်စီကြည့်ရင်း မေးလိုက်သည်။
"လက်ထပ်ချင်လာတဲ့အချိန်ကတည်းက။"
"အဲ့ဒါ ဘယ်တုန်းကလဲ။"
"မပြောတတ်ဘူး။"
ဝူဟျွန်းက စကားအဆုံးကို ဆွဲဆန့်ပြောရင်း လက်စွပ်ဘူးကို ဖွင့်လိုက်သည်။ စိန်လက်စွပ်က တလက်လက် တောက်ပနေ၏။ ဝူဟျွန်းက လက်စွပ်ကိုထုတ်ပြီး ဒါဟီး၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်ခဲ့သည်။ ဒါဟီးက စိန်လက်စွပ်နှင့် မိမိ၏လက်သူကြွယ်ကို တစ်လှည့်စီ ကြည့်လိုက်မိ၏။ ချက်ချင်းဆိုသလို လက်သူကြွယ်ပေါ်သို့ လက်စွပ်လေး ဝင်သွားသည်။ ကွက်တိအံဝင်ခွင်ကျပင်။ ဒါဟီးလည်း ဆတ်ခနဲတွန့်သွားကာ အံ့အားသင့်သော မျက်နှာဖြင့် ဝူဟျွန်းကို ကြည့်လိုက်မိတော့သည်။
"လက်စွပ်ဆိုဒ်တိုင်းထားတာက လွန်ခဲ့တဲ့တစ်နှစ်ကတည်းက။"
ထိုအချိန်ကတည်းက လက်ထပ်ဖို့ စဉ်းစားထားသည်ဟု ပြောနေခြင်းပင်။ ဒါဟီးက လက်စွပ်ကို ကြည့်နေရာမှ ခေါင်းထောင်လိုက်သည်။
ပြွတ်ဟူ၍ နှုတ်ခမ်းများ ထိတွေ့ကာ ပြန်ခွာသွား၏။
"အခု၊ လက်ထပ်တော့မှာနော်။"
ပြန်မရုပ်သိမ်းနိုင်တော့ဘူးဟု ပြတ်သားစွာ ပြောနေသည့် ဝူဟျွန်းကိုကြည့်ရင်း ဒါဟီး ပြုံးလိုက်မိ၏။ ဒါဟီးက အဖြေမပေးဘဲ နေရာမှထရပ်ပြီး ဝူဟျွန်း၏ လည်တိုင်ကို ဆွဲယူခဲ့သည်။ အနမ်းဖြင့် အဖြေပေးနေသော ဒါဟီးကို ကြည့်ရင်း ဝူဟျွန်းတစ်ယောက် တစ်ချက်လေး အံ့အားသင့်သွားသလို ရပ်တန့်နေမိရာမှ ခါးကို ကိုင်းညွှတ်လိုက်၏။
လတ်ဆတ်သော လေပြည်လေး တိုက်ခတ်လာသည်။
လက်ထပ်ခွင့်ပန်ရန် အကောင်းဆုံး အချိန်ပင်။
[ပြီးပါပြီ။]
~~~~~
အားလုံးပဲ ဇာတ်လမ်းလေးကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
တန်းလန်းဖြစ်နေတဲ့ fantasy ဆန်ဆန်၊ dark ဖြစ်ဖြစ်၊ အလောင်တစ်လိုင်း ဇာတ်လမ်းတွေ ပြန်မစခင် အရင်အမောဖြေထားလို့ရအောင် အေးအေးငြိမ့်ငြိမ့် ဇာတ်လမ်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်တာပါ။
Miel လည်း သဘောကျပြီး ကောက်ကာငင်ကာ ဘာသာပြန်ချင်စိတ်ပေါ်လာတာလည်းပါတာပေါ့နော်။
တန်းလန်းဖြစ်နေတဲ့ ဝတ္ထုတွေကိုလည်း မကြာခင် update ပုံမှန် ပြန်တင်ပေးသွားမဲ့အကြောင်း သတင်းကောင်းပါးပါရစေ။
Miel's translations ကို ဒီဝတ္ထုနဲ့မှစပြီးသိတဲ့ စာဖတ်သူတွေကလည်း Miel တင်ထားတဲ့ တခြားသော ဘာသာပြန်ဝတ္ထုတွေကို မြည်းစမ်းဖတ်ရှုကြည့်နိုင်ပါတယ်ရှင့်။
ဒါဆို အားလုံးပဲ update အသစ်တွေနဲ့ ပြန်တွေ့ကြမယ်နော်~~~
~~~~~
Miel's Translations
There is No Eng Version