no

Font
Theme

လူအများစုသည် သေဆုံးသူများကို မြင်ဖူးကြသော်လည်း တင်းကန်၏သေဆုံးမှုသည် အလွန်ဆိုးရွားသောကြောင့် မျက်နှာပျက်ပြီး လည်ချောင်းထဲတွင် ပျို့အန်ချင်သကဲ့သို့ ခံစားလာရသည်။


အချိန်အတော်ကြာပြီးနောက် လူတစ်ဦးက သတိကပ်လာပြီး စကားပြောကာ ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ 

"တင်း အစ်ကိုကြီးတင်းက နတ်ဆိုးကျင့်ကြံသူနဲ့ တွေ့ခဲ့တာများလား?"


ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသောသေဆုံးနည်းလမ်းကို နတ်ဆိုးကျင့်ကြံသူမှသာ လုပ်ဆောင်နိုင်မည်မဟုတ်ပါလား? လူတိုင်း အံ့အားသင့်သွားကြသည်... 

ဒီအနီးအနားမှာ တကယ်ပဲ နတ်ဆိုးကျင့်ကြံသူတွေ ရှိနေနိုင်သလား? မဖြစ်နိုင်ဘူး!


လူတိုင်း အနည်းငယ် ထိတ်လန့်နေချိန်တွင် ကြည်လင်အေးစက်သောအသံတစ်ခု ထွက်ပေါ်လာ၏။ 

"ဒါ နတ်ဆိုးကျင့်ကြံသူလက်ချက်မဟုတ်ဘူး။"


လူတိုင်း အသံလာရာကို လိုက်ကြည့်လိုက်သောအခါ ကျီဖန်းဖန်းသည် တစ်ချိန်ချိန်တွင် ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးသည် သူရဲကောင်းဆန်သောမျက်လုံးများဖြင့် တည်ငြိမ်စွာထိုင်နေ၏။ အခြားတစ်ဖက်ကလူတိုင်းကို မျက်နှာမူကာ သွေးစွန်းသောဒဏ်ရာကို ညွှန်ပြပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီလိုမျိုးဒဏ်ရာက သားရဲတွေ ကိုက်ဖြတ်ထားတာလေ။ ရှင်းနေတာပဲ" 


လူတိုင်း: "..."


သူသည် အလောင်းကို လှန်လိုက်ပြီး စုတ်ပြဲနေသောဝတ်ရုံကို ဆုတ်ဖြဲလိုက်ကာ အလောင်း၏နောက်ကျောရှိ သွေးစွန်းသော အပေါက်ကို ဖော်ထုတ်လိုက်ပြီး မျက်မှောင်ကြုံ့ကာ အလေးအနက်ထား၍ ခွဲခြမ်းစိတ်ဖြာနေသည်။ 

"သားရဲက နောက်ကနေ တိုက်ခိုက်ခဲ့ပုံရတယ်။ ပြီးတော့ တင်းကန် အဆင်အသင့်မဖြစ်တဲ့အချိန်မှာ သတ်ခံခဲ့ရတာ။ ဒါပေမဲ့ သားရဲက အလောင်းရဲ့တစ်ဝက်ကိုပဲ စားသွားတာဆိုတော့ အခုထိ ဒီအနီးအနားမှာ လျှောက်သွားနေလောက်တယ်"


လူတိုင်း: "!!"


လူတိုင်းသည် ခြေဖဝါးမှ အေးစိမ့်သောခံစားချက်ကို ခံစားလိုက်ရပြီး ပတ်ဝန်းကျင်ရှိ နက်ရှိုင်းသောချုံပုတ်များကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သားရဲများသည် သူတို့ကို စိုက်ကြည့်နေသကဲ့သို့ခံစားရပြီး ရုတ်တရက် မကောင်းသောခံစားချက်များ ဖြစ်ပေါ်လာ၏။


ကျင်းတန်အဆင့်၏ဆရာတစ်ဦးဖြစ်သော တင်းကန်သည် ရှင်းနင်းခရိုင်တွင် အတော်အတန်နာမည်ကြီးသူဖြစ်ပြီး သူသည်ပင် မလွတ်မြောက်နိုင်ခဲ့ပေ။ ဤနေရာတွင် ကျီဖန်းဖန်းတစ်ဦးသာ ရှိပြီး သားရဲများ၏တိုက်ခိုက်မှုကို သူ တားဆီးနိုင်မည် မဟုတ်ပေ။


ရှင်းယွဲ့နန်းတော်မှတပည့်နှစ်ဦးလည်း အနည်းငယ်စိတ်လှုပ်ရှားနေသော်လည်း သူတို့သည် လူတိုင်းကို အားပေးနှစ်သိမ့်နေဆဲပင်။ 

"စိတ်မပူပါနဲ့ ဒီမှာ သားရဲတွေရဲ့ တည်နေရာကို အစ်ကိုကြီးရွှေကို သတင်းပို့လိုက်ပါ့မယ်။"


ဖန်းလီသည် ကျီဖန်းဖန်းကို လေးစားသောမျက်လုံးများဖြင့် တစ်ချက်ကြည့်ကာ နှုတ်ခမ်းထောင့်ကိုပင့်လိုက်ပြီး ရုတ်တရက် ပျင်းရိသောအသံဖြင့် မေးလိုက်၏။ 

"အစ်ကိုကြီးတင်းက ဘာလို့ ဒီမှာ တစ်ယောက်တည်းရှိနေတာလဲ?"


လူတိုင်းသည် သားရဲများက လူများကို နာကျင်စေသောစိုးရိမ်ပူပန်မှုတွင် ရှိနေဆဲဖြစ်ပြီး ရုတ်တရက် လူတစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရကာ ထိုမိုက်မဲသေ လူငယ်ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် သွားကိုက်လာသကဲ့သို့ ချက်ချင်းခံစားလိုက်ရသည်။ သို့သော် စဉ်းစားကြည့်သောအခါ ဤလူငယ်၏ မေးခွန်းသည် အမှန်ပင် သံသယဖြစ်ဖွယ်အတိ။


ထွက်ခွာချိန်မတိုင်မီ ရှင်းယွဲ့နန်းတော်သည် သားရဲများမှာအန္တရာယ်ရှိသောကြောင့် တစ်ဦးချင်းမလုပ်ဆောင်ရန် လူတိုင်းကို ထပ်ခါတလဲလဲမှာကြားထားသော်လည်း တင်းကန်သည် ဤနေရာတွင် တစ်ယောက်တည်းဘာကြောင့်သေဆုံးနေရသနည်း။


မီးထွန်းတိုင်တစ်တိုင်ခန့် ကြာပြီးနောက် သတင်းရရှိသောလူအုပ်စုတစ်စုက အလျင်အမြန် ရောက်လာကြသည်။ သူတို့သည် ဤနေရာနှင့် အနီးဆုံးတွင်ရှိသော တင်းကန်၏အဖွဲ့ဝင်များ ဖြစ်ကြသည်။ တင်းကန်၏ကြေကွဲဖွယ် သေဆုံးမှုကို မြင်ပြီးနောက် လူတိုင်းခမျာ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။


လူတစ်ဦးသည် ဖန်းလီ၏မေးခွန်းကို ပြန်ဖြေလေသည်။ 

"အစ်ကိုတင်းက အလျင်လိုနေတယ်လို့ ပြောပြီး သူတစ်ယောက်တည်း ထွက်သွားခဲ့တာ။ သူ့ကို မစောင့်ဘဲ ကျွန်တော်တို့ကို အရင်သွားခိုင်းတာလေ။ သူ မကြာခင် လိုက်လာမယ်လို့ပြောတယ်။ ဒါပေမဲ့ သူ အချိန်အတော်ကြာ မလာဘူး။ ကျွန်တော်တို့ သူ့ကို ပြန်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ အစ်ကိုကြီးတင်းက..."


မကြာမီ အဖွဲ့ပေါင်းများစွာ တစ်စုပြီးတစ်စုရောက်လာကြပြီး သူတို့ထဲတွင် ရှင်းယွဲ့နန်းတော်၏အကြီးတန်းတပည့် ရွှေချင်းယွမ်၏အဖွဲ့လည်း ပါဝင်သည်။ လူအများအပြားစုရုံးလာသည်ကို မြင်သောအခါ လူတိုင်း၏စိတ်လှုပ်ရှားမှုသည် အတော်အတန်သက်သာသွားသည်ပင်။


ရွှေချင်းယွမ်သည် ရွှေရောင်အနားကွပ်ပါသောအဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထား၏။ သူသည် သိမ်မွေ့တည်ငြိမ်သည်။ ငယ်ရွယ်သော်လည်း ဤနေရာရှိ လူတိုင်း၏အားထားရာဖြစ်သည်။ သူသည် အလောင်းကို တည်ငြိမ်စွာ စစ်ဆေးပြီး ပြောလိုက်၏။ 

"အရင်က သတ်ခံခဲ့ရတဲ့ရွာသားတွေနဲ့ အတူတူပဲ။ အဲဒီသားရဲ လက်ချက်ပဲဖြစ်မယ်" 


ရွှေချင်းယွမ်က နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်၍ လူတိုင်းသည် တကယ်ပင် သားရဲဖြစ်ကြောင်း သံသယမရှိတော့ပေ။


ဤသားရဲသည် ရက်စက်ကြမ်းကြုတ်ပြီး လူပေါင်းများစွာကို ယခင်ကနာကျင်စေခဲ့ကြောင်းသိသော်လည်း တိမ်များကိုမျိုချသော ကံကောင်းစေသည့်သားရဲဟု သံသယရှိသောကြောင့် ရှင်းယွဲ့နန်းတော်က အကူအညီတောင်းရန်အတွက် ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိကြသည်။ အလွန်နည်းသော လူနည်းစုကပင် သူတို့၏စိတ်ထဲတွင် ထိုဘေးအန္တရာယ်များကို ရှင်းယွဲ့နန်းတော်က ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်...။ သို့သော် ယခုကြည့်ရသည်မှာ ဤသားရဲသည် တကယ်ပင်ရက်စက်ကြမ်းကြုတ်ပေသည်။ ရှင်းယွဲ့နန်းတော်က လုံးဝချဲ့ကားပြောဆိုခဲ့ခြင်း မရှိရုံသာမက လျှော့ပေါ့ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။


ဤခရီးသည် သူတို့ထင်ထားသည်ထက် ပိုအန္တရာယ်များ၏။


ရွှေချင်းယွမ်သည် ခဏမျှစဉ်းစားပြီး ပြောလေသည်။ 

"သားရဲတွေက ဒီအနီးအနားမှာ ပုန်းနေတာဖြစ်မယ်။ ဒီည ဒီမှာပဲ စခန်းချမယ်။ ဒါပေမဲ့ ညစောင့်ဖို့ လူတွေ အလှည့်ကျစီစဉ်ရမယ်" 


နောက်ထပ်လူစုကွဲခြင်း မရှိသင့်သည်မှာ မှန်ပါသည်။ လူတိုင်းသည် ရွှေချင်းယွမ်၏စီစဉ်မှုကို သဘောတူပြီး သူတို့တွင် ကန့်ကွက်စရာမရှိကြောင်းဖော်ပြကာ ခေါင်းညိတ်ကြသည်။


ညစောင့်ခြင်းနှင့်ပတ်သက်၍ သားရဲသည် တကယ်တိုက်ခိုက်လာပါက အပြင်ဘက်ဒေသသည် ပထမဆုံး တိုက်ခိုက်ခံရမည်ဖြစ်ပြီး ခဏတာအတွင်း မည်သူမျှ တုံ့ပြန်နိုင်ခြင်းမရှိပေ။


ဖန်းလီသည် နောက်မှတိုးဝှေ့ဝင်လာပြီး ပြုံးလျက် လက်မြှောက်ကာပြောလိုက်၏။ 

"ကျွန်တော် ညစောင့်ဖို့ ဆန္ဒရှိပါတယ်" 


“ဟေ့ ပါးစပ်ဖွင့်လိုက်တိုင်း လည်ချောင်းနာသေမတတ်ဖြစ်နေတဲ့ဒီလူငယ်ကို တာဝန်သိတတ်တဲ့သူလို့ မထင်ခဲ့ဘူး”

ဖန်းလီမှစ၍ ထိုသို့ပြောသောကြောင့် လူများ တစ်ဦးပြီးတစ်ဦး ပြောလာကြပြီး လူဆယ်ဦးကို အမြန်စီစဉ်လိုက်သည်။ ငါးဖွဲ့ခွဲကာ အနီးအနားတွင် အလှည့်ကျတာဝန်ထမ်းဆောင်စေသည်။


ရှဲ့ဟွိုင်နှင့်ဖန်းလီတို့က အဖွဲ့တစ်ခုတည်းတွင် တာဝန်ကျသည်။


ဖန်းလီသည် ရှဲ့ဟွိုင်ကို အံ့အားသင့်စွာတစ်ချက်ကြည့်လိုက်ပြီး ရှဲ့ဟွိုင်သည် သူ့နောက်သို့ လိုက်လာမည်ဟု မထင်ခဲ့သော်လည်း စဉ်းစားကြည့်သောအခါ ရှဲ့ဟွိုင် ဤသို့ပြုလုပ်မည်မှာ အံ့သြစရာမဟုတ်ပေ။ ခေါင်းဆောင်သည် တစ်ယောက်တည်းဖြစ်သောကြောင့် ကိုယ်တိုင်ကိုယ်ကျစောင့်ရှောက်ရန် ထွက်လာခြင်းမှာ စိတ်မချမ်းသာဖြစ်ရ၏။


ဖန်းလီသည် စခန်းအပြင်ဘက်သို့ တဖြည်းဖြည်းရောက်လာသည်။ ဤတောင်တောသည် အလွန်တိတ်ဆိတ်သည်။ လူအုပ်စုနှင့်နှိုင်းယှဉ်လျှင် ဖန်းလီသည် ဤနေရာတွင် ပို၍သက်တောင့်သက်သာရှိသည်ဟု ခံစားရသည်။ သူသည် ပေါ့ပေါ့ပါးပါးကိုယ်နေဟန်ထားကို ပြင်လိုက်ပြီး သစ်ပင်ကို သက်တောင့်သက်သာမှီလိုက်၏။


ညနေပိုင်းတွင် တောထဲ၌ လေအေးတိုက်ခတ်လာကာ ဖန်းလီသည် ငိုက်မြည်းစွာသမ်းဝေလိုက်ပြီး ပျင်းရိနေချိန်တွင် သူ့မျက်လုံးများ ရုတ်တရက်တောက်ပလာသည်။


သူ့ရှေ့ရှိချုံပုတ်များ အနည်းငယ်လှုပ်ရှားသွားပြီး ဖြူဖွေးနေသောယုန်တစ်ကောင် ထွက်လာ၏။ သူသည်လည်း ရုတ်တရက် အနည်းငယ်ဗိုက်ဆာလာသည်။


ဖန်းလီသည် မျက်လုံးကိုကျဉ်းမြောင်းလိုက်ပြီး ကျောက်တုံးတစ်ခုကိကိုင်ကာ ဝှစ်ခနဲ ပစ်လိုက်သည်။ ယုန်သည် ထိုနေရာတွင် လဲကျသွား၍ သူသည် ပျော်ရွှင်စွာလျှောက်သွားလေသည်။


'ပထမဆုံးလုပ်ရမှာက အမွေးတွေကို ဖယ်ရှားဖို့ပဲ' 

သို့သော် ဖန်းလီသည် အချိန်အတော်ကြာအောင် အလုပ်ရှုပ်နေပြီး သူ့ခန္ဓာကိုယ်တွင် သွေးများပေကျံပြီး ရှုပ်ပွနေသော်လည်း ယုန်ကို သန့်ရှင်းအောင်မလုပ်ရသေးပါ။ 

'ကြည့်ရတာ ဆိုးရွားလိုက်တာ။' 

သူသည် စိတ်ဆင်းရဲစွာ မျက်မှောင်ကြုံ့လိုက်သည်။ 

'ယုန်ကို ကင်ဖို့က ထင်သလောက်မလွယ်ဘူးပဲ'


ထိုအချိန်တွင် ဝူယီမေ့ရှိနေပါက အလွန်ကောင်းမည်ဟုတွေးမိသည်။


ဖန်းလီသည် ခေါင်းခါပြီး သက်ပြင်းချကာ တောတွင်းဘဝအတွေ့အကြုံမရှိသောကြောင့် သူ့ကိုယ်သူသာ အပြစ်တင်လိုက်သည်။ သူ၏မျက်လုံးများသည် လေးလံနေပြီး လက်များမှာ နှေးကွေးနေသောကြောင့် ယနေ့ည၏ယုန်ကင်သည် ပြီးဆုံးမည့်ပုံမရပေ...

ဖန်းလီ အူကြောင်ကြောင်ဖြင့်ခေါင်းကြည့်လှည့်လိုက်သည်။


ရှဲ့ဟွိုင်သည် မျက်နှာထားတည်တည်ဖြင့် ယုန်ကို သယ်ဆောင်လာကြောင်း တွေ့လိုက်ရပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောလက်ချောင်းများသည် လျင်မြန်စွာလှုပ်ရှားနေပြီး သုံးလေးချက်အတွင်း အခွံနွှာပြီး သန့်ရှင်းသော ယုန်သည် မီးပေါ်တွင်ကင်ခံနေရသည်။


သူ၏အမြင်တွင် ရှဲ့ဟွိုင်သည် လောကီအာဟာရကိုမစားသော နတ်သားတစ်ပါး၊ နေရောင်ခြည်ကိုသာ သောက်၍ အသက်ရှင်နိုင်သောနတ်သားငယ်တစ်ပါးပင်။ ထိုကဲ့သို့ မြင့်မြတ်ပြီး အပြစ်ကင်းသောသူရဲကောင်းသည် ဤကဲ့သို့သော လောကီအလုပ်ကို တကယ်လုပ်နိုင်ပါသလား?


အမှန်စင်စစ် လူကို အသွင်အပြင်ဖြင့် မဆုံးဖြတ်သင့်ပေ။


ရှဲ့ဟွိုင်၏အဝတ်အစားများသည် အစမှအဆုံး သန့်ရှင်းသပ်ရပ်နေပြီးလက်ချောင်းထိပ်တွင် သွေးစွန်းထင်းမှု အနည်းငယ်သာရှိသော်လည်း ထိုသွေးများကို အလျင်အမြန် သုတ်လိုက်သောကြောင့် ဖန်းလီ၏ကြေကွဲဖွယ်အဖြစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သူသည် မမျှော်လင့်သော၊ အံ့အားသင့်သော ဖန်းလီ၏ မျက်လုံးများကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲရှိ အမူအရာသည် အနည်းငယ်မှိန်သွားပေသည်။


သူ ငယ်ရွယ်စဉ်က ပေါ့ပေါ့ဆဆနှင့် ဆိုးသွမ်းခဲ့ဖူးသောအချိန်များလည်း ရှိခဲ့သည်။ သူ ငယ်စဉ်က မိဘများ၏စည်းကမ်းသည် အလွန်တင်းကျပ်သည်ဟု ခံစားရသဖြင့် ခိုးထွက်၍ကစားခဲ့ဖူးသည်။


သို့သော် လူတို့သည် နောက်ဆုံးတွင် ကြီးပြင်းလာကြပြီး အတိတ်တွင် အမြဲတမ်း နေထိုင်၍မရနိုင်ပေ။


တစ်နေ့တွင် သူ့ကို တင်းကျပ်မည့်သူ မရှိတော့သည်အထိ... သူသည် တစ်ယောက်တည်းဖြစ်ပြီး အမှတ်မထင် ဖြတ်သွားသောဆရာမင်းယင်က ခေါ်သွားခဲ့သည်။ သူ၏ပင်ကိုတောက်ဓမ္မတရားတော်ကြောင့် ဆရာက သူ့ကို တပည့်အဖြစ်လက်ခံခဲ့ပြီး သူ့အပေါ် မျှော်လင့်ချက်များစွာထားခဲ့သည်။ သူသည် ယွမ်ကျန်းကျွယ်၏အစ်ကိုကြီးဖြစ်လာပြီး ဓားတစ်လက်ဖြင့် လောကရှိနတ်ဆိုးအားလုံးကို သတ်ပစ်ရန် ကတိပြုခဲ့သည်။


သူသည် မိမိ၏အဆင့်အတန်းနှင့်အညီ လုပ်ဆောင်တတ်လာပြီး ဖြောင့်မတ်ခြင်း၏စံနမူနာကို ပြသကာ မိမိထမ်းဆောင်ရမည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။


ဤလောကတွင် အချို့သူများသည် မှားယွင်းသောလမ်းသို့ ရောက်သွားသောကြောင့် သာမန်လူများကို ကာကွယ်ရန် တစ်စုံတစ်ဦးရှိရမည်။ မဟုတ်ပါက လူတိုင်း လဲကျရန်ဆန္ဒရှိနေပါက ဤလောကတွင် ငြိမ်းချမ်းမှု ရှိမည်မဟုတ်ပေ။


'မင်းရော ဘာအတွေ့အကြုံတွေက မင်းကို ဒီလိုရွေးချယ်မှုမျိုး လုပ်စေခဲ့တာလဲ။'


ဖူကျိုးတောင် တိုက်ခိုက်ခံရခါနီးတွင် သူသည် ရန်ဆွေးအကြောင်း များစွာကြားခဲ့ဖူးသည်။ ရန်ဆွေးသည် မည်သည့်နေရာမှ လာသည်ကို မည်သူမျှမသိခဲ့ပေ။ နတ်ဆိုးတို့၏လောကကို အုပ်စိုးပြီး ဆိုးသွမ်းဥပဒေမဲ့သော နတ်ဆိုးကျင့်ကြံသူများကို အညံ့ခံစေရန် တစ်ခုတည်းသောနည်းလမ်းမှာ သူတို့ကိုသတ်ပစ်ရန်ဖြစ်သည်။ အရိုးများစွာဖြင့် ဤရာထူး၌ရပ်တည်နေသော ဤလူသည် သံသယဖြစ်ဖွယ်မရှိ၊ အေးစက်ပြီး ရက်စက်သူဖြစ်၏။


သို့သော် သူ၏ရှေ့မှလူသည် အမြဲတမ်းနူးညံ့ပြီး ပေါ့ပေါ့ပါးပါးနေကာ လျစ်လျူရှုတတ်ပြီး သနားကြင်နာတတ်သူပင်။ သူ့လက်ဖြင့် လူသတ်သည်ကို တစ်ခါမှမမြင်ဖူးပါ။


ထိုကဲ့သို့ လုံးဝဆန့်ကျင်ဘက်နှစ်ဘက်လုံးသည် လူတစ်ဦးတည်းတွင် ဘာကြောင့်ပါလာရသနည်း။


ဖန်းလီ၏မျက်လုံးများသည် ယုန်ပေါ်တွင် ရ‌ှိနေသည်။ သူသည် အရသာရှိသောအစားအစာမျိုးစုံကို စားဖူးသော်လည်း ဤယုန်ကို ရှဲ့ဟွိုင်ကိုယ်တိုင်ကင်ထားပြီး ဤလောကတစ်ခုလုံးတွင် သူတစ်ဦးတည်းသာစားနိုင်မည်ဖြစ်သည်။


လွန်ခဲ့သောအချိန်က ဖြစ်ပျက်ခဲ့သည်များကြောင့် စနစ်သည် အချိန်အတော်ကြာသည်အထိ မပေါ်လာသေး၍ တကယ်ပြောစရာ ဘာမှမရှိပေ။ 


'ဘာပဲဖြစ်ဖြစ် အရှင်အကြောင်း ဘာမှမပြောနိုင်ပါ'


သို့သော် သူတို့နှစ်ဦးသည် တောထဲတွင် အသားကင်စားနေသည်ကို မြင်သောအခါ စနစ်မှာ တကယ်မနေနိုင်တော့ပေ။


[စနစ်: အခုမင်းတို့နှစ်ယောက်က ရန်သူလို့ ထင်နေတာလား? 】


[ဖန်းလီ: ဟမ် 】


ရှဲ့ဟွိုင်သည် သူ့အပေါ်  အေးစက်သည့်မျက်နှာ မထားသည်မှာ ထူးဆန်းလောက်အောင်ပင်။ ‘အဲဒီမတိုင်ခင်ကလည်း သူများတွေအတွက်ပါ တောင်းပန်ခဲ့ပြီး ဒီနေ့တော့ ယုန်ကင်ပေးတယ်။’ ရှဲ့ဟွိုင်လုပ်နေကြပုံနှင့် တကယ်မတူပါ။




‘တစ်ခုခုမှားသွားရင် နတ်ဆိုးကအရင်စလုပ်ရမှာ’




သူသည် မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်သည်။ သူ ယခင်က လုပ်ခဲ့သောအရာများအပေါ် အခြေခံ၍ ရှဲ့ဟွိုင်က သူ့ကို ဤသို့ခွင့်လွှတ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။




‘အဲဒါကြောင့် ရှဲ့ဟွိုင်က သူ့ဘာသာ ဒီပုံစံကို ကြိုက်လို့ ဒီလိုမျိုးဖြစ်နေတာတော့မဖြစ်နိုင်’




‘ဒါဆို နောက်ဆုံးဖြစ်နိုင်ခြေတစ်ခုပဲ ကျန်တော့တယ်။ ရှဲ့ဟွိုင်က သူ့ကို ထုံထိုင်းသွားအောင် လုပ်ချင်တာ’




သူသည် မကောင်းမှုကိုမုန်းတီးသော ရက်စက်သောသူတစ်ယောက်ဖြစ်သော်လည်း သွေးဆူသောလူမိုက်တစ်ဦး မဟုတ်ပေ။




ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန်တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိသောလူတစ်ဦးဖြစ်သည်။ ဇာတ်ညွှန်းထဲတွင်ပင် သူသည် ပြန်လည်ကောင်းမွန်လာပြီး ရန်ဆွေးကို သတ်ပြီးသည်အထိ အတူအိပ်စက်ခြင်းကို ခံနိုင်ရည်ရှိနိုင်သည်။


ယခု ကိုယ်တိုင်ကမူ ရန်ဆွေးနေရာတွင် အစားထိုးဝင်ရောက်ကာ ဇာတ်လမ်းကို ပြောင်းလဲပြီး ရှဲ့ဟွိုင်နှင့်ဆက်ဆံရေးကို များစွာ သက်သာစေခဲ့၍ ယခင်ကကဲ့သို့ မတည့်သည့်ဆက်ဆံ‌ရေးမဟုတ်ဘဲ သဟဇာတဖြစ်ခြင်းသို့ ရောက်ရှိခဲ့သည်။ သူ့ကို သတိလွတ်စေခြင်း သို့မဟုတ် အခြားရည်ရွယ်ချက်များ ရရှိရန်မှာ လုံးဝဖြစ်နိုင်ချေရှိသည်။




အရာအားလုံး အလွန်ကျိုးကြောင်းဆီလျော်သည်ပင်။




ထက်မြက်ပြီး ဆင်ခြင်တုံတရားရှိသည့်သူများနှင့် ပေါင်းသင်းရသည်မှာလွယ်သည်။ 


‘သူ တစ်နေကုန်ငိုနေမယ်၊ ဒုက္ခပေးမယ်၊ ကြိုးဆွဲချမယ်ဆိုရင် ရှက်မှာ။ ဒါပေမဲ့ ရှဲ့ဟွိုင်က လုံးဝ အဲလိုမျိုးမဖြစ်ဘူး’




‘ကောင်းပြီ။ အခြေအနေက အတော်ကောင်းတယ်’




‘မူဝါဒရေးရာ မဟုတ်သရွေ့ မင်းက ငါ့ကို ဒီလို ဆက်အသုံးချနေတာကို လုံးဝ မငြင်းဘူး။ ဘာမဆို အကုန်လိုက်လျောမှာ’




တာဝန်ပြီးမြောက်သည်အထိ ထိုကဲ့သို့သော ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်အကျိုးရှိသော အခြေအနေကို ထိန်းသိမ်းနိုင်မည်ဟုမျှော်လင့်မိသည်။




ရှဲ့ဟွိုင်သည် သူ့ဘေးနားက လူကို ကြည့်လိုက်ပြီး သူ့မျက်နှာထားက ပြောင်းလဲသွားသော်လည်း သူ့မျက်လုံးများသည် နူးညံ့ကြည်လင်နေဆဲဖြစ်ကာ လှည့်စားလိုက်ရ၍ ကျေနပ်မှု၏အရိပ်အယောင်တစ်ခု ပါဝင်နေ၏။ သူ့ကိုယ်သူ ပြောနေသကဲ့သို့ပင်။


‘ ကြည့်စမ်း မင်းအတွက် ငါ အများကြီး အလျှော့ပေးခဲ့တာ’




‘ဒါက မင်းရဲ့ကိုယ်ပိုင်အစီအစဉ်လေ။ ဒါပေမယ့် အမြဲတမ်း ငါ့အပေါ်မှာပဲ...’




ထိုညက ဝင်လာသောသူကို သူပြန်စဉ်းစားမိသည်။ ရှုပ်ထွေးပြီး မူးဝေနေကာ သူ့ကို ထိန်းချုပ်ခွင့်ပေးပြီး ကိုးကွယ်မှုကဲ့သို့ မိမိကိုယ်ကိုပေးအပ်ကာ ပေးကမ်းခြင်းနှင့် လက်ခံခြင်း၏နာခံမှုအမူအရာ...




စိတ်ခံစားမှု ‘အချစ်ပိုးကောင်’ သည် ထပ်မထကြွသေးသည်မှာ ရှင်းနေပြီး ထူးဆန်းသောခံစားချက်သည် ထပ်မရှိတော့သော်လည်း ရှဲ့ဟွိုင်သည် ထိုအရာက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်းသိထား၏။




ဖုန်းယင်၏စာထဲတွင် ရေးထားသည်မှာ  ထိုအရာသည် ဟယ့်ဟွမ်ဂိုဏ်း၏လျှို့ဝှက်ရတနာဖြစ်ပြီး အခြားသူများ၏ရမ္မက်ကို ထိန်းချုပ်ရန် အသုံးပြုနိုင်သည်။ ယခု ကြည့်ရသည်မှာ ဖန်းလီသည် နောက်ထပ်အသုံးပြုခဲ့ပုံမရ။ ဖြစ်နိုင်သည်မှာ ထိုနေ့က သူ့ကို ကြောက်လန့်သွားစေခဲ့ခြင်း ဖြစ်နိုင်သည်။




‘ကြိုက်တယ်ဆိုတာ ဘာလဲ သိလား? ကြိုက်တဲ့သူကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ဘယ်သူ သင်ပေးဖူးလဲ?

အဲဒီအရာကို ယူသွားရုံနဲ့ မပြီးဘူး။’




‘ကလေးတွေပဲ ကြိုက်တဲ့အရာတွေကို ယူသွားလိုက်တာနဲ့ သူတို့ပိုင်ဆိုင်သွားမယ်လို့ ထင်ကြတာ’




‘ဒါပေမဲ့ လူတွေရဲ့နှလုံးသားက အရာဝတ္ထုတွေ မဟုတ်ဘူး... ဒါပေမဲ့ မင်း ဒါကို နားမလည်တာလည်း ဖြစ်နိုင်တာပဲလေ...’




ရှဲ့ဟွိုင်သည် နဖူးကိုဖိကာ မျက်လုံးထဲရှိ ရှုပ်ထွေးသောအကြည့်ကို ဖုံးကွယ်လိုက်၏။ သူက ဘေးနားရှိ ယုန်ကင်ကို စားနေသောလူကို ကြည့်လိုက်သည်။ အနှီသူသည် အလွန်ကျေနပ်နေ၍ နာမည်ဆိုးဖြင့် ကျော်ကြားသောနတ်ဆိုးတစ်ပါးနှင့် မတူပေ။ 


မည်သူက ပြောနိုင်မည်နည်း? သုံးလောကတစ်ခွင်ကြောက်ရွံ့ပြီး နာမည်ပင် မပြောရဲသော အရာ၏တည်ရှိမှုကို တွေးတောမိသည်။




ဖန်းလီသည် စိတ်ကျေနပ်စွာ သက်ပြင်းချလိုက်ပြီး ဗိုက်ပြည့်သွားပြီဖြစ်၍ ခေါင်းလှည့်လိုက်သောအခါ ရှဲ့ဟွိုင်သည် မျက်လုံး အနည်းငယ်မှိတ်ထားသည်ကို တွေ့လိုက်ရသောကြောင့် သူ အနည်းငယ်ရှက်သွားသည်။




‘ဘာပဲဖြစ်ဖြစ် ရှဲ့ဟွိုင်ရဲ့ယုန်ကင်ဖြစ်ပေမဲ့ သူတစ်ကိုက်တောင် မစားခဲ့ဘူး။’



ဖန်းလီသည် ခေါင်းမော့၍ ကောင်းကင်ကို ကြည့်လိုက်သည်။ အချိန်အားဖြင့် သန်းခေါင်ယံကျော်နေပြီဖြစ်ပြီး နှစ်နာရီအတွင်းအရုဏ်တက်တော့မည်။ သူ့နှုတ်ခမ်းကို ကွေးလိုက်သည်။



ဒီလူတွေကို အရှက်မကွဲစေဖို့ ရှဲ့ဟွိုင်ကို ကတိပေးထားပေမဲ့  စနောက်တာက ကတိဖောက်ဖျက်တယ်လို့ မယူဆသင့်ဘူးမလား?


………




ရှင်းယွဲ့နန်းတော်မှတပည့်များ၏ လမ်းညွှန်မှုဖြင့် လူတိုင်း စခန်းကို အလျင်အမြန် တည်ဆောက်လိုက်ကြသည်။ တောင်များတွင် ရက်ပေါင်းများစွာ ရှာဖွေပြီးနောက် လူတိုင်းသည် အနည်းငယ် ပင်ပန်းနေကြပြီဖြစ်၏။ ထို့အပြင် နေ့ဘက်တွင် ကြောက်လန့်ခဲ့ကြ၍ ဤအချိန်၌ အများစုသည် အနားယူနေကြပြီဖြစ်သည်။ စခန်းသည် အလွန်တိတ်ဆိတ်နေ၏။ ကြယ်အနည်းငယ်သာရှိပြီး တစ်ခါတရံ လေတိုက်သံတရှဲရှဲသာ ကြားရ‌လေသည်။




တိတ်ဆိတ်မှုအတွင်း စူးရှသောလေချွန်သံတစ်ခု ထွက်ပေါ်လာပြီး ဤနေရာ၏ငြိမ်းချမ်းမှုကို ချက်ချင်းဖျက်ဆီးလိုက်သည့်နှယ်ပင်




‘ပါးစပ်ဖွင့်လိုက်တိုင်း သေဖို့အကြောင်းပဲ ပြောနေတဲ့ ချုံရွှယ်ဂိုဏ်းက ကလေးနဲ့တူတယ် ဘာဖြစ်တာလဲ? သားရဲ တိုက်ခိုက်ခံရတာလား။’




လူတိုင်းသည် ဖန်းလီ၏နောက်ကျောကို စောင့်ကြည့်ကာ ကာကွယ်ရေး အနေအထားသို့ အလျင်အမြန်ရောက်သွားကြသည်။




ရှင်းယွဲ့နန်းတော်မှတပည့်အချို့သည် အလျင်အမြန်ရောက်လာပြီး ဖန်းလီကို မေးလိုက်ကြသည်။ 


“ဘာဖြစ်သွားတာလဲ? မင်းကို တိုက်ခိုက်တဲ့ သားရဲ ဘယ်မှာလဲ? မင်း နောက်က လိုက်သွားသေးလား?”




ဖန်းလီသည် ခေါင်းခါလိုက်ပြီး မျက်နှာဖြူဖျော့နေကာ ထိတ်လန့်နေပုံဖြင့် ပြောလိုက်၏။


“မဟုတ်ဘူး သားရဲမဟုတ်ဘူး... ငါ့ကို တိုက်ခိုက်တဲ့သူက အရှင်!”




နတ်ဆိုးကျင့်ကြံသူလား!?




‘ဒါဆို ဒီမှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ရှိရုံတင်မကဘူး။ နတ်ဆိုးကျင့်ကြံသူတွေလည်း ရှိနေတာလား? ဒါက အရမ်းကံဆိုးပြီး မယုံနိုင်စရာပဲ!’ 


အချို့လူများသည် ဤခရီးအား လိုလားခဲ့သည်ကို နောင်တရစပြုလာ၏။ စည်းစိမ်ဥစ္စာသည် အန္တရာယ်ကြားတွင်ရှိသော်လည်း ရရန်ဆိုလျှင် အသက်ရှင်နေမှရမည်ပင်။




ရှင်းယွဲ့နန်းတော်မှ တပည့်၏မျက်နှာသည် အနည်းငယ်ပြောင်းလဲသွားပြီး ခပ်တိုးတိုးအသံဖြင့် မေးလိုက်သည်။


“မင်းကို တိုက်ခိုက်တဲ့သူကို ရှင်းရှင်းလင်းလင်း မြင်ခဲ့လား? သူက နတ်ဆိုးကျင့်ကြံသူမှန်း ဘယ်လိုသိလဲ?”




ဖန်းလီက “အဲဒီလူက အရမ်းရုပ်ဆိုးပြီး အရမ်း ရက်စက်တာလေ။ သူက ဖူကျိုးတောင်ပေါ်က နတ်ဆိုးဖြစ်မယ်”




ရှင်းယွဲ့နန်းတော်မှ တပည့်၏မျက်နှာသည် မည်းမှောင်သွားပြီး ဒေါသတကြီးအော်လိုက်၏။ 

“မင်း ရမ်းသမ်းမပြောနဲ့။ တကယ်လို့ အဲဒီ နတ်ဆိုးကြီးဆိုရင် မင်း အသက်ရှင်လျက် ပြန်လာနိုင်အုံးမလား?”




“သူက ငါ့ကို တမင်ပြန်လွှတ်လိုက်တာ ဖြစ်မယ်။ နတ်ဆိုးက လူတွေကို စနောက်ရတာ ကြိုက်တယ်လို့ ပြောကြတယ်လေ။ တစ်ခါတည်း သတ်လိုက်ရင် ပျင်းစရာကောင်းမှာပေါ့...” 


ဖန်းလီသည် ခဏရပ်လိုက်ပြီး သူ့မျက်လုံးများသည် အဓိပ္ပာယ်များစွာ ပြည့်နှက်နေသော်လည်း သူ့အသံကမူ အပြစ်ကင်းပြီးတောင့်တင်းဟန်ရှိနေသည်။




ထို့နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ 


“ပြီးတော့ မင်းတို့အားလုံးက ဒါက ဖူကျိုးတောင်က နတ်ဆိုးခေါင်းဆောင်ရဲ့လျှို့ဝှက်ကြံစည်မှုလို့ ပြောကြတယ်လေ။ နတ်ဆိုးကျင့်ကြံသူ ပေါ်လာမယ်ဆိုတာ မင်းတို့ မျှော်လင့်ထားတာမဟုတ်ဘူးလား? ဘာလို့ ဒီလောက်အံ့သြနေကြတာလဲ?”




ထိုနေရာသည် ခဏတာတိတ်ဆိတ်သွား၏။




‘ယွီယီကျွင်း ဒီမှာရှိတယ်လို့ ပြောတယ်ဆိုတော့ ယွီယီကျွင်း တကယ်ပဲ ဒီမှာ သွေးချောင်းစီးစေချင်နေတာလား? ဘယ်လိုလိုက်လျောညီထွေ လုပ်ရမလဲဆိုတာ မသိဘူးလား’




ဖန်းလီသည် လူတိုင်း၏ထိတ်လန့်မှုကို မခံစားမိပုံရဘဲ စိုးရိမ်တကြီးဖြင့် ထပ်ပြောလိုက်၏။


“ပြီးတော့ ငါ ငါ အဲဒီနတ်ဆိုးကျင့်ကြံသူ စခန်းကို လာတာကို မြင်လိုက်လို့ အစွမ်းကုန် ပြန်သတင်းပို့ဖို့ ကြိုးစားခဲ့တာ။ မင်းတို့ အဲဒီအရှင်ရဲ့အစအနများ မြင်လိုက်ကြသေးလား?”




လူတိုင်း အံ့အားသင့်သွားကြသော်လည်း သူတို့ ဘာမှမမြင်ခဲ့ကြသည်မှာ သေချာသည်။




လူတိုင်း: ... ကျေးဇူးပြုပြီး မပြောပါနဲ့တော့။ ပိုကြောက်လာပြီ




ရွှေချင်းယွမ်သည် နောက်တစ်လှမ်းအကွာမှ ရောက်လာပြီး သူရောက်လာသောအခါ ဖန်းလီက နတ်ဆိုးကျင့်ကြံသူတစ်ဦး ရောက်လာသည်ဟု ပြောသည်ကို ကြားလိုက်ရသည်။ လူတိုင်း တုန်လှုပ်ခြောက်ခြားနေသည်ကို မြင်သောအခါ မျက်မှောင်ကြုံ့၍ သူတို့ဘေးမှလျှောက်သွားပြီး တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။


“အားလုံး စိတ်မပူပါနဲ့။ စခန်းပတ်လည်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ချထားတယ်။ တစ်ယောက်ယောက်ဝင်လာတာနဲ့ သေချာပေါက် တွေ့မှာ၊ ရှာမတွေ့တာ မဖြစ်နိုင်ဘူး။ ဒီညီလေး

မှားနေတာလဲ ဖြစ်မှာပါ”




ဖန်းလီ ခေါင်းခါလိုက်ပြီး အခိုင်အမာပြောလိုက်သည်။ 


“ကျွန်တော် လုံးဝ မမှားဘူး။ ဒီလမ်းအတိုင်းပဲ လာခဲ့တာ”




ရွှေချင်းယွမ်က အလေးအနက်ထား၍ ထပ်မေးလေသည်။ 


“မင်း ကြောက်သွားပြီး အမြန်ပြန်လာခဲ့တာလေ။ မမှားတာ မဖြစ်နိုင်ဘူး။ ဒါနဲ့ မင်းရဲ့အဖော်က ဘယ်မှာလဲ?”




ရှဲ့ဟွိုင်သည် ဘေးတွင် တိတ်ဆိတ်စွာရပ်နေပြီး ယုန်ကို အခွံနွှာစဉ်က သန့်ရှင်းနေသော သူ၏ဝတ်ရုံသည် ယခုအခါ သွေးစွန်းသော လက်ဗွေရာများဖြင့် ဖုံးလွှမ်းနေပေသည်။




ရွှေချင်းယွမ်သည် ရှဲ့ဟွိုင်ကို ကြည့်ကာ ခဏစဉ်းစားပြီး ဖြည်းလေးစွာ မေးလိုက်၏။

“ဟေး ကျင့်ကြံသူ မင်းလည်း အဲဒီနတ်ဆိုးကျင့်ကြံသူကို မြင်တာခဲ့လား?”

The End…




There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment