Chapter 19
သက်လတ်ပိုင်းအရွယ် ဘုန်းတော်ကြီစသည် ဆုံးမပြီးနောက်၌ပင် စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး အသိပညာနည်းပါးသော ဤလူငယ်ကို ဆက်လက်ဆုံးမရန် ပြင်နေစဉ် ရုတ်တရက် ရှဲ့ဟွိုင်၏အေးစက်သောမျက်လုံးနက်များနှင့် ဆုံမိသွားပြီး မသိစိတ်မှ တုန်လှုပ်သွားကာ ခြေဖဝါးမှ အေးစိမ့်သောခံစားချက်တစ်ခု တက်လာသကဲ့သို့ ခံစားလိုက်ရ၍ သူ၏အသံသည် ရုတ်တရက်တိုးသွားကာ လှည့်ကြည့်ရင်း ကျိန်ဆဲလျက် ပြောလိုက်၏။
“တကယ်ပါပဲ မသိရင် မပြောနဲ့...”
ရှဲ့ဟွိုင်သည် မျက်လုံးကို ဖြည်းညှင်းစွာပြန်ရုပ်သိမ်းလိုက်ပြီး ဖန်းလီကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းထောင့်ကို ပင့်လျက် သက်ပြင်းချလိုက်၏။
‘ထားလိုက်ပါတော့ ဒီလူတွေကွာ ဘာလို့ဂရုစိုက်နေအုံးမှာလဲ။’
တစ်ဖက်တွင်လည်း ဖန်းလီသည် ဤကဲ့သို့သော ကောလာဟလများကို ပုံမှန်ကိစ္စတစ်ခုကဲ့သို့ အသားကျနေပြီဖြစ်ကာ သူခံစားခဲ့ရသောမနာလိုဝန်တိုမှုနှင့် စွပ်စွဲမှုများသည် ဘာမျှမဟုတ်ပေ။
လောကရှိလူတို့သည် မိုက်မဲကြပြီး သူများပြောသမျှကို ယုံကြည်ကြသော်လည်း သူသည် အမြဲတမ်း ရှင်းလင်းသည်ဟုဆို၏... သို့သော် ဖူကျွိးတောင်သို့ မသွားမီကပင် သူသည် လူ့သဘောသဘာဝကို လုံးဝဖယ်ရှားနိုင်ခြင်း မရှိခဲ့ဘဲ အယူသီးမှုဟူသော ပြဿနာကိုပင် ကျူးလွန်မိလုနီးပါး ဖြစ်ခဲ့၏။
သို့သော် ဤသူကို ပြန်လည်သိကျွမ်းရန် နောက်မကျသေးသည်မှာ ကံကောင်းသည်။
သူကျူးလွန်ခဲ့သောလူသတ်မှုသည် ဖျောက်ဖျက်၍ မရသော်လည်း သူသည် မည်သို့သောလူမျိုးဖြစ်သည်ကို သူတစ်ပါး၏အဆုံးအဖြတ်ဖြင့် မဆုံးဖြတ်သင့်ပါ။
ထိုသို့ အနှောင့်အယှက်ဖြစ်ပြီးနောက် လူအများ၏ဆွေးနွေးမှုသည် အဆုံးသတ်သွားပြီး လူအများစုသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပြီးကြပြီဖြစ်၏။
“လူတွေအတွက် အန္တရာယ်ကို ဖယ်ရှားပစ်ဖို့က မှန်ကန်တဲ့လုပ်ရပ်ပါပဲ။ ဒီတစ်ကြိမ်မှာ ကျုပ်တို့ ချင်းလင်ဂူကို သွားမယ်”
“ကျွန်တော်တို့ကတော့ ဖေးဟွာချိုင့်ဝှမ်းကို သွားရမှာပေါ့။”
“အဘိုးတင်း ကျွန်တော်ကတော့ အမြဲတမ်း ရှင်းယွဲ့နန်းတော်ရဲ့ဦးဆောင်မှုကို လိုက်နာခဲ့တာပါ။”
ရှန်ချင်းယန်သည် လူအများအပြားက ထင်မြင်ချက်များကို တစ်ခုပြီးတစ်ခု ပြောဆိုနေသည်ကိုကြည့်ကာ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြုံးလိုက်သည်
“အားလုံးလက်တွဲညီညီ လုပ်ဆောင်ကြမယ်ဆိုရင် သားရဲကိုဖမ်းမိပြီး လူတွေအတွက် အန္တရာယ်ကို ဖယ်ရှားနိုင်မှာ သေချာတယ်”
ရှန်ချင်းယန်၏နောက်ဆုံးဆုံးဖြတ်ချက်အရ ရှင်းယွဲ့နန်းတော်မှတပည့်များသည် မကြာမီ ရောက်လာပြီး လူအများအား ဤနေရာတွင် တည်းခိုရန် လမ်းညွှန်ကာ မနက်စောစောတွင် ဝမ်ရှီတောင်သို့ ထွက်ခွာရန် သဘောတူခဲ့ကြ၏။
ဖန်းလီနှင့်အခြားသူများကမူ လူအုပ်နောက်မှ ရှင်းယွဲ့နန်းတော်၏ဧည့်ရိပ်သာသို့ လိုက်သွားကြသည်။
ရှင်းယွဲ့နန်းတော်မှ တပည့်များသည် စာရင်းအတိုင်း လူများအား တည်းခိုရန် စီစဉ်ပေးခဲ့၏။ ချုံရွှယ်ဂိုဏ်းသည် ဤဒေသတွင် အနိမ့်ဆုံးဂိုဏ်းဖြစ်ပြီး အခြားဂိုဏ်းများအားလုံး စီစဉ်ပြီးမှ သူတို့၏အလှည့်ရောက်လာသည်။
“ကျိုထျန် ကျိုဖူ ကျိုရှို?”
ရှင်းယွဲ့နန်းတော်မှတပည့်သည် စာရင်းကိုကြည့်၍ ပြောလာ၏။
ဝူယီမေ့က ခေါင်းညိတ်ပြုံးလိုက်ပြီး
“ဟုတ်ကဲ့။”
“ရပါတယ် တစ်ညပဲမို့ ကျွန်တော်တို့ အတူတူစုနေလိုက်မယ်။”
ဘုန်းတော်ကြီးများအနေဖြင့် အခန်းတစ်ခုတည်းတွင် အတူနေထိုင်ခြင်းသည် ပြဿနာမရှိပါ။ အချို့လူများသည် မအိပ်ဘဲ တစ်ညလုံး တရားထိုင်နေတတ်ကြ၏။
ရှင်းယွဲ့နန်းတော်မှ တပည့်ထွက်သွားပြီးနောက် ဝူယီမေ့၏မျက်လုံးများ ပြောင်းလဲသွားပြီး ဖန်းလီအား ရိုသေစွာ ပြောလိုက်သည်
“အရှင် အခန်းတစ်ခုမှာ နေနိုင်ပါတယ်။ ကျွန်တော်မျိုးကတော့ ယွီယီကျွင်းနဲ့ အခြားအခန်းတစ်ခုမှာ နေလိုက်ပါ့မယ်။”
ရှဲ့ဟွိုင်သည် ဝူယီမေ့ကို အေးစက်စွာကြည့်လိုက်၏။
ဖန်းလီက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ရှဲ့ဟွိုင်နှင့် ဝူယီမေ့ကြားတွင် မျက်လုံးများ ရွေ့လျားနေသဖြင့် မဝံ့မရဲဖြစ်နေသည်။
အရည်အချင်းရှိသော လက်အောက်ခံတစ်ဦးအနေဖြင့် ဝူယီမေ့သည် သူ၏သခင် အေးချမ်းစွာ အနားယူနိုင်ရန်အတွက် ပါလာသူများကို သူကိုယ်တိုင် စောင့်ရှောက်ရန် တောင်းဆိုခြင်းသည် လုံးဝပုံမှန်ကိစ္စတစ်ခုဖြစ်၏။
အခြားလက်အောက်ခံများက ထိုသို့ပြောလျှင် ဖန်းလီသည် ချက်ချင်းသဘောတူမည်ဖြစ်သော်လည်း ပြဿနာမှာ ဤလက်အောက်ခံသည် ဝူယီမေ့ဖြစ်ပြီး ဇာတ်ညွှန်းထဲတွင် ရှဲ့ဟွိုင်နှင့် နေရာတိုင်းတွင်မတည့်သူ နေ့တိုင်း ရှဲ့ဟွိုင်ကို သတ်လိုသော ဝူယီမေ့ဖြစ်နေ၏။
ထို့အပြင် အာဏာရှင်ဆန်သော နတ်ဆိုးတစ်ဦးအနေနှင့် သူ့လူကို တခြားယောက်ျားများနှင့် အခန်းမျှဝေတာကို ဘယ်လိုခွင့်ပြုနိုင်မည်လဲ။ ကိုယ်တိုင်ပဲ အတူနေလိုက်မည်ဖြစ်၏။
ဖန်းလီသည် ဝမ်းနည်းသည့်နှယ်သက်ပြင်းချလိုက်ပြီး “မလိုဘူး။ ငါ သူနဲ့ အတူနေမယ်”
ရှဲ့ဟွိုင်၏နှုတ်ခမ်းထောင့်သည် မမြင်နိုင်လောက်အောင် လှုပ်သွားပြီးနောက် လှည့်ထွက်သွားကာ ဝူယီမေ့ကို နောက်ကျောပေးလိုက်၏။
ဖန်းလီ ခေါင်းညိတ်လိုက်ပြီး သူလည်း အနည်းငယ် အိပ်ချင်လာသဖြင့် လှည့်၍ အခန်းထဲသို့ ဝင်သွားသည်။
ဖန်းလီသည် အိပ်ရာမှ မျက်လုံးဝေ့ကြည့်လိုက်ရင်း အနည်းငယ်ပြုံးကာ ရှဲ့ဟွိုင်ကို ဖိတ်ခေါ်လိုက်၏။
“တော်တော်နောက်ကျနေပြီ။ ငါတို့တွေ အိပ်သင့်နေပြီ”
သူ့ကို ကုလားထိုင်မှာ ထိုင်ခိုင်းရန် မဖြစ်နိုင်ပါ။ သူ ကောင်းကောင်း အနားယူမည်ဟု ကတိပေးထားသည်။ သို့သော် ရှဲ့ဟွိုင်ကို သဘောကျသူတစ်ယောက်အနေနှင့် ရှဲ့ဟွိုင်ကို ကုလားထိုင်မှာ ထိုင်ခိုင်းရန် မသင့်တော်ပါ။ ထို့ကြောင့် သူသည် ရှဲ့ဟွိုင်ကို အတူတူအိပ်ရန် ရက်ရောစွာ ဖိတ်ခေါ်လိုက်သည် - ဘာပဲဖြစ်ဖြစ် ရှဲ့ဟွိုင် သဘောတူမည် မဟုတ်ပါ။
ရှဲ့ဟွိုင်သည် အစပိုင်း၌ သူ့အနားသို့ ချဉ်းကပ်လိုစိတ်မရှိခဲ့ဘဲ ချစ်ခြင်းမေတ္တာ’ပိုးကောင်’ကို တွေ့ကြုံခဲ့ရပြီး တစ်ညလုံးကုလားထိုင်ပေါ်တွင် ထိုင်နေရသည်ကို ပြောစရာမလိုတော့ပေ။ ကျင့်ကြံအားထုတ်တတ်သော ရှဲ့ဟွိုင်သည် တစ်ညလုံး ထိုင်နေနိုင်သော်လည်း သူနှင့်အတူ အိပ်မည်မဟုတ်ပေ။
ဖန်းလီသည် ပျင်းရိစွာ သန်းဝေလိုက်ပြီး မျက်လုံးထောင့်များ အနည်းငယ်စိုစွတ်လာကာ အပြစ်မရှိဟန်ဖြင့် တစ်ခုတည်းသောအိပ်ရာကို သိမ်းပိုက်ရန် အိပ်ရာဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်... ရုတ်တရက် သူသည် မသဲကွဲသည့်အသံတစ်ခုကို ကြားလိုက်ရပြီး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းလှည့်လိုက်သည်။
ရှဲ့ဟွိုင်၏ပါးလွှာသောနှုတ်ခမ်းများ လှုပ်ရှားသွားကာ သူ့အသံသည် တိုးညှင်းပြီး မျက်နှာထားမှာ တည်ငြိမ်နေ၏။ ဖန်းလီက ရှင်းရှင်းလင်းလင်း မကြားလိုက်သည့်ဟန်ဖြစ်သွား၍ သူက ထပ်ခါတလဲလဲပြောလိုက်၏။
“ကောင်းပြီ”
ဖန်းလီသည် ဝူယီမေ့၏အကြံပြုချက်ကို သဘောမတူခဲ့ခြင်းအတွက် ရုတ်တရက် နောင်တရသွား၏။ သူသည် စိုးရိမ်လွန်နေသောကြောင့် သူတို့သည် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်လော။ အိပ်ခန်းနှင့် နှိုင်းယှဉ်လျှင် ဤဧည့်ခန်းသည် ရိုးရှင်းလွန်းပြီး အိပ်ရာပင် အလွန်ကျဉ်းမြောင်းသဖြင့် လူကြီးနှစ်ယောက်အိပ်ရန် အလွန်ပင်ကျပ်လေ၏။
ကျပ်တည်းခြင်းသည် ပြဿနာကြီးမဟုတ် ညီအစ်ကိုကောင်းတစ်ယောက်နှင့် အိပ်စက်ရုံသာဖြစ်သည်။ ပြဿနာမှာ... ရှဲ့ဟွိုင်သည် အဘယ်ကြောင့် ဤမျှ လွယ်လွယ်ကူကူ သဘောတူခဲ့သနည်း။ အရာရာ မှားယွင်းသွားသောအခါ မကောင်းသောစိတ်အလျဉ်ရှိရမည်။ သူသည် ဤအခွင့်အရေးကိုယူ၍ မိမိကို သတ်လိုခြင်း ဖြစ်နိုင်ပါသလား...
အခန်းထဲရှိ ဖယောင်းတိုင်မီးသည် တဖျတ်ဖျတ်လင်းနေပြီး အလင်းနှင့်အရိပ်များသည် ဖယောင်းတိုင်မီးနှင့်အတူ ကခုန်နေကာ တဖျတ်ဖျတ်လင်းနေသည်။ ရှဲ့ဟွိုင်၏မျက်လုံးများ
ဖန်းလီ၏မျက်နှာပေါ်သို့ ရောက်သွားပြီး အသင့်မဖြစ်နေသော ဖန်းလီ၏မျက်နှာကို မြင်သောအခါ သူ၏မျက်လုံးများသည် အနည်းငယ် မှောင်မိုက်သွား၏။ ထိုကဲ့သို့သော ထူးခြားသော အခြေအနေများ အောက်တွင်ပင် ဤလူသည် ထွက်ပြေးလိမ့်မည်... မည်သူသည် ထိုမျှ ကြောက်ရွံ့နေသနည်း။
သူသည် အမှန်တကယ်ပင် လူငယ်တစ်ဦးဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အလွန်ရှက်ရွံ့နေပြီး မိမိကိုယ်ကိုပင် မထိရဲသော်လည်း အားကောင်းဟန် ဟန်ဆောင်လိုသည်... ရှဲ့ဟွိုင်သည် သူ၏မျက်လုံးများတွင် အပြုံးရိပ်သန်းနေသည်ကိုပင် သတိမထားမိဘဲ သူ၏အသံသည် တည်ငြိမ်စွာဖြင့် မေးလိုက်၏။
“အရှင် အနားယူတော့မှာမဟုတ်လား?”
ဖန်းလီ အံကြိတ်လိုက်မိသည်။
ရှဲ့ဟွိုင်သည် မရိုမသေ အိပ်ရာဝင်သွားပြီဖြစ်သည်။ သူက အရင်ဖိတ်ခေါ်ခဲ့သော်လည်း ယခုအခါတွင် နောက်ဆုတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။
ခဏအကြာတွင် ဖန်းလီသည် တဟားဟား ရယ်မောရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့...”
အင်း ဘယ်လောက်များ ခက်ခဲပြီး ကျဉ်းမြောင်းတဲ့ အိပ်ရာလဲ? ဖန်းလီသည် မျက်မှောင်ကြုံ့ရင်း မျက်လုံးမှိတ်လိုက်၏။
သူ တစ်ဖက်သို့ လဲကျလုနီးပါးဖြစ်သော်လည်း သူ့ခန္ဓာကိုယ်၏အခြားတစ်ဖက်သည် ရှဲ့ဟွိုင်နှင့် တင်းတင်းကျပ်ကျပ် ကပ်နေဆဲပင်။ အဝတ်အစားအလွှာများစွာကိုပင် ဖြတ်၍ အခြားတစ်ဖက်သူ၏ ပူပြင်းသောအပူချိန်က အနည်းငယ်စိမ့်ဝင်လာသည်...
အနှီသူ၏ခန္ဓာကိုယ်မှာ အမြဲပူနေသည်။ အဆုံးမရှိသော အသက်စွမ်းအင်၏ရေစီးကြောင်းတစ်ခုကဲ့သို့ပင်။ ထိတွေ့ခြင်း သို့မဟုတ် အနီးသို့ ရောက်သောအခါမှသာ... ဤသူ၏အေးစက်သော အသားအရေအောက်ရှိ ချော်ရည်ကဲ့သို့သော ပြင်းထန်သောအငွေ့အသက်ကို သိနိုင်ပေမည်။
ဖန်းလီသည် အအေးကို အနည်းငယ်ကြောက်တတ်ပြီး သူ၏ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်ကာ နွေးထွေးမှုမရှိ...။ သို့သော် သူသည် ရှဲ့ဟွိုင်နှင့် အလွန်နီးကပ်စွာမနေရဲပေ။ မကြိုက်သောကြောင့် မဟုတ်ဘဲ အန္တရာယ်ရှိသည်ဟု ခံစားရသောကြောင့် သေလုမျောပါးဖြစ်နေသောလူတစ်ဦးကဲ့သို့ နွေးထွေးမှုကို တောင့်တသော်လည်း မီးပေါ်တင်လိုက်လျှင် သို့မဟုတ် ဆူပွက်နေသော ရေထဲထည့်လိုက်လျှင် သူသည် ပိုမြန်မြန်သေဆုံးသွားနိုင်သည်ကို သိနေ၏။
‘ဒါဟာ ထိတွေ့သင့်တဲ့အရာ မဟုတ်ဘူး။’
ဖယောင်းတိုင် ဘယ်အချိန်က ကုန်သွားမှန်း မသိပါ။
သူ့ပတ်ဝန်းကျင်ရှိလူများသည် လှုပ်ရှားမှုမရှိတော့ဘဲ အသက်ရှူသံမှာ ညီညာရှည်လျားနေပြီး အိပ်ပျော်နေပုံရသော်လည်း ရှဲ့ဟွိုင်မှာ တစမဖက်လူ၏အနည်းငယ်တင်းမာနေသည့်ခန္ဓာကိုယ်သည် နိုးနေဆဲဆိုသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်... ရှဲ့ဟွိုင်သည် သူ့နှုတ်ခမ်းထောင့်ကို မပင့်ဘဲ မနေနိုင်သော်လည်း သူ့မျက်လုံးများသည် ပြန်မှေးစင်းသွားချေ၏။ ဤသည်မှာ သူ ချဉ်းကပ်တာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း အကြိမ်တိုင်း ဤလူသည် အလွန်အေးစက်သည့်အလောင်းကောင်ကဲ့သို့ပင်။
သို့သော် ယခင်တိုက်ပွဲများကို ကြည့်လျှင် ရန်ဆွေး၏နည်းလမ်းများမှာ ရေခဲအငွေ့အသက် မရှိပါ။ မှော်ပညာကို လေ့ကျင့်သောကြောင့် ထိုကဲ့သို့မဖြစ်သင့်။
‘ဒါဆို ဘာလို့ ဒီလောက်အေးနေတာလဲ။’
………
မိုးလင်းစပြုသည်နှင့် အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ဖန်းလီသည် တံခါးကို ပျင်းရိစွာတွန်းဖွင့်၍ အပြင်သို့ လျှောက်သွားလိုက်သောအခါ ဝူယီမေ့သည် အပြင်တွင် စောင့်နှင့်နေသည်ကို တွေ့လိုက်ရ၏။
ဝူယီမေ့ခမျာ ဖန်းလီ၏မျက်နှာကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုံ့ကာ စိုးရိမ်တကြီးဖြင့် မေးလေသည်။
“အရှင် ညက ကောင်းကောင်း အနားမယူခဲ့ဘူးလား?”
ဖန်းလီ၏မျက်လုံးများသည် အပြာရောင်ဖျော့တော့နေပြီး သူဘယ်အချိန် အိပ်ပျော်သွားသည်ကို မမှတ်မိတော့ပေ။ ဘာပဲဖြစ်ဖြစ် အတော်နောက်ကျမှ အိပ်ပျော်သွားပြီး မျက်လုံးမှိတ်လိုက်သောအခါ မိုးလင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ဤမေးခွန်းကို တကယ်တမ်း မဖြေချင်၍ “သွားဖို့ အဆင်သင့်ဖြစ်ပြီလား?” ဟုသာ ပြောလိုက်၏။
အသင့်ဖြစ်သောအခါ ဖန်းလီက ပြောလေသည်။
“ဒါဆို သွားကြစို့”
ဝမ်ရှီတောင်သည် ဤနေရာမှ အတော်ဝေးပြီး ဤအုပ်စု၏အဆင့်သည် မညီမညာဖြစ်နေသည်။ ရှင်းယွဲ့နန်းတော်မှ စိတ်ဝိညာဉ်အဆင့်ရှိကိုယ်တော်အချို့မှလွဲ၍ အခြားဂိုဏ်းများသည် ကျင်းတန်အဆင့်သာအများဆုံးရှိပြီး ဘုန်းကြီးအများစုမှာ အခြေခံတည်ဆောက်ခြင်းနှင့်ချီလေ့ကျင့်ခြင်းအဆင့်သာ ရှိကြသည်...။ ဓားသမားများ အများအပြားမရှိသောကြောင့် ရပ်လိုက်၊ သွားလိုက် လုပ်ကြရ၏။
မူရင်းစာအုပ်ထဲတွင် ရန်ဆွေးသည် ရှဲ့ဟွိုင်ကို တောင်ပေါ်မှ ခေါ်ဆောင်သွားပြီး ဟဲလန်စီရင်စုရှိ တန့်ရှန်းဂိတ်သို့ တောက်လျှောက်ဦးတည်သွားခဲ့သည်။ တောင်တန်းများနှင့် မြစ်ချောင်းများကို လှည့်ပတ်သွားလာရန် တစ်လကျော် ကြာမြင့်ခဲ့သော်လည်း ပျံသန်းနိုင်သောမှော်လက်နက်ကို အသုံးပြုပါက ဟဲလန်စီရင်စုသို့ သွားရန် တစ်ရက်ပင် မကြာပေ။ ဤခရီးသည် တကယ်ပင် မမြန်ကြောင်း တွေ့မြင်နိုင်သည်။
လမ်းခရီး မည်သို့သွားရသည်ကို စာအုပ်ထဲတွင် အသေးစိတ် ဖော်ပြမထားသောကြောင့် ဖန်းလီကတော့ ရှုခင်းများကို ကြည့်ရှုကာ ရပ်လိုက်၊ သွားလိုက်လုပ်ရုံဖြင့် ကောင်းသည်ဟု ထင်နေ၏။ သုံးယောက်သား နောက်၌ ကျန်ရစ်ခဲ့သည်။
ဖန်းလီသည် ရှဲ့ဟွိုင်ကို မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်၏။ ရှဲ့ဟွိုင်သည် တည်ငြိမ်ဟန်ဆောင်ကာ ကောင်းစွာအနားယူထားသောကြောင့် သူ့ကို အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူ့ကို ဒုက္ခပေးခဲ့သူမှာ ကိုယ်တိုင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေပါလျက် အဘယ်ကြောင့် ကောင်းစွာအိပ်မပျော်နိုင်ရသနည်း။
‘ငါ့ကြောင့်များလား။’
ဖန်းလီသည် လည်ချောင်းရှင်းလိုက်ပြီး မျက်ခုံးပင့်ကာ ရုတ်တရက်ပြောလေ၏။
“မင်း မသိချင်ဘူးလား ငါ ဘာလို့ သူတို့ကို လိုက်နေတာလဲဆိုတာ?”
နာမည်ကြီး ရှေးရိိုးစွဲဘုန်းတော်ကြီးတစ်ပါးအနေဖြင့် မိမိကိုယ်ကို ဂရုမစိုက်လျှင်ပင် ရာနှင့်ချီသောကိုယ်တော်များ၏အသက်ကို ဂရုစိုက်သင့်သည်မဟုတ်ပါလား။
ရှဲ့ဟွိုင်သည် ဘေးတစောင်းကြည့်ကာ ပေါ့ပေါ့ပါးပါးဖြေလေ၏။
“အရှင် ဘာလုပ်ချင်လို့လဲ?”
ဖန်းလီသည် ပြုံးဖြဲဖြဲပြုံးကာ အချိန်ကြာမြင့်စွာ စဉ်းစားထားခဲ့သောစကားများကို ပြောလိုက်သည် “သူတို့အားလုံးက ဒီနတ်ဆိုးရဲ့လူသတ်မှုကို ငါ လုပ်ခဲ့တာလို့ ပြောကြတယ်လေ။ တကယ်တစ်ခုခု မလုပ်ခဲ့ရင် နာမည်ပျက်အောင်လုပ်တာက အလကားဖြစ်သွားမယ်မလား?”
သူစကားပြောပြီးနောက် ရှဲ့ဟွိုင် မည်သို့ကိုင်တွယ်ရန် စီစဉ်ထားသည်ကို သိလို၍ မျှော်လင့်တကြီး ကြည့်လိုက်သည်။
‘ကြည့်စမ်း ငါက လူသတ်ဖို့နဲ့ မီးရှို့ဖို့ အဆင်သင့်ပဲ။ ဒီနေ့ ဝမ်ရှီတောင် သွေးချောင်းစီးမှာကို မကြောက်ဘူးလား။ ဒါပေမဲ့ မင်း သူတို့အတွက် တောင်းပန်ပေးမယ်ဆိုရင် ငါက ဓားအောက်ကနေ လူတွေကို ကယ်တင်ဖို့ မဖြစ်နိုင်ဘူးလို့ မဆိုလိုဘူး...’
ရှဲ့ဟွိုင်: “အို”
ဖန်းလီ:?
ရှဲ့ဟွိုင်သည် ဖန်းလီ၏အံ့သြတုန်လှုပ်နေသော မျက်လုံးများကို ကြည့်ကာ သူနားမလည်မှာကို စိုးရိမ်ဟန်ဖြင့် စဉ်းစားဟန်ဖြင့် ထပ်ပြောလိုက်၏။
“အရှင် မှန်ပါတယ်။”
‘ဒါက ငါ့ကိုယ်ပိုင်စိတ်ကူးယဉ်မှုပဲ။ ရှဲ့ဟွိုင်က ခေါင်းမာတယ်။ စာအုပ်ထဲမှာ ဒီလိုမျိုးတွေ မလုပ်ခဲ့ဘူးလို့ မပါဘူးလေ။ ဥပမာ တခြားလူတွေရဲ့အသက်နဲ့ ရှဲ့ဟွိုင်ကို ခြိမ်းခြောက်တာမျိုးပေါ့။ ဒါပေမဲ့ ရှဲ့ဟွိုင်က ဘယ်တော့မှ အလျှော့မပေးခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ နောက်ဆုံးတစ်ခေါက်ကတော့ ရှုံးနိမ့်ကြောင်း ဝန်ခံရတာနဲ့ ပင်ပန်းသွားခဲ့တယ်...’
သူ ဘာမျှ မတတ်နိုင်ပါ။ ဖန်းလီသည်လည်း သူဘာမှ မတတ်နိုင်ဘူးဟု ထင်လိုက်၏။ ထို့ကြောင့် စဉ်းစားပြီးသည်နှင့် ချက်ချင်း တည်ငြိမ်သွားသည်...
ဖန်းလီ မကျေနပ်စွာဖြင့် ခေါင်းလှည့်လိုက်ပြီး နောက်မှ အေးစက်စက်အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်
“ဒါပေမဲ့ ဒီလူတွေက သေဒဏ်မထိုက်တန်ဘူး။ ကျွန်တော်မျိုးပြောတာ အမှားပါရင်လဲ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။”
‘ရှဲ့ဟွိုင် တကယ်ပဲ အလျှော့ပေးလိုက်တာလား?!’
ခဏအကြာတွင် ဖန်းလီသည် သတိပြန်ဝင်လာပြီး လက်သီးကို နှုတ်ခမ်းသို့ ဖိကာ မျက်လုံးများ ဝေ့ပတ်သွားပြီး ညင်သာစွာ ချောင်းဆိုးလိုက်၏။
“ယွီယီကျွင်း တောင်းပန်ပြီးပြီဆိုတော့ ငါ မစဉ်းစားလို့ မရဘူးလေ...”
သူ ဖြည်းဖြည်းသွားရမည်။
ရှဲ့ဟွိုင်သည် အလျင်စလို ထွက်သွားသော ဖန်းလီ၏ကျောပြင်ကို ကြည့်ကာ မျက်လုံးများတွင် အပြုံးရိပ်သန်းလာပြီး တစ်ခုခုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိသော်လည်း မြန်မြန်စကားပြောရသည်ကို အလွန်ပျော်ရွှင်၏။... တကယ့် ခြိမ်းခြောက်မှုဆိုတာ ဘာလဲ သိပါသလား?
သူသည် ရှဲ့ဟွိုင်၏သဘောထားကို သေချာနားမလည်ပေ။ တစ်ကြိမ် အနိုင်ရခဲ့ပုံရသော်လည်း အကြောင်းမဲ့စိတ်မသက်မသာဖြစ်နေ၏။ ရှဲ့ဟွိုင်သည် ယခင်ကနှင့် မတူတော့သော်လည်း ဖန်းလီက ဘာကွာခြားသည်ကို မပြောနိုင်ချေ။
သူ့စိတ်ထဲမှာ တစ်ခုခုရှိနေ၍ ဖန်းလီသည် အနည်းငယ် စိတ်မတည်ငြိမ်ဖြစ်နေသည်။
ဝူယီမေ့သည် ရှေ့တွင်ရှိနေသော်လည်း အရာရာကိုနားထောင်နေပြီး ဖန်းလီ စိတ်ရှုပ်ထွေးနေသည်ကိုပင် မြင်လိုက်ရသည်။ သူ၏မျက်လုံးများ မည်းနက်သွားပြီး မနာလိုမှုနှင့်စိတ်မသက်မသာမှုများ သူ့နှလုံးသားထဲတွင် ဖြစ်ပေါ်နေ၏။
ထို့နောက် ရှဲ့ဟွိုင်သည် နူးညံ့သောစကားတစ်ခွန်းသာ ပြောလိုက်သောအခါ အရှင်သည် ဤသို့ စိတ်ရှုပ်သွား၏။ သူ အနည်းငယ်အရောင်ပြပါက အရှင်သည် တကယ်ပင်ထိန်းချုပ်နိုင်ပါ့မလား။
ဝူယီမေ့သည် လက်ကို တင်းတင်းဆုပ်ထား၏။
ရှင်းယွဲ့နန်းတော်မှ အကြီးအကဲများနှင့် တပည့်များအပြင် အခြားဂိုဏ်းများတွင် ရွှေအမြုတေအဆင့်ဘုန်းတော်ကြီး အနည်းငယ်ရှိပြီး သူတို့၏ကျင့်ကြံမှုအခြေခံသည် မဆိုးလှဘဲ ဤအုပ်စုတွင် အတော်အတန်နာမည်ကျော်ကြားသူများဖြစ်၏။
တစ်ဦးမှာ ချီရှာဂိုဏ်းမှ တင်းကန်ဖြစ်ပြီး စကားပြောကောင်းသော လူမှုရေးသမားဖြစ်သည်။ ဤပတ်ဝန်းကျင်မှလူများနှင့်အရာများကို မသိတာမရှိသလောက်ဖြစ်ပြီး သူသည် လူတိုင်းနှင့် လွယ်လွယ်ကူကူစကားပြောဆိုနိုင်သည်။
တစ်ဦးမှာ ဖေးဟွာချိုင့်ဝှမ်းမှ ကျီဖန်းဖန်းဖြစ်ပြီး ယခင်က ရှင်းယွဲ့နန်းတော်တွင် မေးခွန်းမေးခဲ့သောမိန်းကလေး ဖြစ်သည်။ သူသည် ငယ်ရွယ်သောမိန်းကလေးဖြစ်သော်လည်း ရွှေအမြုတေကျင့်ကြံသူဖြစ်ကာ တကယ်ပင်ပါရမီထူးချွန်၍ လူတိုင်းက သူ့ကို အနည်းငယ်ရိုရိုသေသေ ဆက်ဆံကြ၏။
ချင်းလင်ဂူမှ ပိန်ပိန်ရှည်ရှည် ရှောင်ဝေ့ကမူ တကယ်တော့ နက္ခတ်ဗေဒင်ပညာတွင် ကျွမ်းကျင်သော ကျင်းတန်အဆင့်ရှိကိုယ်တော်တစ်ပါးဖြစ်သည်။ ထို့ပြင် ကျူကျင်းကျိုင်မှ ညီအစ်ကိုနှစ်ဦးသည်လည်း ဤဒေသတွင် နာမည်ကြီးသောဆရာများပင်။
နောက်ဘာဆက်လုပ်ရမည်ကို လူတိုင်းဆွေးနွေးနေစဉ် ရှင်းယွဲ့နန်းတော်မှ အကြီးတန်းတပည့် ရှောင်ချင်းယွမ်သည် ထရပ်၍ ယနေ့ အတော်နောက်ကျနေပြီဖြစ်သောကြောင့် လူတိုင်းကို တောင်ခြေတွင်တစ်ညအိပ်ရန် တောင်းဆိုပြီး မနက်ဖြန်တွင် တောင်ပေါ်သို့အတူတူတက်ကာ သားရဲကိုရှာဖွေမည်ဟု ပြောလေ၏။
လူတိုင်း မြေပြင်ပေါ်တွင် ထိုင်နေကြပြီးမနက်ဖြန် တောင်ပေါ်သို့တက်မည်ဟု တွေးကာ စကားစမြည်ပြောနေကြသည်။
သေရည်ဘူးကို ကိုင်ထားသော တင်းကန်သည် အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရကာ ပြေလေ၏။
“တကယ်လို့ တိမ်မြိုသားရဲဆိုရင် ဘာကြောင့် ဒီလောက်ရက်စက်ပြီး လူတွေကို နာကျင်စေတာလဲ။ ဒီကိစ္စက ရိုးရှင်းမှာ မဟုတ်ဘူး။ ဖူကျိုးတောင်နဲ့လဲ ပတ်သက်နိုင်တယ်။ လူတိုင်း သတိထားရမယ်။”
တင်းကန်သည် ဖူကျိုးတောင်ကို ထပ်မံပြောသော်လည်း လူတိုင်းက ဖူကျိုးတောင်ကို ဝေဖန်ကြသော်လည်း ရှင်းနင်းခရိုင်သည် ဖူကျိုးတောင်နှင့် အတော်ဝေး၏။ နာမည်မရှိသော ဤကဲ့သို့သေးငယ်သောနေရာသို့ နတ်ဆိုးကြီး ရောက်လာလိမ့်မည်ဟု သူတို့ တကယ်မထင်ခဲ့ကြပါ။
တိုက်ခိုက်ရန် သို့မဟုတ် သတ်ဖြတ်လိုလျှင်ပင် ကြီးမြတ်သောနတ်ဆိုးငါးပါးကဲ့သို့သော နာမည်ကြီးဂိုဏ်းသို့ သွားသင့်သည်။ ပြောရလျှင်... နတ်ဆိုးကို အတူတကွရှုတ်ချခြင်းမှ သူတို့ကို မတားဆီးနိုင်ပေ။
“အစ်ကိုတင်းပြောတာက ဒီကိစ္စက ကျွန်တော့်အတွက် မလွယ်ဘူး။ ကျွန်တော် သေချာပေါက် သတိထားပြီး ဆက်လုပ်မှာပါ။”
“ဟုတ်တယ် တကယ်လို့ အဲဒီနတ်ဆိုးနဲ့ ဆက်စပ်နေတယ်ဆိုရင်တော့ ကျွန်တော်တို့ လျစ်လျူရှုထားလို့ မဖြစ်ဘူး!”
ဖန်းလီသည် ထိုစကားများကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး သူတို့သည် တကယ်ပင် ဖြောင့်မတ်သောလူအုပ်စု၍ သေချာမေးလိုက်၏။
“တိမ်မြိုသားရဲက ရတနာတွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောကြတယ်။ နှစ်တစ်ထောင်မှာ တစ်ခါမမြင်ရဘူး။ အထူးသဖြင့် သူ့အတွင်းအမြုတေက ဘေးအန္တရာယ်များကို ကျော်လွှားနိုင်အောင် ကူညီပေးနိုင်တယ်လို့ ဆိုကြတယ်။ တကယ်ပဲ အဲလောက်တောင်ပဲလား”
အခြေအနေသည် ခဏမျှအနေခက်သွားသော်လည်း ဖန်းလီကမူ သတိမထားမိဘဲ လူတိုင်းကို စိတ်ဝင်တစားကြည့်နေ၏။
ခဏအကြာတွင် စကားဝိုင်းကို ပြန်ဖြေရန် ဘယ်သူမှ မထွက်လာဘဲ နောက်ဆုံးတွင် တင်းကန်သည် အခြေအနေကို ပြေလည်အောင်လုပ်ရန် ထွက်လာခဲ့၏။
တင်းကန်သည် ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ရှင်းပြသည်။
“ဒဏ္ဍာရီတွေက မယုံကြည်ရဘူး။ တိမ်မြိုသားရဲဟုတ်မဟုတ်ဆိုတာလဲ မသေချာသေးဘူး”
မကြာမီ လူတစ်ဦးကလည်း ထပ်ပြောလေ၏။
“ဟုတ်တယ် တိမ်မြိုသားရဲဟုတ်မဟုတ် မသိဘူး။ နတ်ဆိုးလွှတ်လိုက်တဲ့သားရဲလို့ ထင်တယ်။ သွေးဆာပြီး ရက်စက်လိုက်တာ”
“သားရဲက လူတွေကို ဒုက္ခပေးမှာစိုးရိမ်လို့သာ ဒီလောက်ပင်ပန်းခံပြီး လာခဲ့တာ မဟုတ်ရင်”
“ဖြောင့်မတ်တဲ့သူတစ်ယောက်အနေနဲ့ လူတွေအတွက် အန္တရာယ်ကို ဖယ်ရှားပေးတာက မှန်ကန်တဲ့လုပ်ရပ်ပဲလေ”
ဖန်းလီသည် မျက်တောင်ခတ်ကာ ခေါင်းညိတ်ပြီး မေးလိုက်၏။
“ဟုတ်ပြီ ဒါပေမဲ့ တကယ်လို့ တိမ်မြိုသားရဲဆိုရင်ရော... တိမ်မြိုသားရဲမှာ အတွင်းအမြုတေတစ်ခုပဲရှိတာ ဘယ်လိုခွဲဝေကြမလဲ?”
ဖန်းလီသည် ထိုစကားပြောပြီးနောက် အပြစ်ကင်းစွာနှင့် လူတိုင်းကိုကြည့်ကာ အဖြေကို စောင့်နေ၏။
လူတိုင်း: “...”
လူတိုင်း၏မျက်နှာများသည် အလွန်ဝေခွဲမရဖြစ်နေသော်လည်း ဤမေးခွန်းမှာ...
တင်းကန်လည်း နောက်ထပ်မခံနိုင်တော့ပုံရပြီး သက်ပြင်းချကာ ဖန်းလီ၏ပခုံးကို ပုတ်ပြီး အစ်ကိုကြီးသံဖြင့် တီးတိုးပြောလေသည်။
“ဘာလို့ ဒီလိုကိစ္စတွေကို စိုးရိမ်နေရမှာလဲ? ရှင်းယွဲ့နန်းတော်ရဲ့အကြီးအကဲနဲ့ဆိုရင် ဘယ်လိုရလဒ်ပဲဖြစ်ဖြစ် သဘာဝကျကျ မျှမျှတတခွဲဝေပေးမှာပါ”
ဖန်းလီကလည်း ရှင်းယွဲ့နန်းတော်ကို ယုံကြည်ပုံမရဘဲ တုံ့ဆိုင်းကာ ပြောလိုက်သည်။
“အစ်ကိုကြီးတင်း ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါတွေက ရှင်းယွဲ့နန်းတော်ရဲ့တစ်ဖက်သတ်စကားတွေပါ။ ကျွန်တော် စိုးရိမ်တာက ဒီကို အဝေးကြီး လာခဲ့ပြီး နောက်ဆုံး ဘာမှ မရခဲ့ရင် ကျွန်တော်တို့အတွက် ပင်ပန်းမှာ မဟုတ်ဘူးလား? အခြားသူတွေအတွက် မင်္ဂလာဝတ်စုံ လုပ်ပေးနေသလိုဖြစ်နေမှာပေါ့...”
ဤသည်မှာ နာမည်ကြီးမိသားစုကို ပြောသင့်သည့်စကားမဟုတ်ပါ။ စိတ်ထဲမှာ ဤသို့ထင်နေလျှင်ပင် ဘယ်လိုလုပ်ပြီး ကြီးကျယ်သည့် အသံနှင့် ပြောနိုင်မှာလဲ!
တင်းကန်သည် မျက်နှာတည်တည်ဖြင့် ဆုံးမလေ၏။
“ဖြောင့်မတ်တဲ့လမ်းကို လျှောက်နေတဲ့ရဟန်းတစ်ပါးအနေနဲ့ သာမန်လူတွေကို ကာကွယ်ဖို့က သူ့တာဝန်ပဲ။ ဘာလို့ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို ဒီလောက်ဂရုစိုက်နေတာလဲ? မင်းရဲ့စိတ်ဓာတ်က သေးသိမ်လိုက်တာ!”
ဖန်းလီသည် ရှက်ရွံ့ဟန်ပြပြီး စကားပြောဆိုခြင်းကို ရပ်လိုက်၏။
တင်းကန်သည် သက်ပြင်းချကာ မျက်လုံးများပြောင်းလဲသွားပြီး တစ်ခုခုကို သတိရသွားပုံရကာ အလျင်အမြန် ထရပ်၍ ထွက်သွား၏။
ထိုသို့ အနှောင့်အယှက်ဖြစ်ပြီးနောက် လူတိုင်း စကားဆက်မပြောတော့ဘဲ မျက်လုံးမှိတ်ကာ တရားထိုင်ခြင်း၊ လှဲလျောင်းအိပ်စက်ခြင်းတို့ဖြင့် ပြန့်ကျဲသွားကြပြီး ဖန်းလီ ထပ်မံစကားပြောမည်ကို စိုးရိမ်သောရ မသိစိတ်အရ သူ့ကိုရှောင်ဖယ်နေကြသည်။
ဖန်းလီလည်း ပြုံးနေသည်ကိုဖုံးကွယ်ရန် မျက်လုံးကို အောက်သို့ငုံ့ချလိုက်ပြီး သစ်ပင်ကို ပျင်းရိစွာမှီလိုက်သည်။
ရှဲ့ဟွိုင်က ပေါ့ပေါ့ပါးပါး ပြောလေသည်။
“ဖူကျိုးတောင်ကို ပထမဆုံးပြောတဲ့သူက တင်းကန်ပဲ”
ဖန်းလီကလည်း မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး ပေါ့ပေါ့ပါးပါးပြန်ဖြေ၏။
“ဟုတ်တယ်”
နောက်တစ်နေ့ မိုးလင်းစပြုသည်နှင့် လူတိုင်း ထကြသည်။ ဤတစ်ကြိမ်၏စီစဉ်သူဖြစ်သော ရှင်းယွဲ့နန်းတော်သည် ဘုန်းတော်ကြီးများကို အဖွဲ့ပေါင်းတစ်ဒါဇင်ကျော် ခွဲလိုက်၏။ အဖွဲ့တစ်ခုစီကို ရှင်းယွဲ့နန်းတော်မှ တပည့်နှစ်ဦးစီ ဦးဆောင်ပြီး တောင်ပေါ်သို့သွားကြသည်။
သားရဲက ဝမ်ရှီတောင်တွင် ပုန်းအောင်းရန် သင့်လျော်သောအကြောင်းရင်းမှာ လှိုဏ်ဂူများစွာရှိပြီး လမ်းများသည် ကြမ်းတမ်း၏။ ပုံမှန်အားဖြင့် မုဆိုးများပင် မလာကြပေ။
သူတို့သည် ဖြတ်သွားတိုင်း လျှို့ဝှက်အမှတ်အသားများ ချန်ထားခဲ့ကြ၏။ အခြားသူများက သူတို့ ရှာဖွေပြီးကြောင်း မြင်သောအခါ သိနိုင်မည်ဖြစ်ပြီး တိမ်မြိုသားရဲ လာနေပါက သူတို့ ဖြတ်သွားသည်နှင့် အချက်ပြမှု စတင်မည်ဖြစ်ပြီး လူတိုင်း ဝိုင်းဝန်းဖမ်းဆီးနိုင်မည်ဖြစ်သည်။
သို့သော် ရက်ပေါင်းများစွာ ကြာသွားသော်လည်း ဘာမှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ လူတိုင်း စိတ်မရှည်ဖြစ်နေချိန်တွင် ရှင်းယွဲ့နန်းတော်မှတပည့်တစ်ဦးက စိတ်လှုပ်ရှားစွာ ပြေလိုက်သည်။
“သွေး!”
ရက်စက်ကြမ်းကြုတ်သောသားရဲသည် ဝမ်ရှီတောင်တွင် ပိတ်မိနေပြီး အမဲလိုက်ရန် အပြင်သို့ မထွက်နိုင်သောကြောင့် တောင်ပေါ်ရှိအခြားသားရဲများကို တိုက်ခိုက်နိုင်ပေသည်။ သွေးစွန်းထင်းမှုများ ရှိနေသော်လည်း ရှားပါးသောရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်၏။
ထိုစကားကို ကြားသောအခါ လူတိုင် အားတက်သွားပြီး ခြေသံလုံစွာဖြင့် ရှေ့သို့ လျှောက်သွားကြသည်။ တိမ်မြိုသားရဲသည် နတ်ဆိုးအဆင့်ကျင့်ကြံသူများနှင့် တူညီသောအဆင့်ရှိ၏။ သူတို့သည် ပြိုင်ဘက်မဟုတ်ပေ။ အစအနတစ်ခု တွေ့သည်နှင့် ရှန်ချင်းယန်၏အကြီးအကဲကို လာရောက်အညံ့ခံရန် အချက်ပြမည်ဖြစ်သည်။
သွေးစွန်းထင်းမှုများမှာ မထင်ရှားဘဲ တဖြည်းဖြည်းလျော့နည်းလာသည်...။ သူတို့သည် သွေးစွန်းထင်းမှုများ၏ဦးတည်ရာအတိုင်း လိုက်သွားပြီး နိမ့်သောချိုင့်ဝှမ်းတစ်ခုသို့ ရောက်လာကြ၏။
ကျီဖန်းဖန်းသည် ရှေ့ဆုံးမှ လျှောက်သွားပြီး ခါးကိုင်းကာ သူ့ရှေ့ရှိ အကိုင်းအခက်များကို ဖယ်လိုက်သည်။ အကိုင်းအခက်တွင် အဝတ်စတစ်ခု ချိတ်နေပြီး အဝတ်စတွင် သွေးစွန်းထင်းနေသည်...။ လူတိုင်း တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။ ကျင့်ကြံသူတစ်ယောက်၏သွေးများ ဖြစ်နိုင်ပါသလား? တစ်ယောက်ယောက် အသတ်ခံရပြီလား?
လူတိုင်း ခြေလှမ်းမြန်လာပြီး ချောက်ထဲသို့ ကြည့်လိုက်သောအခါ သူတို့၏မျက်နှာများသည် အကြီးအကျယ် ပြောင်းလဲသွား၏။
လိမ်ကောက်နေသောအလောင်းတစ်ခုသည် ကျောက်ဆောင်များ၏အက်ကွဲကြောင်းများတွင် ပိတ်မိနေ၏။ အလောင်း၏တစ်ဝက်သာ ကျန်ရှိသော်လည်း သူသည် မည်သူဖြစ်ကြောင်း ခွဲခြားနိုင်သေးသည်။ သူသည် ချီရှာဂိုဏ်းမှတင်းကန်ပင်..!!!
End