no

Font
Theme

Unicode

barrageတွင် ထန်ယဲ့ကို သနားနေကြသော Fanများဖြင့်ပြည့်နှက်နေလျက်၊ တစ်ဖက်တွင်လည်း စုချီယွဲ့တင်ပေးလိုက်သည့် ထန်ယဲ့၏ Q ဗားရှင်းမှာ ကွန်မန့်အများအပြားရရှိနေ၏။

[လတ်စသတ်တော့ ပန်းချီဆရာ*တာ့တာ့ဖြစ်နေတာကိုး၊ မင်းရဲ့ပန်းချီတွေကအရမ်းမိုက်]

(*တာ့တာ = ဆရာကြီး)

[လာပါ၊ များများဆွဲပေးပါဦး၊ အလုပ်ကြိုးစားတဲ့ တာ့တာ့ဖြစ်ပါစေနော်! ]

[တာ့တာ့ကိုမေးပါရစေ၊ ကောကောကို ခေါ်သွားလို့ရမလားဟင်? ]

လူတော်တော်များများက သူတို့သုံးလို့ရပါသလားဆိုသည့်မက်ဆေ့ချ်များအပြင် သီးသန့်မက်ဆေ့ချ်များကိုပါ ချန်ထားခဲ့ကြ၏။ စုချီယွဲ့ တစ်ကြောင်းတည်းနှင့် စာပြန်လိုက်သည်။

[ဒါကို သိမ်းထားလို့ရပေမယ့် စီးပွားဖြစ်သုံးဖို့ မဟုတ်ပါဘူး]

ထန်ယဲ့ နိုးလာမည့် အရိပ်အယောင် မပြသေး၍ စုချီယွဲ့ ပျင်းလာကာ သူ့ဖုန်းကို ဟိုဆွဲဒီပွတ်လုပ်နေလိုက်သည်။ ထို့နောက် သူတို့အဆောင်ခန်းမှ Group chatဟာ အတော်လေးအသက်ဝင်နေကြောင်း သူတွေ့လိုက်ရ၏။ ချင်ဟောက်ချူးနှင့် အခြားလူများက သူ့ကို အရူးအမူး @ခေါ်နေကြကာ သူ့၏ရသစုံရှိုးအကြောင်း မေးမြန်းနေကြလေသည်။

[အတုမရှိတဲ့စကြဝဠာ ၄၀၃] (gp chat name)

[စုချီယွဲ့ : မင်းတို့မြင်တဲ့အတိုင်းပဲ၊ ရသစုံရှိုးမှာ ပါလိုက်တာပါပဲ]

[ချင်ဟောက်ချူး : အိုးမိုင်ဂေါ့ မင်း တကယ်ပဲ ငါ့idolနဲ့အတူတူရှိနေတာပေါ့လေ၊ မင်းကသစ္စာဖောက်ပဲ၊ ကိုယ့်ညီအစ်ကိုတွေကိုတောင် ကြိုမပြောသွားဘူး]

[စုချီယွဲ့ : မင်းနဲ့ စွင်းဇီအတွက် မင်းတို့idolရဲ့ လက်မှတ်ထိုးထားတဲ့ဓာတ်ပုံတွေ ငါချန်ထားပေးခဲ့တယ်လေကွာ]

[ချင်ဟောက်ချူး နှင့် စွင်းဇီ : အား အား အား အိုက်နီ အိုက်နီ ]

(အိုက်နီ = love you)

[ကျန်းခိုင်: [ဆွံ့အနေတဲ့.gif]]

[စွင်းဇီ: မင်း ငါတို့အတွက် သူ့ကို ကောင်းကောင်းဂရုစိုက်ပေးရမယ်၊ ပျော်အောင်လုပ်ပေးရမယ်၊ ကောင်းကောင်းကျွေးမွေးဝတ်စားဆင်ယင်ပေးရမယ်၊ သူ့ကို တအားမပင်ပန်းစေနဲ့ကွာ]

[ချင်ဟောက်ချူး : နောက်ပြီးတော့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး မင်းဘာမင်း အသိစိတ်ရှိပေးလို့ရမလား? ]

[စုချီယွဲ့ : ... ဆက်ဆံရေးတစ်ခုမှာ ဘယ်လိုအသိစိတ်ရှိဖို့ လိုတာလဲဟင်? [မေးခွန်းမေးနေတဲ့.gif]]

[ချင်ဟောက်ချူး : [စက်ဆုပ်ရွံရှာနေတဲ့.gif] ခုနက မင်းကိုယ်မင်းပဲကြည့်လိုက်၊ ငါ့ထန်ကောက ကြိုးကြိုးစားစားချက်ပြုတ်နေပေမယ့် မင်းကတော့ တကယ်ကြီး တခြားဧည့်သည်အဖွဲ့တွေကို လာစားဖို့ သွားဖိတ်ခေါ်နေတာ။ လူနှစ်ယောက်တည်းကမ္ဘာဆိုတာကို မင်းနားလည်ရဲ့လား? ငါသာထန်ကောဆိုရင် မင်းကို သင်ခန်းစာတစ်ခုသင်ကိုသင်ပေးမိမှာ အသေအချာပဲကွ! ]

စုချီယွဲ့ စာအုပ်ထဲမကူးပြောင်းလာခင် သူsingleဖြစ်နေခဲ့တာ နှစ်၂၀ကျော်ကြာပြီလေ။ သူတစ်ခါမှ မချစ်ခဲ့ဖူးဘူး၊ အချစ်ကဘာလဲဆိုတာလည်း သူမကြုံဖူးဘူးလေ၊ ဆိုတော့ သူ ဒီအရာတွေကို ဘယ်လိုလုပ်ပြီးနားလည်မှာလဲလို့...

[စုချီယွဲ့ : [ဝမ်းနည်းနေတဲ့.gif] ငါမှားသွားပါတယ်၊ မှားသွားပါတယ်။ ငါ့နည်းလမ်းတွေကို သေချာပေါက်ပြောင်းလဲပစ်ပါ့မယ်! ]

ချင်ဟောက်ချူးနှင့် စွင်းဇီတို့ဟာ အစေခံအိုကြီးနှစ်ယောက်နှင့်တူနေပြီး စုချီယွဲ့ကို ညွှန်ကြားချက်များစွာပေးနေလေ၏။ နောက်ဆုံးတွင် စုချီယွဲ့ အိပ်ငိုက်သွားကာ ဆိုဖာပေါ်မှာပဲ အိပ်ပျော်သွားခဲ့သည်။

ည့ဥ်အခါ၌ တောအုပ်အပန်းဖြေခြံမှာ ရံဖန်ရံခါခွေးဟောင်သံများမှလွဲ၍ လွန်စွာဆိတ်ငြိမ်နေလျက်။ ဧည့်ခန်းထဲက မီးရောင်အောက်တွင် လူနှစ်ယောက် ဆိုဖာပေါ်လဲလျောင်းနေပုံမှာ ငြိမ်သက်နေပြီး သဟဇာတဖြစ်လွန်းနေလေသည်။

အပြင်ဘက်ရှိ ကောင်းကင်ကြီး လင်းစပြုလာသည့်အခါ ထန်ယဲ့ အနည်းငယ်လှည့်လိုက်၍ သူ့ကိုယ်ပေါ်ကစောင်မှာ အောက်ပြုတ်ကျသွားခဲ့သည်။ သူမျက်လုံးဖွင့်ကာ ဖြည်းဖြည်းလေးထထိုင်လိုက်၏။ ထို့နောက် စုချီယွဲ့လည်း ဟိုဘက်မှာအိပ်ပျော်နေမှန်း သူတွေ့လိုက်ရသောကြောင့် လျှောက်သွားပြီး သူ့ကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်လေသည်။

စုချီယွဲ့ အိပ်ပျော်နေစဥ်မှာပင် ပိုအေးလာသလို ခံစားနေရပေမယ့် ရုတ်တရက်ကြီး အပူပေးစက်တစ်ခု သူ့အနားရောက်လာသည်ကို ခံစားလိုက်သဖြင့် သူ့လက်ကို မြန်မြန်ဆန့်ထုတ်ကာ တင်းတင်းဖက်ထားလိုက်သည်။

ထန်ယဲ့က သူ့ကို အခန်းထဲပြန်သယ်သွားလိုက်ပြီး အိပ်ရာပေါ်ချပေးလိုက်သည်။ စုချီယွဲ့က ထန်ယဲ့၏လက်မောင်းကို သူ့မျက်နှာလေးနှင့် ပွတ်သပ်နေပြီးနောက် ထန်ယဲ့ခြုံပေးထားသည့်စောင်ကိုပွေ့ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော်သွားခဲ့သည်။

အချိန်ကား မနက်လေးနာရီကျော်ဖြစ်ရာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လူသိပ်မရှိသော်လည်း ဤမြင်ကွင်းကိုမြင်လိုက်ရသည့်လူတိုင်း ရုတ်ချည်းတက်ကြွလာကြပြီး ကွန်မန့်များ ပလူပျံလာပြန်သည်။

[ကောကောက ဘယ်လိုတောင်လူကောင်းလေးလဲနော်? ]

[ကောကောရဲ့ ပွေ့ဖက်မှုက အရမ်းနွေးထွေးတာပဲဖြစ်ရမယ်၊ စုချီယွဲ့က ကောကောကို အရမ်းတင်းတင်းကျပ်ကျပ်ကြီးဖက်ထားတာနော်]

[အား အား အား အရမ်းချိုလိုက်တာ၊ ဒါ ဘယ်လိုတောင်လိုက်ဖက်လွန်းတဲ့ CPလဲလို့! ]

[မနက်စောစောစီးစီး ကောင်းကင်ပေါ်က ခွေးစာတွေကျလာပြီဟ၊ ငါ ဒီနေ့စားဖို့မလိုတော့ဘူး]

စုချီယွဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်လည်း ပရိုဂရမ်အဖွဲ့ကဝန်ထမ်းတစ်ဦးဆီမှ လာနှိုးခြင်းခံလိုက်ရ၏။

သူ မရင်းနှီးနေသောအိပ်ခန်းကို ကြည့်လိုက်ပြီး ကင်မရာမန်းအား မေးလိုက်၏။

"ကျွန်တော် ဆိုဖာပေါ်မှာ အိပ်နေတာမဟုတ်လား? အိပ်ရာပေါ် ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?"

ကင်မရာမန်းက အောက်ထပ်ကို ညွှန်ပြလိုက်၏။

စုချီယွဲ့ : "ထန်လောင်ရှီး ကျွန်တော့်ကို သယ်လာတာလား?"

ကင်မရာမန်း ခေါင်းညိတ်ပြလိုက်သည်။

စုချီယွဲ့ ကုတင်ပေါ်ကနေ ခုန်ချလိုက်ပြီး အရမ်းအေးစက်သလို ခံစားလိုက်ရသောကြောင့် စောင်ကိုပြန်ခြုံလိုက်ရင်း

"မင်းတို့ပရိုဂရမ်အဖွဲ့မှာ အိပ်ရာနှိုးတဲ့ ဝန်ဆောင်မှုရှိတာလား?"

"ဒါရိုက်တာက မင်းကို တောင်တက်ဖို့ ဖိတ်ထားပါတယ်"

စုချီယွဲ့ စောင်ဖြင့် သူ့ကိုယ်သူဖုံးအုပ်ထားပြီး ပြတင်းပေါက်သွားဖွင့်လိုက်ရာ ဆောင်းတွင်းနှောင်းပိုင်းကဲ့သို့ သန့်ရှင်းလတ်ဆတ်ပြီး အေးစက်စက်လေများ ဝင်လာသဖြင့် စုချီယွဲ့ကို တုန်ယင်သွားစေလျက်။

"ကျွန်တော်ပြောမယ်၊ အခုက သြဂုတ်လမဟုတ်ဘူးလားဟင်? ဘာလို့ ဒီလောက်အေးနေရတာလဲ?"

သူရရှိခဲ့သောတစ်ခုတည်းသောအဖြေကား တိတ်ဆိတ်ခြင်းသာ။

စုချီယွဲ့ အဝတ်အစားဝတ်ကာ သန့်ရှင်းရေးလုပ်ရန်သွားလိုက်၏။ ထို့နောက် သူယူလာခဲ့သော လေဖောင်းအင်္ကျီနှင့်အတူ အောက်ထပ်ဆင်းလာခဲ့သည်။

ထန်ယဲ့ ဆိုဖာကိုမှီထားလျက် သူ့လက်ချောင်းများက ကီးဘုတ်ကို နှိပ်နေသဖြင့် သာယာသောအသံကို ထွက်ပေါ်နေလေသည်။ စုချီယွဲ့ ဆင်းလာသည်ကို မြင်သောအခါ လုပ်လက်စများကိုရပ်၍ သူ့ကိုကြည့်လိုက်၏။

စုချီယွဲ့ : "သူတို့က တောင်ပေါ်တက်ကြမယ်လို့ပြောတယ်။ ကော သွားချင်လား?"

ထန်ယဲ့ : "တောင်ထိပ်ကို ပထမဆုံးရောက်တဲ့သူအတွက် ဆုတစ်ခုရှိတယ်လို့ပြောတယ်"

စုချီယွဲ့ : "Activitiesတွေကို သူတို့ဘာသာစီစဥ်တာမဟုတ်ဘူးလား? သူတို့က ဘာလို့ ဆုတွေပါထပ်ပေးနေသေးတာလဲ?

ထန်ယဲ့ : "ကန့်သတ်ချက်တွေမရှိပေမယ့် တစ်ခါတလေ မင်းမှာ ပိုက်ဆံရှိရင်တောင် ဒီလို သစ်တောခြံမှာ မင်းလိုချင်တာကိုမဝယ်နိုင်ဘူး"

စုချီယွဲ့ ဤအကြောင်းတွေးကြည့်လိုက်ပြီးနောက် မှန်တယ်လို့ ခံစားလိုက်ရသဖြင့်

"အပြင်မှာ အရမ်းအေးနေပြီ။ ခင်ဗျား ကျွန်တော့်ကို အိမ်မှာပဲစောင့်နေလေနော်။ ကျွန်တော် ဆုရအောင်ပြန်ယူလာခဲ့ပေးမယ်"

စုချီယွဲ့ ပြောရင်းဆိုရင်း သူ့လေဖောင်းအင်္ကျီကိုဝတ်ကာ ပြေးထွက်သွားသည်။

ထန်ယဲ့ လှမ်းတားကာ လေဖောင်းအင်္ကျီကို ယူလိုက်ပြီး သဘာဝကျကျဝတ်ဆင်လိုက်ရင်း

"နည်းနည်းသေးနေတာပဲ"

ဤသို့ပြောပြီးနောက် တံခါးအပြင်ကိုထွက်လာခဲ့လေသည်။

စုချီယွဲ့ကတော့ ထန်ယဲ့ သူ့လက်ထဲကို ထိုးထည့်သွားသောစောင်ကို ကြည့်လိုက်ရင်း တစ်ယောက်တည်း ရှုပ်ပွကျန်နေလေရဲ့။

[ဟား ဟား ဟား တောင်တက်တာလိုမျိုးအသေးအဖွဲကိစ္စလေးတွေကို ငါ့ကောကောကကိုယ်တိုင်လုပ်ရမှာပေါ့]

[သေချာတာကတော့ ငါရွေးချယ်ထားတဲ့ဇနီးလေးကို ငါအလိုလိုက်ရမှာပေါ့ကွာ! ]

[ကောကောက တစ်ယောက်တည်း တောင်တက်သွားပေမယ့် တခြားအုပ်စုတွေက ဧည့်သည်နှစ်ယောက်လုံး သွားကြတာပဲ]

[ငါ မနေ့ကစစ်ဆေးကြည့်တော့လေ... တာ့ရန်တောင်ထိပ်မှာ နေထွက်တာက တအားတအားလှတယ်တဲ့၊ ရှောင်ကောကော မကြည့်လိုက်ရတာ သနားစရာပဲ]

[အခြားဧည့်သည်တွေက အေးခဲနေပုံရတယ်နော်၊ သူတို့စကားပြောတဲ့အခါ အငွေ့တွေထွက်လာတာကို မြင်နေရတယ်၊ ကြည့်ရတာ အရမ်းအေးနေတာပဲဖြစ်မယ်]

[အားယား ကောကောကျဲကျဲတွေ အရမ်းသနားဖို့ကောင်းတာပဲ။ ဒီလောက်အေးနေတာကို၊ ပြန်ကြပါတော့လို့။ အဲဒီခန်ကုတင်ကြီးက နွေးမယ့်ပုံပဲနော်]

[စုချီယွဲ့က လေဖောင်းအင်္ကျီယူလာရမယ်မှန်း ဘယ်လိုသိတာလဲနော်? သူက တအားအကြံကြီးတာပဲဟ]

[ကောကောကတော့ အားစိုက်ထုတ်စရာမလိုဘဲ အေးအေးဆေးဆေး ရှေ့ဆက်သွားနေပြီဟေ့။ ဆုကဘာဖြစ်မလဲဆိုတာ ငါမသိဘူး]

ထန်ယဲ့မှာ ခြေတံရှည်ရှည်တွေရှိပြီး အားလပ်ချိန်များတွင် လေ့ကျင့်ခန်းလုပ်လေ့ရှိသောကြောင့် ကိုယ်ကာယကြံ့ခိုင်မှုရှိလေသည်။ စုချီယွဲ့၏ လေဖောင်းအင်္ကျီကျေးဇူးကြောင့် လူတစ်ကိုယ်လုံး နွေးထွေးနေကာ သက်တောင့်သက်သာရှိသလို ခံစားနေရသဖြင့် သူလည်း အခြားဧည့်သည်အဖွဲ့ကို နောက်ချန်ထားခဲ့ကာ တောင်ထိပ်ပေါ်သို့ အမြန်တက်ခဲ့လေသည်။

နေလုံးကြီးက အရှေ့ဘက်ယွန်းယွန်းမှာ ထွက်ပေါ်လာသည်နှင့် နေရောင်ခြည်ဟာ ကမ္ဘာ​ကြီးပေါ် ရုတ်တရက်လင်းထိန်တောက်ပလာပြီး တောင်တန်းတစ်ခုလုံး ရွှေရောင်လွှမ်းသွားလျက် လေအေးအများစုလည်း ပျောက်ကွယ်သွားချေပြီ။

ထန်ယဲ့ ဖုန်းကိုထုတ်ကာ နေထွက်ချိန်ဖြစ်စဉ်တစ်ခုလုံးကို ရိုက်ကူးခဲ့ပြီး အစီအစဉ်အဖွဲ့အား ဆုပေးရန် ပြောလိုက်၏။

ဝန်ထမ်းများက ထန်ယဲ့အား VIP နံနက်စာကူပွန်နှစ်စောင်ကို ပေးလိုက်သည့်အခါ ထန်ယဲ့ အကြာကြီးကြည့်နေပြီးမှ ပြောလိုက်လေသည်။

"ဒါပဲလား?"

စာရေးသူမှာ ပြောစရာရှိပါတယ်။

ထန်ယဲ့: မင်းတို့က ငါ့ကို မနက်စာကူပွန်လေးပဲ ပေးချင်တယ်ပေါ့လေ?

ဝန်ထမ်း(တုန်တုန်ယင်ယင်ဖြင့်) : မင်းသားက ဒီဆုကို သိပ်ကျေနပ်ပုံမပေါ်ဘူးနော်။ ငါဘာလုပ်သင့်လဲ? အွန်လိုင်းမှာစောင့်နေပါတယ်နော်၊ အရမ်းအရေးကြီးတယ်လို့~

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment