no

Ch 1.1


စားစရာများ၊ ဟင်းသီးဟင်းရွက်များအပြည့်ပါသောအိတ်များကို ဆွဲပြီး စူပါမားကတ်ကနေထွက်လာတော့ ရင်းနှီးသလိုခံစားရတဲ့အနက်ရောက်ကိုယ်ပိုင်ကားတစ်စီးကို အပေါက်ဝမှာ ကျိုးဖန်မြင်လိုက်ရသည်။ ကားထဲက အမျိုးသားသည် ကားမှန်ကိုချကာ သူ့ကိုတစ်ချက်ကြည့်ရင်း စကားနှစ်ခွန်းကိုသာ ပြောလိုက်သည်။


“ကားပေါ်တက်”


ကျိုးဖန်ခမျာ လက်ထဲမှာအိတ်ကြီးနှစ်အိတ်ကို ပိုက်လျက် ကားပေါ်သို့ ပါသွားသည်။ ထိုအမျိုးသားကို အံ့ဩတဲ့အကြည့်နှင့် မှန်ကနေကြည့်နေမိသည်။ “ငါ့ကို ဘာလို့လာခေါ်တာလဲ?”


ကားက လျှပ်စီးလိုအလျင်နှင့်သွားနေသည်။ ရှောင်ဟန်က လမ်းမကိုကြည့်ရင် အေးဆေးပြန်ပြောလိုက်သည်။ “ညနေငါးနာရီကျရင် ချန်လီက အိမ်ကို ပြန်လာမှာ။ သူ့ကို ငါသွားကြိုရမယ်။ အဲတော့ သူပြန်လာတာကို ကြိုဆိုတဲ့အနေနဲ့ ငါတို့က ညစာအတူစားရလိမ့်မယ်။”


ချန်လိဆိုတဲ့နာမည်ကြောင့် ကျိုးဖန် အာရုံထွေပြားသွားသလိုပင်။ ပလတ်စတစ်အိတ်များကို တင်းကျပ်စွာကိုင်ထားမိလိုက်သည်။ ရှောင်ဟန်၏အေးစက်စက်ပုံစံကို ပြန်ကြည့်ရင်း “မင်းတို့နှစ်ယောက်လုံးအတွက် ညစာချက်ပေးရမလား? နံရိုးတွေလဲ အပိုဝယ်လာ...”


“မလိုပါဘူး။ ပြင်သစ်စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားပြီးပြီ။” ရှောင်ဟန်က သူ့ကိုစကားဖြတ်ပြောရင်း နက်ခ်တိုင်ကို ခပ်တင်းတင်းဆွဲကာ အပြုံးမမည်သောအပြုံးကို ပြုံးပြသည်။


အဲအပြုံးကိုမြင်လိုက်ချိန်မှာ ကျိုးဖန်တစ်ယောက် တောင့်ခဲသွားသလိုခံစားလိုက်ရသည်။ရှောင်ဟန်သည် သူ့ကို အဲလိုမိန်းမောဆွံ့အစေနိုင်သောအပြုံးမျိုး တစ်ခါမှမပြုံးပြခဲ့ဖူးပါ။


“အရင်တစ်ခါကပြောဖူးတဲ့ငါနဲ့တူတယ်ဆိုတဲ့တစ်ယောက်လား?” ကျိုးဖန် မဝံ့မရဲမေးလိုက်သည်။


“မဟုတ်ဘူး။ ရှောင်ဟန် သူ့ကို ပြင်ပြောလိုက်သည်။ “မင်းကသာ သူနဲ့တူတာ။ ဒါပေမဲ့ နည်းနည်းပဲ တူတာပါ။”


“.....”


သူ့လက်ထဲကပစ္စည်းတွေ ပြန့်ကျဲကုန်သည်။ သူဝယ်လာတာတွေက ဘာမှမဟုတ်တော့သလိုပင်။ ဒါပေမဲ့ ရှောင်ဟန်ကတော့ ဒါတွေကို လုံးဝဂရုမစိုက်နေပေ။ တကယ်တမ်းကျတော့ သူ့ကို ကားပေါ်တက်ခိုင်းပြီးကတည်းက သူ့ကိုမကြည့်နေခဲ့တော့တာဖြစ်သည်။


ကျိုးဖန်၏မျက်လုံးတွေ နီမြန်းလာသည်။ ငါ မင်းအပေါ်ဒီလောက်ကောင်းတာတောင်မှ မင်းရဲ့နှလုံးသားကို လျန်းချန်လိကပဲ ဘာလို့စိုးမိုးထားရတာလဲ? စိတ်ထဲမှာ ပြန်မေးမိတဲ့တစ်ခုတည်းသောအရာ။


ကျိုးဖန် နာရီကိုတစ်ချက်ကြည့်လိုက်သည်။ အခုမှ ညနေသုံးနာရီပဲ ရှိသေးသည်။ လေဆိပ်ကိုရောက်ဖို့ဆိုရင် တစ်နာရီပဲ ကြာမှာဖြစ်သည်။ ကားမောင်းတာ အလွန်မြန်နေသည်...ဘယ်လောက်တောင်မှ စိတ်အားထက်သန်နေတာများလဲ?


ရှောင်ဟန်ဟာ သူ့ဘေးမှာထိုင်နေသော မိန်းကလေးလိုမျိုးနူးညံ့သောထိုယောကျ်ားကို အာရုံတောင်ရှိမနေပေ။ လျှင်မြန်စွာမောင်းနေသောကားအရှိန်ဆီမှာသာ ဒီနေ့မှာသူ့စိတ်အခြေအနေကို ပုံအောထားသလိုပင်။


လျန်းချန်လိကို တွေ့ချင်မိသည်။ ထိုသူက တကယ်ပဲ ဘယ်သူများလဲ?


ဒီနေ့မနက်အိပ်ရာနိုးတော့ သူဟာ ပေါက်ကရဝတ္ထုထဲက ဆန်ကုန်မြေလေးအထက်ပုဂ္ဂိုလ်၏ခန္ဓာကိုယ်ထဲ ရောက်နေမှန်းသိလိုက်ရလေသည်။


ရှောင်ဟန်က ဘယ်ကိုရောက်သွားတာလဲ? သူကရော ဘယ်လိုသိမှာတဲ့လဲ? ဘာပဲဖြစ်ဖြစ် အခြေအနေတွေက ဖြစ်ပြီးသွားခဲ့ပြီ။


အဲဒါတင်မကသေးပေ။ ဒီဝတ္ထုထဲက အထက်ကောင်က သူ့ကိုဂရုစိုက်ပေးတဲ့သူငယ်ချင်းကို ကြိတ်ကြွေနေတာဖြစ်သည်။ ဒါပေမဲ့ သူ့သူငယ်ချင်းမရှိတုန်း ရုပ်ချင်းဆင်တဲ့သူကိုရှာပြီး အနားခေါ်ထားသေးသည်။


မေးစရာမလိုအောင် သူသိနေလေသည်။


ဇာတ်ညွှန်းအတိုင်းကြောင့်သာ စူပါမားကတ်ကိုသွားပြီး ကျိုးဖန်ကို ညနေ၃နာရီမှာ ဝင်ခေါ်ရသည်။ ပြီးလျှင် လေဆိပ်ကိုအမြန်သွားပြီး သူ့ငယ်ချစ်ကို သူ့အချစ်လေးနဲ့အတူသွားတွေ့ရမည်ဖြစ်သည်။ တော်တော်ကို စိတ်ကူးယဉ်ဆန်တဲ့အရေးအသားပဲ...ဒီထက်ဘယ်ဟာကများ ထပ်ဆိုးနိုင်တော့မှာလဲ?


အာ? ဒီဇာတ်ညွှန်းကဘာလဲဆိုတာကိုရော မင်းမေးခဲ့လို့လား? ငါ့ကို ဘာလို့ခေါ်ထားတာလဲ စွယ်စုံသုံးဖို့လား?


နောက်ကြည့်မှန်ကနေ ရှောင်ဟန်သည် သူ့အချစ်လေး၏အကြည့်ကို မြင်လိုက်ချိန်မှာ သူ့ညီလေးက နာလာသလို ခံစားလိုက်ရသည်။


ဒီမှာ ညီလေး ငါတို့တွေ့တာ အခုမှပထမဆုံးလေ။ တအားကြီးမုန်းစရာကောင်းအောင် မလုပ်လို့မရဘူးလား? မင်းကို သိတောင်မသိသေးဘူး။


သူ့စိတ်ထဲမှာဝုန်းဒိုင်းကြဲနေပေမဲ့ ရှောင်ဟန်က သူ၏အေးစက်စက်အသွင်အပြင်ကိုတော့ အပျက်မခံပါ။ ဇာတ်ညွှန်း၏စေခိုင်းချက်အရ ကျိုးဖန်၏ကြိုးစားမှုတွေကို မမြင်သလိုမျိုးဆက်လုပ်နေရုံသာတတ်နိုင်လေသည်။


သွားတဲ့လမ်းမှာကားပိတ်မယ်လို့ ဘယ်သူက‌ရောထင်မှာလဲ? သိပ်ကိုအံ့ဩဖို့ကောင်းသောဖြစ်ရပ်များပင်။ အခုတော့ အရှိန်တင်ချင်ရင်တောင်မှ တင်လို့မရတော့ပေ။


“သေစမ်းကွာ!!” သူ့စိတ်ထဲမှာပဲကျိန်ဆဲလိုက်ပြီး ကားစတီယာရင်ကို ဆက်ခနဲရိုက်ချလိုက်သည်။ အပြုအမူကိုသတိထားမိသွားတဲ့ ကျိုးဖန်ခမျာ လျန်းချန်လိဆီရောက်ဖို့နောက်ကျသွားတဲ့အတွက် ဒေါသဖြစ်နေတာလို့ ထင်လိုက်သည်။ အဲအတွေးက ကျိုးဖန်ကို ပိုလို့တောင်မှ ဝမ်းနည်းသွားစေ၏။


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment