no

Font
Theme

Chapter ( 2 )

ကုအန်းရဲ့အမူအရာက အေးခဲသွားပြီး ယာယီရှော့ရသွားခဲ့သည်။ သူ အမြန်သတိဝင်လာပြီး အေးစက်စက်မေးလိုက်သည်။

" မင်းက ဘယ်သူလဲ? "

ပင်မနတ်ဘုရားက ဖြေသည်။

" ငါက ပင်မနတ်ဘုရားလေ "

သို့ရာတွင် သူ့ခေါင်းထဲမှအသံက ပြောလာပြန်သည်။

" ငါက system 521 လေ အန်းအန်းရဲ့ မမှတ်မိတော့ဘူးလားဟင် QAQ  "

ကုအန်း ထပ်မမေးတော့ပဲ ပင်မနတ်ဘုရားဆိုသူအား ပြောလိုက်သည်။

" ဂိမ်းထဲဝင်ဖို့ ငါသဘောမတူခဲ့ဘူး။ ဒါက ရိုင်းစိုင်းတဲ့အပြုအမူပဲ "

ပင်မနတ်ဘုရားက ပြန်ဖြေသည်။

" မင်းက လွတ်မြောက်ရေးဂိမ်းထဲဝင်ဖို့အတွက် အရည်အချင်းပြည့်မှီကြောင်းကို ဂိမ်းကရှာတွေ့ခဲ့တယ်။ ပြီးတော့ မင်းကို ရွေးချယ်ခွင့်နှစ်ခုပါတဲ့ အီးမေးလ်တစ်စောင် ပို့ခဲ့တယ်။ မင်းက 'Yes' ကို နှိပ်ခဲ့တယ်လေ"

အေးစက်ပြီး ခံစားချက်မဲ့သည့်အသံက အမှောင်ထဲမှ ထွက်ပေါ်လာသည်။

ကုအန်း ဒါကိုမမှတ်မိတာကြောင့် ပြောလိုက်သည်။

" ငါ ဘာအီးမေးလ်မှ မရခဲ့ဘူး "

ပင်မနတ်ဘုရားက ခဏတိတ်သွားပြီးနောက် နေရာလွတ်တစ်ခုလုံး လင်းထိန်လာခဲ့သည်။

ကုအန်းမှာ တောက်ပသည့်အလင်းရောင်ကြောင့် ရုတ်တရက် မျက်စိကျိန်းသွားခဲ့သည်။ သူ့မျက်လုံးကို လက်ဖြင့်အုပ်ထားစဉ် 521 ရဲ့အသံက သူ့ခေါင်းထဲ၌ ညည်းညူလာပေသည်။

" ဒီအလင်းရောင်က တအားတောက်လွန်းတယ်။ မျက်လုံးထိခိုက်သွားလားဟင် အန်းအန်း "

ကုအန်းက 521 ရဲ့ စကားပြောနေသံကို လျစ်လျူရှုပြီး သူ့မျက်လုံးများ အသားကျသွားချိန်အထိ စောင့်နေလိုက်သည်။ တစ်မိနစ်ခန့်ကြာပြီးနောက် သူ့မျက်လုံးက အလင်းရောင်နှင့် အသားကျသွားချိန်တွင် လက်ပြန်ချလျက် အနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သူ့မျက်လုံးထဲသို့ ပထမဆုံးဝင်လာသည့်အရာမှာ လေထဲတွင်ပေါ်လောမျောနေသည့် ချောက်ချားဖွယ် ဓာတ်ပြားတစ်ချပ် ဖြစ်လေသည်။

ဓာတ်ပြားတစ်ချပ်လုံးက အမည်းရောင်ဖြစ်သော်လည်း မီးခိုးအရင့်ရောင် တစ်စွန်းတစ်စ ပါရှိနေကာ ၎င်းမှထုတ်လွှတ်နေသည့် အလင်းရောင်မှိုင်းမှိုင်းက လူတစ်ယောက်ကို အတော်လေး မသက်မသာခံစားရစေပေသည်။

ကုအန်း ဓာတ်ပြားချပ်ကို အကြိမ်အနည်းငယ်မျှ ကြည့်ရှုပြီးနောက် တခြားအရာများကို ကြည့်လိုက်သည်။

သို့သော် သူကြည့်လိုက်သည့် နေရာတိုင်းက အဖြူရောင်သာ ဖြစ်နေခဲ့သည်။

521 က သူ့စိတ်ထဲတွင် စကားပြောလာသည်။

" အန်းအန်း ငါ့မှာလည်း နေရာလွတ်ရှိတယ်ရယ်~ နောက်ကျရင်ပြမယ်နော်~ "

ကုအန်း 521 ကို လျစ်လျူရှုထားပြီး ခဏမျှ ဟိုဟိုဒီဒီကြည့်နေခဲ့ကာ ဒီနေရာက အဆုံးမရှိဟန်တူကြောင််းကို နားလည်သွားခဲ့သည်။ ထို့ပြင် အဖြူအမည်းဓာတ်ပြားတစ်ချပ်က လေထဲတွင် ပေါလောပေါ်နေပြီး ဒီနေရာတွင် သူတစ်ယောက်တည်းသာ ရှိပေသည်။

ဓာတ်ပြားပတ်လည်မှ မှုန်မှိုင်းမှိုင်းအလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် ၎င်းက ကုအန်းရှော့သို့ လွင့်မျောလာခဲ့ကာ " မင်းရဲ့ အီးမေးလ်မှတ်တမ်းကို ရှာတွေ့ပြီ ကြည့်လိုက် "

ကုအန်းက လေထဲတွင် ရုတ်တရက်ပေါ်လာသည့် ဖောက်ထွင်းမြင်နိုင်သော အဖြူရောင်မျက်နှာပြင်ကို စိုက်ကြည့်ပြီး ခဏမျှ တိတ်ကျသွားကာ သူ ပြောလိုက်၏။

" ဒါက သူလျှိုလုပ်နေတာပဲ။ ငါ့ရဲ့ကိုယ်ရေးကိုယ််တာကို ကျူးကျော်ဝင်ရောက်တဲ့အတွက် တရားစွဲလို့ရတယ်နော် "

ပင်မနတ်ဘုရားဖြစ်တလဲ ဓာတ်ပြားချပ်က အံ့သြသွားခဲ့သည်။ သူ ဒီလိုပြောခံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့ကိုယ်သူ တည်ငြိမ်သွားအောင်လုပ်ပြီးနောက် ခပ်တည်တည် ပြန်ပြောလိုက်သည်။

" မင်း ပြန်သွားနိုင်တယ်ဆို လုပ်ပေါ့ "

ကုအန်း ဓာတ်ပြားချပ်ကို အေးစက်စက် တစ်ချက်ကြည့်ပြီးနောက် အဖြူရောင်မျက်နှာပြင်ပေါ်တွင် အာရုံစိုက်လိုက်သည်။

အတည်ပြုသံတစ်ခု ထွက်လာခဲ့ပြီး ထိုအီးမေးလ်နှင့်အတူ ပါဝင်သည့်အကြောင်းအရာများပါ ပျောက်သွားခဲ့ကာ ကွန်ပျူတာက နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ကုအန်းက ပုံမှန်ပြန်ဖြစ်သွားသည့် ကွန်ပျူတာကိုကြည့်ကာ ခဏမျှအံ့သြသွားပြီးနောက် စာပြန်လုပ်နေလိုက်သည်။ အခုလေးတင် သူလုပ်လိုက်သည့်အရာကိုတော့ လုံးဝမေ့သွားခဲ့သည်။

ဓာတ်ပြားက သူ 'Yes' နှိပ်လိုက်သည့်နေရာတွင် တန့်နေပြီး ကုအန်းကိုကြည့်လျက် ပြောလာသည်။

" ဒါကို မင်းကိုယ်တိုင်နှိပ်ခဲ့တာ ဘယ်သူမှ ဖိအားမပေးခဲ့ဘူး "

ကုအန်းမှာ တောက်ပနေသည့် screen ကို စိုက်ကြည့်ရင်း အံကြိတ်မိသွားသည်။

သူ့ခေါင်းထဲတွင် တောက်ပနေသည့် screen ပေါ်မှ ဖြစ်ရပ်များကို မမှတ်မိပေ။ သို့ရာတွင် ယခုလေးတင်ကြားလိုက်ရသည့် ထိုအထဲမှအသံက တစ်နည်းနည်းကြောင့် ရင်းနှီးနေသလို ခံစားရသည်။

ကုအန်း အသက်ပြင်းပြင်းရှူရင်း ဓာတ်ပြားချပ်ကို ရေခဲတမျှ အေးစက်စွ ာစိုက်ကြည့်လိုက်သည်။

" ဒီထဲမှာပြထားတာတွေကို ငါတစ်ခုမှမမှတ်မိဘူး။ ဒါက မင်းဘာသာ လုပ်ဇာတ်ခင်းထားတာလားဆိုတာ မပြောနိုင်ဘူး။ အဲတော့ ဘာလွတ်မြောက်ရေးဂိမ်းမှ ငါမကစားဘူး "

ဓာတ်ပြားချပ်က ဒေါသထွက်သွားပုံရကာ အေးစက်စက်ပြောလာခဲ့သည်။

" မင််းမှာ ပြန်ရုတ်သိမ်းခွင့်မရှိဘူး "

၎င်းက ဘာမှထပ်မပြောတော့ပဲ လိုရင်းကိုသာ ပြောလာခဲ့သည်။

" လွတ်မြောက်ရေးဂိမ်းမိတ်ဆက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် "

" လွတ်မြောက်ရေးဂိမ်း : ကစားသမားတစ်ယောက်က အဆင့်တစ်ခုကို ဖြတ်ကျော်ချိန်တိုင်း ရှင်သန်ရေးရမှတ်တွေ အမျိုးမျိုးရပါလိမ့်မယ်။ ဒီအမှတ်တွေနဲ့ ကစားသမားရဲ့စိတ်ကူးအပေါ် မူတည်ပြီး လက်နက်အမျိုးမျိုး ဒါမှမဟုတ် တခြားပစ္စည်းအမျိုးမျိုး လဲလှယ်နိုင်ပါတယ်။ မတူညီတဲ့ပစ္စည်းတွေအတွက် ရှင်သန်ရေးအမှတ်အမျိုးမျိုး ကျသင့်ပါလိမ့်မယ် "

" အဆင့်တစ်ခုကို ဖြတ်ကျော်ရင် : တာဝန်ကို အပြီးသတ်တဲ့အပေါ်မူတည်ပြီး ရှင်သန်ရေးအမှတ်တွေ ဒါမှမဟုတ် ပိုက်ဆံတွေ ဆုချခံရပါမယ်။ ထပ်ပြောရရင် ဆုတွေက ကျပန်းဖြစ််ပါတယ် "

" ဆုချခံရတဲ့ ရှင်သန်ရေးအမှတ်တွေက အမြင့်ဆုံး 1000 ဖြစ်ပြီး အနိမ့်ဆုံး 50 ဖြစ်တယ်။ ဆုတွေကို ပင်မနတ်ဘုရားက ထိန်းချုပ်ထားပါတယ်။ ကစားသမားတစ်ယောက်စီမှာ လိုအပ်တာတွေကို လဲလှယ်ဖို့ ဒါမှမဟုတ် လက်နက်တွေသိုလှောင်ဖို့ လက်ပတ်တစ်ခုစီ ရှိကြတယ် "

" ပိုက်ဆံက တစ်သန်းအထိဖြစ်နိုင်သလို အနည်းဆုံးက တစ်သိန်းဖြစ်တယ် "

" လဲလှယ်ပွိုင့်တွေက အောက်ပါအတိုင်းဖြစ်ပါတယ် :

" ဥပမာ ရေတစ်ဘူးကို ရှင်သန်ရေးအမှတ် 20 ကျသင့်မယ်။ ပေါင်မုန့်တစ်ခုကို 25 မှတ်၊ တောခုတ်ဓားတစ်လက်ကို 10 မှတ် "

" တာဝန်စည်းမျဉ်းတွေက အောက်ပါအတိုင်းဖြစ်တယ် :

" အဓိကတာဝန် : ပြီးမြောက်ရမယ်

ထပ်ပေါင်း :  ကျရှုံးသွားရင် ရှင်သန်ရေးအမှတ်တွေ နှုတ်ယူခံရမယ်။  တာဝန်ရဲ့ ခက်ခဲမှုပေါ်မူတည်ပြီး နှုတ်ယူတဲ့ပမာဏရှိမယ် "

" ရှင်သန်ရေးအမှတ်တွေက အနုတ်ပြနေချိန်မှာ ကစားသမားက အပြစ်ပေးခြင်းကမ္ဘာထဲကို ဝင်ရောက်ရမယ် "

" အရံတာဝန်များ : ကစားသမားရဲ့ ဆုံးဖြတ်ပိုင်ခွင့်အရ အရံတာဝန်ကို လက်ခံပါက ကျရှုံးသွားလျှင် အမှတ် 50 နှုတ်ခံရပြီး အောင်မြင်လျှင် အမှတ် 500 ဆုချခံရပါမယ် "

" ထပ်ပေါင်း : စွန့်စားမှုမြင့်မား၍ ကစားသမားများ ပေါ့ပေါ့တန်တန် သဘောမထားရန် အကြံပေးပါတယ် "

" ကစားသမား၏ အကျိုးကျေးဇူးတစ် : ပင်ကိုအရည်အချင်း

ကစားသမားတစ်ယောက်စီက ဂိမ်းထဲဝင်ပြီးနောက်မှာ တစ်ကြိမ်မဲနှိုက်ခွင့်ရှိပါတယ်။ ပြီးတော့ ပင်မနတ်ဘုရားက အထူးလုပ်နိုင်စွမ်းတချို့ ခွင့်ပြုပါလိမ့်မယ်။ ဥပမာ - ကိုယ်ကာယကြံ့ခိုင်မှု, လျင်မြန်သွက်လက်မှုနဲ့ တခြားရုပ်ပိုင်းဆိုင်ရာစကေးများ "

" ကစားသမား၏ အကျိုးကျေးဇူးနှစ် : လက်ပတ်

ရှင်သန်ရေးအမှတ်တွေကို စစ်ဆေးနိုင်ပြီး ထောက်ပံ့ပစ္စည်းတွေ လဲလှယ်နိုင်ပါတယ် စသဖြင့် "

" ကစားသမား၏ အကျိုးကျေးဇူးသုံး : ကစားသမားက နောက်ဆုံးအဆင့်ကို အောင်မြင်သွားချိန်မှာ ဆုတွေနဲ့အတူ တကယ့်ကမ္ဘာကို ပြန်သွားနိုင်ပြီး လက်ခံနိုင်လောက်တဲ့ ဆန္ဒသုံးခုကို ဆုအဖြစ်တောင်းနိုင်ပါတယ် "

ဓာတ်ပြားက တဖြတ်ဖြတ် တောက်ပလာပြီး ကုအန်းရှေ့တွင် စာချုပ်တစ်ခုပေါ်လာခဲ့သည်။

" ကျေးဇူးပြုပြီး ဒီအပေါ်မှာ လက်ဗွေနှိပ်ပါ "

ကုအန်း စာချုပ်ကိုယူကာ အကြိမ်အနည်းငယ်မျှ ဟိုလှန်ဒီလှန်ကြည့်လိုက်သည်။

" ဂိမ်းစည်းမျဉ်းတစ် : လွတ်မြောက်ရေးဂိမ်းထဲဝင်ရန် စာချုပ်တစ်ခုမှာ လက်မှတ်ထိုးရပါမယ်။ လွတ်မြောက်ရေးဂိမ်းထဲမှာ အမှတ်တွေဖယ်ရှားခံရပြီး ပြစ်ဒဏ်ကမ္ဘာကို ဝင်ရောက်ရရင် တကယ့်ခန္ဓာကိုယ်အစစ်နဲ့ ဝင်ရောက်ရမှာဖြစ်တယ် "

" ဂိမ်းစည်းမျဉ်းနှစ် : ပင်မနတ်ဘုရား ဖန်တီးထားတဲ့ ဖိုင်နယ်ဘော့စ်ကို အောင်မြင်သွားရင် ဆုသုံးခုတောင်းနိုင်ပါတယ်။ ထပ်ပေါင်း : ဒီဆုတောင်းတွေက ပင်မနတ်ဘုရားရဲ့ လုပ်နိုင်တဲ့အတိုင်းအတာထဲ ဖြစ်ရပါမယ် "

" ဂိမ်းစည်းမျဉ်းသုံး : ကစားဖော်တွေကို သတ်တာက အပြစ်ပေးခံရပါမယ် "

" ဂိမ်းစည်းမျဉ်းလေး : စာချုပ်ပါအချက်အလက်တွေကို ပေါက်ကြားလို့မရပါဘူး။ ပေါက်ကြားအောင်လုပ်တဲ့သူတွေကို အပြစ်ပေးပါမယ် "

" ဂိမ်းစည်းမျဉ်းငါး : ဂိမ်းဆော့နေတုန်းမှာ ရပ်ဆိုင်းလို့မရပါဘူး "

ဒီစာချုပ်တွင် သဘောတူညီချက် ငါးခုသာ ပါဝင်သည်။

အားလုံးက လွတ်မြောက်ရေးဂိမ်း၏ စည်းမျဉ်းများဖြစ်သည်။ ကုအန်း နှာခေါင်းရှုံ့လိုက်ပြီး ဓာတ်ပြားချပ်ကို သရော်စွာ ကြည့်လိုက်သည်။

ဂိမ်းမိတ်ဆက်က အခုလေးတင်ပြောလိုက်တာလား ဒါမှမဟုတ် ဒီစာချုပ်လားမသိပေမယ့် မလွယ်ပေါက်တွေ များလွန်းသည်။

သို့ရာတွင် ဒီစာချုပ်ရဲ့ ပထမဆုံးသဘောတူညီချက်အရ ပြစ်ဒဏ်ကမ္ဘာထဲသို့ တကယ့်ခန္ဓာကိုယ်နှင့် ဝင်ရောက်ရမည်ဖြစ်သည်။

ပြစ်ဒဏ်ကမ္ဘာထဲမှာ သေသွားရင် တကယ့်လက်တွေ့မှာလည်း သေသွားမှာလား?

သူ မေးလိုက်သည်။

" ဒီစာချုပ်ထဲမှာ ပြောထားတဲ့ ပြစ်ဒဏ်က ဘယ်လိုဟာမျိုးလဲ? "

" ဒါက ရဲတင်းလွန်းပါတယ် "

ဓာတ်ပြားချပ်က ပြန်ဖြေသည်။

" ကျေးဇူးပြုပြီး မသက်ဆိုင်တာတွေ မမေးပါနဲ့ "

" ကျေးဇူးပြုပြီး လက်ဗွေမြန်မြန်နှိပ်ပါ "

ကုအန်း တိတ်ဆိတ်သွားသည်။

သူ မျက်လွှာချလိုက်ပြီး ရှည်သွယ်ဖြူဖျော့သည့် လက်ချောင်းများက စာချုပ်ကို ဆုပ်ကိုင်ရင်း မရှင်းလင်းသည့်အလင်းတစ်ခုက သူ့မျက်လုံးထဲတွင် လက်ခနဲဖြစ်သွားကာ မေးလိုက်သည်။

" ငါက လက်မှတ်မထိုးဘူးဆိုရင်ရော? "

ဓာတ်ပြားချပ်က ကုအန်း ဒီလိုမေးလာမယ်လို့ မထင်ထားတာကြောင့် ခဏတန့်သွားခဲ့သည်။ထို

နောက် စက္ကန့်ပိုင်းကြာပြီးနောက် အေးစက်စက် ပြောလာပေသည်။

" မင်း လက်မှတ်မထိုးရင် ဒီနေရာမှာပဲ သေတဲ့အထိ နေသွားရမယ် "

ဒီအဖြေကို မျှော်လင့်မထားတာကြောင့် ကုအန်း မျက်လုံးပြူးသွားပြီး စာချုပ်ကိုင်ထားသည့် သူ့လက်ချောင်းများက ပိုမိုတင်းကြပ်သွားကာ အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။

" ကောက်ကျစ်လိုက်ပုံများ "

ကုအန်း မျက်လုံးကျဉ်းမြောင်းလိုက်ကာ နတ်ဆိုးဆန်သည့်အပြုံးတစ်ခုနှင့်အတူ ဓာတ်ပြားချပ်ကို ကြည့်လိုက်သည်။

" ငါငြင်းလိုက်ရင် ဒီနေရာမှာ သေဖို့စောင့်နေရုံပဲ တတ်နိုင်တယ် "

" ဒါပေမယ့် ငါက မသေချင်ဘူးဆိုတော့ သဘောတူရုံပဲရှိတယ်-- "

ဓာတ်ပြားချပ်က ကုအန်းစကားများကို မငြင်းပဲ ကုအန်းရဲ့အဖြေကို စောင့်နေခဲ့သည်။

521 က ကုအန်းစိတ်ထဲတွင် စိတ်လှုပ်ရှားစွာ စကားပြောလာခဲ့သည်။

" မြန်မြန်လက်မှတ်ထိုးလိုက်လေ အန်းအန်း! မင်းမှာ အစိမ်းရောင်တောင်တန်းတွေ ရှိနေသရွေ့ ထင်းအတွက် စိတ်ပူနေစရာမလိုပါဘူး! "

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment