no

Font
Theme

အပိုင်း-၁

၁၉၇၂ ခုနှစ်၊ နွေဦးရာသီ။

နေ့လည်ခင်းအချိန်သည် လူတိုင်း အလုပ်များနေကြချိန်ဖြစ်သည်။ တောင်ဟွားရွာ၏ အိမ်တိုင်းလိုလိုမှ မီးခိုးများ လျှံတက်နေသည်ကို မြင်ရသည်။ ကလေးများ၏ စိတ်လှုပ်ရှားဖွယ် အော်သံများနှင့် လူကြီးများ၏ အသံများကြောင့် ရွာတစ်ရွာလုံး အသက်ဝင်လျက် ရှိနေသည်။

သို့သော် အိမ်တစ်အိမ်တွင်မူ လူနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး အပြင်းအထန် အငြင်းပွားနေကြသည်။ ကျန်မိသားစုဝင်များက ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နေကြပြီး ထိုအငြင်းအခုံထဲ ဝင်စွက်ဖက်ရန် မဝံ့မရဲဖြစ်နေကြသည်။

"ညည်း.. ညည်း..ငါ ဒီလောက်ပဲ ပြောနေတာ။ သူ့ကိုလက်ထပ်ချင်လှချည်ရဲ့ဆို! သူက မသန်မစွမ်းဖြစ်သွားတော့မှ ညည်းက အခုမှ နောင်တရချင်ပြီပေါ့ဟမ်! ညည်းကို ငါတို့က အဲဒီလို သင်ကြားပေးထားသလား စုချောင်ချောင်!"

ထိုလူကြီးက အိမ်ထဲ၌ ဒေါသအပြည့်နှင့် ဆူပူနေသည်။ မိသားစုထဲတွင် ကလေး ၃ ယောက်ရှိသည်။ ကျန်အရွယ်ရောက်ပြီးသူ ၄ ယောက်က တစ်သံတစ်ချောင်းမျှ မပြောရဲကြပေ။

ထိုအိမ်၏ အကြီးဆုံးချွေးမက မီးဖိုချောင်ထဲ တိတ်တဆိတ် ချက်ပြုတ်နေသည်။ ဒုတိယချွေးမက မီးမွှေးနေသည်။ တခြားသူများက ခြံဝန်းထဲ စိတ်မသက်မသာဖြင့် ထိုင်နေကြသည်။

စုချောင်ချောင်က ခေါင်းငုံ့ထားသည်။ သူမ၏ ဦးနှောက်က အပြည့်အဝ တုန့်ပြန်နိုင်ခြင်း မရှိသေးမီ ငြိမ်သက်စွာ နေလိုက်သည်။ သူမ၏ အတွေးထဲတွင် အစီအစဉ်ရှိနှင့်ပြီးသား ဖြစ်သည်။ ရိုက်နှက်ခံရမည်ကိုလည်း မစိုးရိမ်ပေ။ အကြောင်းမှာ တစ်စုံတစ်ယောက်က ချက်ချင်း လာဆွဲကာ ကူညီမှာပဲ ဖြစ်သောကြောင့်တည်း။

သူမ၏ ထင်မြင်ယူဆချက်သည် မှန်ခဲ့သည်။ ထိုလူကြီး ဆူပူကြိမ်းမောင်းနေခိုက် စူးရှထက်မြက်သော အမျိုးသမီးတစ်ဦး၏ ဒေါသထွက်နေသည့် အသံတစ်သံ ပေါ်ထွက်လာသည်။

"ရှင်က ဘာကိုဆိုလိုတာလဲ လူအိုကြီး? စုန့်ချင်းဟန်က အခုလို ဖြစ်သွားတာတောင် ရှင့်သမီးနဲ့ လက်ထပ်ပေးစေချင်သေးတာလား? ကျွန်မသမီးသာ လက်မထပ်ရင်လည်း သူ့ဒီအခြေအနေနဲ့ ဘယ်သူက လက်ထပ်ချင်မှာတုံး!"

"အဓိပ္ပာယ်မရှိလိုက်တာ။ မင်းက သူမကို အရမ်းအလိုလိုက်လွန်းနေပြီ။" ထိုလူကြီးက ပို၍ ဒေါသထွက်လာပြီး မျက်နှာရောင်စုံ ဖြစ်နေသည်။ လည်ပင်းမှ အပြာရောင်သွေးကြောများ ပေါ်လွင်ထင်ရှားနေသည်။

ထိုလူကြီးက စုချောင်ချောင်ကို လက်ညှိုးထိုးရင်း ဆက်အော်သည်။ "ညည်း သူ မလက်ထပ်ချင်တုန်းက ဖိအားပေးခဲ့တယ်။ ညည်း က မိသားစုကို ဟာသဖြစ်အောင် လုပ်နေတာ! အခု အဲဒီလူက လက်ထပ်ဖို့ သဘောတူတော့ ညည်းက မယူချင်တော့ဘူး။ ငါတို့ ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက ဆုံးဖြတ်ခဲ့ပြီးသား။ ညည်း ပြောင်းလဲချင်ရင်တောင် မရတော့ဘူး။ ညည်း လက်ထပ်ရမယ်!"

ထိုလူကြီး စကားပြောနေရင်း ရပ်တန့်သွားသည်။ ထိုအမျိုးသမီး၏ အော်ဟစ်သံက ပို၍ ကျယ်လောင်လာသည်။ "စုကျန့်ရန်၊ ရှင် ကလေးကို သတ်နေတာ! ရှင် ကလူသတ်သမား! ရှင့်သမီးရဲ့ ကျန်တဲ့ဘဝတစ်ခုလုံးကို သတ်နေတာ!"

ထိုအမျိုးသမီးက လူကြီးကို တွန်းရိုက်ရင်း အော်ပြောနေသည်။ "သူမက အစက ဘာလုပ်ခဲ့သလဲ... ထွေးပြီးသား တံတွေးကို ပြန်မျိုလို့မရဘူး။ ပြောင်းလဲလို့မရတော့ဘူး!"

"စုကျန့်ရန်! ရှင့်သမီး ငယ်သေးတာ မသိဘူးလား? သူမက အသိအလိမ္မာ မရှိသေးဘူး..."

ထိုအချိန် ခေါင်းငုံ့ထားသည့် ထိုမိန်းကလေးက ရုတ်တရက် အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မော့ကြည့်လာသည်။ ထိုမိန်းကလေး က လူနှစ်ယောက် တိုက်ခိုက်နေကြသည်ကို ကြည့်ရင်း ပြောလိုက်သည်။ "လက်ထပ်မယ်။ သမီး လက်မထပ်ဘူးလို့ ဘယ်သူပြောလဲ?"

စန်းဖန်က ယောက်ျားဖြစ်သူ၏ လက်ကို ချ၍ သူ့သမီး၏ လက်ကို ဆုပ်ကိုင်ကာ ဆူပူသည်။ "ရူးသွားသလား? ညည်းရဲ့ယောက်ျား အခြေအနေကို လည်းသိသားနဲ့။ သူနဲ့လက်ထပ်ရင် ဘယ်သူက ညည်းကို ထောက်ပံ့ပေးမှာလဲ? စုန့်မိသားစုရဲ့ ဇနီးဖြစ်ရတာ မကောင်းပါဘူး အေ..."

စုချောင်ချောင်က မျက်တောင်တဖျပ်ဖျပ်ခတ်လျက် အလေးအနက်ထား၍ ခေါင်းညိတ်လိုက်သည်။ "အမေ... သမီး လက်ထပ်မယ်။ ဒီလက်ထပ်ပွဲကို တောင်းဆိုခဲ့တာ သမီးဖြစ်လို့ သမီးကပဲ ဖြည့်ဆည်းသင့်တယ်။"

သူမ၏ အသံသည် ပျော့ပျောင်းသိမ်မွေ့ပြီး မျက်ဝန်းရှင်းလင်း၍ လှပသည့် မျက်နှာလေးက အရင်ကထက် ပို၍ လှပလာသည့်ပုံ ရှိသည်။ သူမက မျက်မှောင်ကြုတ်ခြင်း မရှိသကဲ့သို့ အရင်ကနှင့် လုံးဝမတူတော့ပေ။

စုကျန့်ရန်က သူ့သမီး၏ တည်ငြိမ်နေသော အပြုအမူကို ကြည့်ရင်း အံ့အားသင့်သွားသည်။

လွန်ခဲ့သည့် ၅ ရက်ကတည်းက သူ့သမီးနှင့် ဒဏ်ရာရသွားခဲ့သည့် စုန့်မိသားစုက သားတို့ လက်ထပ်ရန် အငြင်းပွားနေခဲ့ကြသည်။

အရင်က စုချောင်ချောင်က လက်ထပ်ချင်ခဲ့သော်လည်း အခုတော့ စုန့်ချင်းဟန်သည် ဒဏ်ရာကြောင့် စစ်တပ်မှ အနားယူလိုက်ရသည်။ ခြေထောက်နှစ်ဖက်စလုံး လမ်းလျှောက်၍မရ။ တစ်ဖက်က ခန္ဓာကိုယ်၏ အလေးချိန်ကိုပင် မထိန်းနိုင်တော့ပေ။ ကျေးလက်တွင် ကာယအားကို အဓိကထား အသက်မွေးကြသူများအတွက် ဤသည်ကား ကောင်းကင်ပြိုကျခြင်းပင် ဖြစ်သည်။

ပြောရလျှင် စုန့်ချင်းဟန်၏ ထူးဆန်းသော မိဘများက စုန့်ချင်းဟန်နှင့် သက်ဆိုင်သည့် အရာများကို ခိုးယူကာ ဒုတိယသား ကို ပေးအပ်ကြသည်။ စုန့်ချင်းဟန် တစ်ယောက် အသက်ရှင်ရပ်တည်ရန်ပင် သနားစရာကောင်းနေခဲ့သည်။ အရင်က သူ၏တည်ရှိမှုကို ရွာသူပျိုလေးများ မရှောင်နိုင်ခဲ့ကြပေ။ စုချောင်ချောင်လည်း အပါအဝင်ဖြစ်ခဲ့သည်။

အတိတ်က အမြတ်ထွက်နိုင်ခဲ့ပေမဲ့ အခုတော့ အရှုံးဖြစ်နေပြီ။ စန်းဖန် က သူ့သမီးကို ချစ်သောကြောင့် ငြင်းဆန်စေချင်သည်။ စုကျန့်ရန်က သူ၏ကတိကို တည်စေချင်ပြီး ဒီလက်ထပ်ပွဲကို လက်လျော့ရန် သေချာပေါက် ငြင်းဆန်ခဲ့သည်။

စုကျန့်ရန်၏ အတွေးထဲတွင် သူ့သမီးသည် အရိုးအရေကြေအောင် ငြင်းဆန်လိမ့်မည်ဟု ထင်ခဲ့သည်။ အခုလို အရင်ဆုံး သဘောတူလိမ့်မည်ဟု ဘယ်သူထင်မှာလဲ?

တကယ်စင်စစ် အံ့အားသင့်ရသည်။ သူ့သမီး၏ ချောမောလှပသည့် မျက်နှာလေးကို ကြည့်ရင်း သူ၏နှလုံးသား ပျော့ပျောင်းသွားရသည်။ သူ့သမီးကို စုန့်မိသားစုမှ သားနှင့် လက်ထပ်ရန် အော်ပြောခဲ့သူက အခုတော့ လည်ချောင်းစေးကပ်ကပ်နှင့် ဘာမှပြောမရအောင် ဖြစ်နေသည်။

စန်းဖန် က ဒေါသထွက်ရိုက်နှက်တော့သည်။ "ရှင် အခု ကျေနပ်ပြီလား? ကျွန်မတို့ရဲ့ သမီးလေးကို... ရှင်က ကျွန်မရဲ့သမီးဘဝကို ဖျက်ဆီးနေတာ! ရှင်က အသုံးမကျတော့တဲ့ ယောက်ျားနဲ့ လက်ထပ်ဖို့ အတင်းအကျပ်ဖိအားပေးတဲ့လူ!"

စုကျန့်ရန်က အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူ့မျက်နှာကို သုတ်ရင်း လေးနက်စွာ ပြောဆိုသည်။ "ပျိုးထောင်မယ်။ ငါ့တစ်ဘဝလုံး ငါ့သမီးကို ပျိုးထောင်ပေးမယ်။ ဘာပဲဖြစ်ဖြစ်... ပထမနဲ့ ဒုတိယ က အသက်ကြီးနေကြပြီ။ ငါတို့က သူတို့ကို ပျိုးထောင်ပေးဖို့ မလိုတော့ဘူး။"

နေ့လည်ခင်းမတိုင်မီတွင် ချွေးမနှစ်ယောက် သည် နောက်ဆုံးဆုံးဖြတ်ချက်ကို ကြားရသောအခါ ရုတ်တရက် သူတို့မျက်နှာများ ပျက်သွားတော့သည်။ တစ်ခုခု ဝင်ပြောချင်သော်လည်း သူတို့၏ ယောက်ျားများနှင့် ယောက္ခမများ၏ မျက်နှာရုပ်ဆိုးနေပုံကို ကြည့်ရင်း စိုးရိမ်သွားကြသည်။ သူတို့ ပါးစပ်ဖွင့်ရန် မဝံ့ကြတော့ပေ။ ကလေး ၃ ယောက်နှင့် ယောက်ျား ၂ ယောက်ကမူ ထူးခြားသည့် မျက်နှာအမူအရာ မပြကြပေ။

ပြောရလျှင် စုချောင်ချောင်အတွက် လက်ထပ်ရန် ဆုံးဖြတ်ပြီးနောက် သူတို့ ကန်စွန်းဥ ၂ လုံးကိုသာ စားခဲ့ကြသည်။

နေ့လည်ခင်းတွင် သူတို့ အလုပ်ဆက်လုပ်ရန် ရှိသေးသည်။ နေ့လည်စာ စားသောက်ပြီးနောက် လူတိုင်း သူတို့အခန်းထဲသို့ ဝင်သွားကြပြီး တရေးအိပ်စက်ကြသည်။

စုချောင်ချောင် အခန်းထဲသို့ ဝင်လာသောအခါ အနက်ရောင်ပန်းထိုးအိပ်ရာ၊ သေးငယ်သည့်စားပွဲတစ်လုံး၊ ဗီရိုတစ်လုံးနှင့် နံရံတွင် နံရံကပ်စက္ကူများ ကပ်ထားသည်ကို တွေ့ရသည်။ မူလပိုင်ရှင်၏အခန်း ကို ကြည့်ပြီးနောက် မိသားစုက သူမကို သိပ်ချစ်ပုံရသည်။

အိပ်ရာပေါ်လှဲရင်း မျက်နှာကျက်ကို ကြည့်လိုက်ရာ ပင့်ကူအိမ်များကို မြင်ရသည်။ သူမ၏မျက်လုံးအမြင်က ပိုကောင်းလာပြီး ပင့်ကူအိမ်ထဲမှ အကောင်များကို စားသောက်နေသည့် ပင့်ကူကို မြင်နေရသည်။

အမှန်စင်စစ် သူမသည် ဤကမ္ဘာမှ လူမဟုတ်ပါ။ ၂၀၁၈ ခုနှစ် အနာဂတ်မှ လာသည့် လူတစ်ယောက်၊ ပိုက်ဆံအတွက် အမြဲစိုးရိမ်ပူပန်နေရသော မိသားစုမှ လာသူဖြစ်သည်။ လူမှုရေးအားနည်းသည့် ပြဿနာကြောင့် အပြင်ထွက်ရတာကို မကြိုက်ဘဲ အလုပ်အခမဲ့ အလုပ်ကိုသာ အမြဲရွေးချယ်ခဲ့သည်။ သို့ပေမဲ့ မေလ အားလပ်ရက်တွင် သူ့အချစ်ဆုံး သူငယ်ချင်းက သူနှင့်အတူ စခန်းချထွက်ရန် ဆွဲခေါ်သဖြင့် ရွေးချယ်စရာမရှိဘဲ လိုက်လာခဲ့ရသည်။

စုချောင်ချောင်၏ သဘာဝမှာ ကံမကောင်းခြင်းဖြစ်သည်။ အရေးကြီးသည့်နေ့များဆိုလျှင် မိုးရွာလိုက်၊ မိုးကြိုးပစ်လိုက် ဖြစ်တတ်သေးသည်။ မိုးသည်းထန်စွာ ရွာသည့်နေ့မှာပင် သူတို့ မိုးရေထဲ တဲဆောက်ရန် နေရာရှာရင်း အလုပ်ရှုပ်နေခဲ့ကြသည်။ တဖြည်းဖြည်း မှောင်လာခဲ့ပြီး သူမလည်း အလျင်စလို ဖြစ်နေခဲ့သဖြင့် တစ်နည်းနည်းဖြင့် ရေမြောင်းထဲ ပြုတ်ကျသွားခဲ့သည်။

နိုးလာတော့ သူမက ထောင်ခြောက်ထဲတွင် ပိတ်မိနေဆဲပင်။ အတော်ကြာအထိ ဘယ်သူမှ သတိမထားမိကြချေ။ သူမ ကယ်တင်ခံရသည့်အခါ သတိလစ်နေခဲ့သည်။

ရလဒ်အနေဖြင့် သူမ အသိစိတ်ပြန်ရှင်း၍ အိမ်သို့ရောက်နေချိန်တွင် မူးနှောက်နှောက်ဖြစ်နေဆဲပင်။ သို့သော် သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်၏ ဘဝဖြစ်စဉ်များ တည်ရှိနေပြီဖြစ်သည်။

၁၉၅၄ ခုနှစ်ဖွား မိန်းကလေးတစ်ယောက်။ နာမည်ကလည်း စုချောင်ချောင်ပင်။ အသက် ၁၈ နှစ်ရှိပြီ။ ထိုမိန်းကလေးသည် ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် မွေးဖွားခဲ့သည်။ သူမ၏ နောက်ခံဇာတ်လမ်းကို မှတ်မိနေသေးသည်။ သို့ပေမဲ့ သူမ ကိုယ်တိုင် ထိုမိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားမည်ဟု ဘယ်တော့မှ တွေးထင်မထားခဲ့ဖူးပေ။

တစ်နည်းနည်းဖြင့် မူလပိုင်ရှင်နှင့် သူမ လဲလှယ်သွားပုံရသည်။ ဒါပေမဲ့ သူမက ပိုငယ်နေသလား မသိတော့ပေ။ အားလုံးခြုံငုံပြောရလျှင် သူမ က အသက် ၂၃ နှစ်၊ မူလပိုင်ရှင်က အသက် ၁၈ နှစ်ဖြစ်သည်။

သူတို့နေထိုင်သည့် ရွာလေးသည် တောင်ဟွားရွာလေးဖြစ်ပြီး တောင်ပိုင်းရှိ မြို့ငယ်တစ်ခု၏ အောက်ဘက်တွင် တည်ရှိသည်။

ပြောရလျှင် ဤနေရာတွင် ဘာမှမရှိသေး။ စစ်ဖြစ်ချိန် လူတစ်ချို့ ပြောင်းရွှေ့နေထိုင်လာရင်း ရွာလေး ဖြစ်တည်လာခဲ့သည်။ ရလဒ်အနေဖြင့် ရွာတွင် မြေရိုင်းပေါပြီး လူဦးရေ သိပ်မများချေ။ အိမ်ခြေ ၆၀ ကျော်သာ ရှိသည်။

စောစောက တိုက်ခိုက်နေသူများသည် အဖေစုကျန့်ရန်နဲ့ အမေစန်းဖန်တို့ဖြစ်သည်။ သူမတွင် စုချောင်ဟွားနဲ့ စုချောင်ဂျင် ဆိုသည့် အစ်ကိုနှစ်ယောက်ရှိသည်။ သူတို့က သူမထက် အသက်တော်တော်ကြီးပြီး လက်ထပ်ပြီးသား ကလေးတွေရှိကြသည်။

မူလပိုင်ရှင်ကို သူတို့ အလိုလိုက်ကြတယ်။ ထပ်ပြောရရင် သူမကို အလိုလိုက်သည့် မိဘများသည် ရိုးရှင်းသည်။ အထက်စီးဆန်ကြသည်။ တခြားမိန်းကလေးတွေနှင့် သူမသည် ဘာမှမကွာပါ။ ကျောင်းတက်တယ်။ ဒါပေမဲ့ တက္ကသိုလ်မရောက်ခဲ့ပါ။ အထက်တန်းကျောင်းပြီးသောအခါ မိသားစု က အလုပ်မလုပ်ခိုင်းပဲ သူမကို အိမ်မှာသာနေစေခဲ့သည်။

မနှစ်က နွေရာသီတွင် တစ်လကို ယွမ် ၂၀ ဝင်သည့် တစ်ရွာတည်းသား စစ်သား၊ စုန့်ချင်းဟန်ကို ချစ်မိသွားခဲ့သည်။ တစ်ရွာလုံးတွင် စုန့်မိသားစု က တခြားအိမ်တွေထက်ပို၍ အခြေအနေကောင်းတာ မြင်နိုင်သည်။ လွန်ခဲ့တဲ့နှစ်ဝက်က စုန့်ချင်းဟန်သည် သူမ၏မိသားစုအိမ်ဆီ လာလည်ခဲ့သည်။ ဘယ်အချိန်သေမလား၊ ရှင်မလား မသိတဲ့ စစ်သားတစ်ယောက်ကို မူလပိုင်ရှင် က ချစ်မြတ်နိုးခဲ့ပြီး လက်ထပ်ချင်ခဲ့သည်။

ပြောရရင် တစ်ရွာလုံးက လှောင်ပြောင်သော်လည်း မူလပိုင်ရှင်၏မိဘများသည် သူတို့မျက်နှာအပျက်ခံပြီး လက်ထပ်ပေးဖို့ ကူညီခဲ့သည်။ စုန့်ချင်းဟန်သည် စစ်တပ်ထဲ၌ အလုပ်များသည့်ဆင်ခြေဖြင့် မတက်ရောက်သော်လည်း ဖိအားပေး စေ့စပ်ပေးခဲ့ကြသည်။ သူ သည် စုချောင်ချောင်နဲ့ လက်မထပ်ချင်တာကြောင့် မနှစ်က ပြန်မလာခဲ့ပေ။

မမျှော်လင့်ထားသည်မှာ စုန့်ချင်းဟန်သည် ခြေထောက်တစ်ဖက် ဒဏ်ရာရပြီး ရွာကို ပြန်လာခဲ့သည်။ ဒဏ်ရာပြင်းထန်ခဲ့ပြီး စစ်တပ်မှ အနားယူနှုတ်ထွက်ခဲ့ရသည်။

စုန့်မိဘများ သည် လူကောင်းများမဟုတ်ကြပါ။ သူတို့သည် ဒီသားကို ဂရုမစိုက်ချေ။ သူတို့သည် ဤသား ခြေကျိုးတယ်ကြားသောအခါ အလုပ်မလုပ်နိုင်တော့ဘူးလို့ ထင်ခဲ့ကြသည်။ သူတို့ ချက်ချင်းဆိုသလို စုမိသားစု၏သမီးနဲ့ လက်ထပ်ပေးဖို့ပြောခဲ့သည်။ စုန့်ချင်းဟန်၏ဘဝတလျှောက်လုံး သူတို့၏မိသားစုဆီမှာပဲ နေထိုင်တာ၊ စားသောက်တာ၊ မှီခိုလာမှာကို ကြောက်နေခဲ့ကြသည်။

ဒါကိုကြည့်လျှင် စုချောင်ချောင်လည်း တွက်ချက်ခဲ့သည်။ စုန့်ချင်းဟန် က ဒဏ်ရာရသွားပေမဲ့ စစ်တပ်က ထောက်ပံ့မှာမဟုတ်ဘူးလို့ စုန့်မိဘတွေ တွေးခဲ့တာလား?

သူမကတော့ အဲလိုမထင်ပါ။

ပြောရရင် စုန့်ချင်းဟန် ကို ကြမ်းတမ်းသည့်နေရာမှာ နေထိုင်ဖို့ နှင်ထုတ်ခဲ့သည်။ အခု သူသည် မူလပိုင်ရှင်နဲ့ လက်ထပ်ဖို့ ထုတ်ဖော်ပြောဆိုလာခဲ့သည်။ မူလပိုင်ရှင် ဟာ တစ်စုံတစ်ယောက်ဆီက ချက်ထားသောထမင်းကို လိုချင်သူသာဖြစ်လို့ လိုချင်ခဲ့ပြီး စုန့်ချင်းဟန်နဲ့ မလက်ထပ်ချင်တော့။

စုချောင်ချောင်သည် သူမ၏ဘဝတလျှောက်လုံး ခက်ခက်ခဲခဲ မနေထိုင်ချင်သူဖြစ်သည်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ခံစားချက်များမရှိကြပါ။ စုန့်ချင်းဟန်နှင့် စေ့စပ်ခဲ့စဉ် မူလပိုင်ရှင် သည် ပညာတတ်လူငယ်လေးတစ်ယောက်နဲ့ မရေမရာဆက်ဆံရေးတစ်ခုမှာ ရှိနေခဲ့သည်။ ထို့နောက် မူလပိုင်ရှင် သည် လက်ထပ်ပွဲကနေ ထွက်ပြေးသွားခဲ့သည်။

အခွင့်အရေးရတာနဲ့ မူလပိုင်ရှင် သည် မြို့ထဲကို ဦးတည်သွားတာ သူမ မှတ်မိသေးသည်။ ပညာတတ်လူငယ်လေးနဲ့ မြို့ထဲတွင် တွေ့ဖို့ သဘောတူထားခဲ့သည်။ သို့သော် သူမ သည် ထိုအချိန်က တောင်ရဲ့ဆန်ကျောဘက်အရပ်၌ မူလပိုင်ရှင် စုချောင်ချောင်ကို ကြည့်နေခဲ့သည်။

ထိုမှတ်ဉာဏ်များ က ထိုနေရာ၌ အဆုံးသတ်သွားခဲ့သည်။ စုချောင်သည် ဘာမှဆက်မမြင်နိုင်တော့ပဲ စိတ်ရှုပ်သွားခဲ့သည်။

သူမ ကူးပြောင်းလာချိန်တွင် ဤမိသားစုအိမ်တွင် နိုးလာခဲ့သည်။ ဒီတိုးတက်မှုက တအားထူးဆန်းလွန်းပြီး အနည်းငယ် စိတ်ရှုပ်စေတယ်။ ဒါကြောင့် တစ်ချက်ကြည့်မိတယ်။ မမျှော်လင့်စွာ သူ့အဖေ သည် သူမ နိုးတာမြင်တော့ ရုတ်တရက် ဆူပွက်နေသည့် အိုးတစ်ဖွယ် ဖြစ်နေတာ မြင်လိုက်ရသည်။

မူလပိုင်ရှင်၏ခန္ဓာကိုယ်ထဲ ရောက်လာတာကြောင့်ကော၊ ရွာနာမည်ကြောင့်ကော စုချောင် သည် ၁၉၇၀ ခုနှစ်က ချိုမြိန်သည့်စာအုပ်ထဲ ရောက်နေသည်ကို သိရှိခဲ့သည်။ ဆောင်းဦးရာသီ၊ ၁၉၇၂ ခုနှစ်၌ ခေတ်ပညာတတ် ဇာတ်လိုက်မင်းသမီး သည် ရွာကိုရောက်လာခဲ့ပြီး ဇာတ်လိုက် စုန့်ချင်းဟန်နှင့် တွေ့ဆုံခဲ့သည်။

ဒီစာအုပ်ထဲတွင် စုန့်ချင်းဟန်၏အခြေအနေကို မိတ်ဆက်ထားတယ်။

ခရီးမထွက်ခင်က စုချောင် ဤစာအုပ်ကို ဖတ်ဖူးသည်။ နောက်တော့ ဖတ်ဖို့ အလုပ်ရှုပ်နေခဲ့သည်။ အခုလက်ရှိ ဇာတ်ကြောင်းသည် စကားလုံးပေါင်းသောင်းချီနေသည့် အကြောင်းအရာထဲ ရောက်နေတာ သူမသိသည်။

စုန့်ချင်းဟန်သည် စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ အစပိုင်းတွင် လက်ထပ်မည့်အကြောင်း တမင်ထုတ်ဖော်ခဲ့တာဖြစ်သည်။ သို့ပေမဲ့ အဖေစုကျန့်ရန် က လက်ထပ်မည့်ကိစ္စနဲ့ပတ်သက်၍ အတည်ပြုခဲ့သည်။ စုန့်ချင်းဟန် သည် စုကျန့်ရန်ကို ဤအကြောင်းထုတ်ပြောသောအခါ စုကျန့်ရန်က ပြောဖို့ ငြင်းဆန်ခဲ့သည်။ စေ့စပ်တာကို ရပ်စဲဖို့ သဘောမတူခဲ့။

ထပ်ပြောရရင် မူလပိုင်ရှင် ထွက်ပြေးတာ ကျရူံးသွားခဲ့ပြီး စုကျန့်ရန်၏ ဒေါသကို ပေါက်ကွဲစေခဲ့သည်။ ဒါ့ကြောင့် ဒီလက်ထပ်ပွဲနှင့် ချည်နှောင်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ရလဒ်အနေဖြင့် မူလပိုင်ရှင်က စုန့်ချင်းဟန် နေမကောင်းဖြစ်တာကို အခွင့်ယူ၍ ဦးထုပ်စိမ်းဆောင်းပေးခဲ့သည်။ ဒါကို လူတော်တော်များများ သိသွားခဲ့သည်။ စုချောင်ချောင် က ပညာတတ်ကောင်လေးတစ်ယောက်နဲ့ လိုက်ပြေးသွားခဲ့ခြင်း။

သူတို့ ခိုးပြေးသွားခဲ့သည်။ စုန့်ချင်းဟန် က မသန်မစွမ်း ခြေထောက်များနှင့် နေထိုင်ခဲ့သည်။ အပြင်လူများ၏မျက်လုံးထဲ မသန်မစွမ်းနဲ့ ပင်ပန်းစွာနေထိုင်တယ်လို့ ထင်ရပေမဲ့ အလွန်သက်တောင့်သက်သာ ဘဝမျိုး နေထိုင်တာဖြစ်တယ်။

သေချာပေါက် စုချောင် က ဒါကို မသိခဲ့။ ဒီတိုးတက်မှုကို သိမသွားခဲ့ပါ။ သို့သော် ကိစ္စမရှိ။ အားလုံးခြုံပြောရရင် ဒီခေတ်တွင် ခေတ်မီယဉ်ကျေးမှုလည်းရှိသည်။ ဒါ့အပြင် စုန့်ချင်းဟန်သည် စစ်သားတစ်ယောက်၊ အလွန်ဖြောင့်မတ်သူဖြစ်ပြီး လက်တုံ့ပြန်ဖို့လည်း မလုပ်ခဲ့။

စုချောင်ချောင်သည် လက်ထပ်ပွဲကနေ ထွက်သွားခဲ့တယ်။ ဇာတ်ကြောင်းမရှိပဲနဲ့တောင် မူလပိုင်ရှင်နဲ့ ပညာတတ်လူငယ်လေးတို့ သနားစရာဘဝမျိုးဖြစ်ခဲ့တာ ခန့်မှန်းနိုင်သည်။

ထပ်ပြောရင် စုချောင်ချောင် က အလိုလိုက်ခံရတဲ့ မိန်းမငယ်လေး။ ပခုံးပေါ် လေးလံတဲ့အရာမျိုး သယ်ဖူးတာမဟုတ်။ မူလပိုင်ရှင်က အိမ်က ပိုက်ဆံယူပြီး ထွက်ပြေးခဲ့သည်။ မူလပိုင်ရှင် က ဘာလက်ဝတ်လက်စားမှလည်း ဝတ်ရတာကြိုက်သူမဟုတ်။

အခု သူမ ဆင်းရဲမွဲတေပေမဲ့ အရိုးသားဆုံးနေရုံသာ တက်နိုင်သည်။

လက်ထပ်ပွဲကို ဆန့်ကျင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ မူလပိုင်ရှင်သာ ရှုပ်ထွေးအောင် လုပ်ခဲ့တာ ဖြစ်သည်။ အရင်မူလပိုင်ရှင်က ကောင်းတာဆိုးတာ မသိပဲ သူ့အဖေကို ဒီလက်ထပ်ပွဲ ပြောင်းလဲဖို့ပြောခဲ့သလား သိတောင်မသိ။ အခု သူမအတွက်ဆို ပိုလို့တောင် မဖြစ်နိုင်ဘူး။

အခုတခုတည်းသော အဆုံးသတ်သည်က သူမကို ရိုးရိုးသားသား လက်ထပ်မည့်သူကို စောင့်ဆိုင်းခြင်းပင်။

ပြောရရင် စုန့်ချင်းဟန် က သူမကို မကြိုက်ဘူး။

စုန့်ချင်းဟန်နဲ့အတူ နှစ်အနည်းငယ်လောက် ငြိမ်းချမ်းအောင် လုပ်ဖို့ စီစဉ်ထားတယ်။ ပြီးရင် ကောလိပ် ဝင်ခွင့်စာမေးပွဲဖြေမယ်။ စုချောင်ချော င်သည် သက်ဆိုင်ရာကောလိပ်စာမေးပွဲတွေ ဖြေဆိုဖို့ ကြေညာထားတာ အမှတ်ရမိသည်။ ပညာအရည်အချင်းမြင့်လေ အထောက်အပံ့ပိုရလေပင်။ သူမ မှာ ဘဝနဲ့ပတ်သက်ပြီး စိုးရိမ်နေဖို့မလိုဘူး။ စာကို ကြိုးကြိုးစားစား လေ့လာသရွေ့ ဘွဲ့ရပြီးရင် အလုပ်ကောင်းတစ်ခု ရှာလို့ရသည်။

သူမက တိုးတက်မှုကို မရှာဘူးဆိုရင်တောင်မှ သူမရဲ့ကိုယ်ပိုင်အခြေခံ အသိပညာအပေါ် မှီခို၍ တည်ငြိမ်တဲ့ဘဝတစ်ခု နေချင်သည်။ ဒါ့ကြောင့် ၁၉၇၇ ခုနှစ် ရှေ့က အနာဂတ်ကို စိုးရိမ်မနေပါ။

မူလပိုင်ရှင်က တခြားမိန်းကလေးတွေထက် အချစ်ခံရသည်။ တနှစ်လျှင် အသားဟင်း ၂ခါ စားနိုင်သူပင်။ သာမန်လူများ သည် တစ်နှစ်နေလို့ အားလက်ရက်တစ်ရက်သာ စားနိုင်ကြတာဖြစ်သည်။

အစားအသောက်ဝါသနာပါသူ စုချောင်ချောင် ခါးသီးလွန်းလို့ ငိုထုတ်ချင်မိသည်။

ရုတ်တရက် ချောမောတဲ့ အသက် ၅ နှစ်အရွယ် ကလေးမလေး သူမ၏စိတ်ထဲပေါ် ထွက်လာတယ်။

[ဒိင်း!! 'အောင်သွယ်တော်စနစ်' လုပ်ဆောင်နေပါပြီ။ Host စုချောင်ချောင်နဲ့ အောင်မြင်စွာ ဆက်သွယ်လိုက်ပါပြီ။ Host နဲ့သူ့ခင်ပွန်းတို့ အသက်ကြီးတဲ့အထိ အတူနေသွားပါ]

စုချောင်ချောင် တုန်လှုပ်သွားတော့သည်။ "ဘာ?!"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment