no

Font
Theme

Little Creampie (LCP Team):

Chapter 95 (ABO LINE)

မုသခင်လေးမှာ မကြာသေးခင်ကမှ စိတ်မချမ်းမသာ​ဖြစ်လာတယ်။ သူ အမြဲတမ်း အရမ်းလေးစားရတဲ့ သူ့ရဲ့အစ်ကိုမုယွင်ဇီက ဆင်းရဲသားရပ်ကွက်က အိုမီဂါတစ်ယောက်ကို ကြိုက်သွားတယ်တဲ့လေ။

မုယွင်ဇီက ဖခင်မုဖုန်းချွမ်ရဲ့မြို့စားမင်းဘွဲ့ကို ဆက်ခံပြီး အင်ပါယာရဲ့အသက်အငယ်ဆုံးမြို့စားမင်းကြီး ဖြစ်လာခဲ့တယ်။

မုယွင်ဇီကိုယ်တိုင်က S အဆင့် အယ်လ်ဖာတစ်ယောက်ဖြစ်ပြီး အရမ်းချောမောတယ်။ မြို့စားမင်းကြီးရဲ့သားအကြီးဆုံးအဖြစ် အင်ပါယာတစ်ခုလုံးကအိုမီဂါတွေရဲ့အိပ်မက်ထဲက ချစ်သူလေး ဖြစ်၏။

ဒါပေမယ့် သူက အလှအပကို စိတ်မဝင်စားဘဲ စစ်တပ်ထဲမှာပဲ သူ့ရဲ့နိုင်ငံရေးလုပ်ငန်းကို တိုးတက်အောင် လုပ်နေခဲ့တယ်။ နောက်ပြီး သူက အရမ်းအေးစက်တဲ့သူ။

မုယောင်က သူ့ရဲ့ဖခင်တူ မအေကွဲ ညီလေး။ သူကတော့ S အဆင့်ရှိတဲ့အိုမီဂါထက်တောင် ပိုလှတဲ့ ဘီတာတစ်ယောက်။

မုယောင်ရဲ့မိခင်က သားကို အကြောင်းပြပြီး ချမ်းသာချင်တဲ့ မင်းသမီးတစ်ယောက်ပဲ။ ဒါပေမယ့် မြို့စားကြီးက ဘယ်လိုလုပ် သူ့ကို လက်ထပ်မှာလဲ။ နောက်ဆုံးမှာ သူမက ကလေးကို ထားခဲ့ပြီး ငွေအမြောက်အမြားနဲ့ တခြားဂြိုဟ်ကို ထွက်သွားခဲ့တယ်။

မုဖုန်းချွမ်နဲ့ မုယွင်ဇီတို့က မုယောင်ကို ဘယ်တော့မှ မနှိပ်စက်ဘူး။ ဒါပေမယ့်လည်း သူတို့က သူ့ကို ချစ်လည်း မချစ်ဘူး။

မုယောင်ရဲ့မှတ်ဉာဏ်ထဲမှာ သူ အစ်ကိုနဲ့ဖခင်ရဲ့ပွေ့ဖက်မှုကို လိုချင်လို့ လက်ကို ဖြန့်လိုက်တိုင်း အေးစက်တဲ့ အကြည့်တွေကိုပဲ ရခဲ့တယ်။

မုယောင်က ငယ်ငယ်လေးကနေ ကြီးတဲ့အထိ ငွေအမြောက်အမြား ရှိပေမယ့် အနမ်းတစ်ချက်မှ မရခဲ့ဘူး။

ဒါကြောင့် မုသခင်လေးက ပုံမှန်မဟုတ်တဲ့သူ ဖြစ်လာတာ မဆန်းပါဘူး။

မုယောင်က အင်ပါယာတစ်ခုလုံးမှာ နာမည်ကြီးတဲ့ စည်းကမ်းမရှိတဲ့သခင်လေး။ သူက လူတိုင်း စိတ်ဝင်စားလောက်အောင် လှပတဲ့ မျက်နှာလေး ရှိပေမယ့် စိတ်နေစိတ်ထားကတော့ အရမ်း ဆိုးရွားလွန်းတယ်။

ကျောင်းတက်တဲ့အချိန်မှာ အတန်းပျက်တာ၊ ကားမောင်းပြိုင်တာ၊ ဘားသွားတာတွေ အမြဲလုပ်တယ်။ သူ ဘယ်ကို သွားသွား ကျောင်းက အနိုင်ကျင့်တဲ့သူ ဖြစ်ပြီး လူအုပ်ကြီးနဲ့ အမြဲတမ်း လိုက်ပါသွားတတ်တယ်။

မုယောင် ဒီလိုမျိုးတွေလုပ်တာရဲ့တစ်ဝက်က မုယွင်ဇီရဲ့အာရုံကို ဖမ်းစားဖို့ပါ။ ဒါပေမယ့် ပြဿနာဖြစ်လို့ အုပ်ထိန်းသူခေါ်တိုင်း ကျောင်းကို လာတာက အိမ်အကူကြီးပဲ။

မုယောင်က သူ့အစ်ကိုရဲ့အေးစက်မှုကို အသားကျနေပြီ။ သူက ဘယ်သူ့ကိုမဆို ဒီလိုပဲ ဆက်ဆံတယ်လို့ ထင်ခဲ့တာ။ မုယွင်ဇီက ပိုင်ရန်ကို နူးညံ့စွာ ကြည့်နေတာကို တွေ့လိုက်တဲ့အထိပေါ့။

ပိုင်ရန်က သူ့တက္ကသိုလ်က အတန်းဖော်။ သူက ဆင်းရဲသားရပ်ကွက်က လာတဲ့ သန့်ရှင်းပြီး နူးညံ့တဲ့ အိုမီဂါတစ်ယောက်ပဲ။

မုယောင်က မယုံကြည်နိုင်ဘူး။ သူ့အစ်ကိုက ဆင်းရဲသားရပ်ကွက်က အိုမီဂါကို ဒီလောက်ထိနူးညံ့စွာ ဆက်​ဆံနိုင်ပေမယ့် သူ့ကိုတော့ ၁၈ နှစ်လုံးလုံး အေးစက်စွာ ဆက်ဆံခဲ့တယ်။

မုယောင်က ဒေါသထွက်ပြီး ပိုင်ရန်ကို စုံစမ်းဖို့ လူလွှတ်လိုက်တယ်။ ပိုင်ရန်က သူ့အစ်ကိုကို ကြိုးဆွဲချိတ်နေတာ အတော်ကြာပြီဆိုတာကို သိလိုက်ရတယ်။ သူ့အစ်ကိုက ပိုင်ရန်ကို တစ်ယောက်တည်း ထမင်းစားဖို့တောင် ဖိတ်လိုက်သေးတယ်။

ဒါတွေကို ဖတ်ပြီးတဲ့ သခင်လေးက ဒေါသတွေ ထွက်လာတယ်။ သူက အရှက်မရှိတဲ့ အိုမီဂါကို ဘယ်တော့မှ မေ့မရတဲ့ သင်ခန်းစာ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

............

ညဘက်၊ ရိုအယ်လ်ဘား...

ခေါင်းဆောင်က ပိုင်ရန်ကို အထူးခန်းကို အရက်ပို့ဖို့ အမိန့်ပေးလိုက်တော့ ပိုင်ရန်က ဗန်းကို ဂရုတစိုက် ကိုင်ပြီး အပေါ်ထပ်ကို တက်သွားတယ်။

အထူးခန်းတံခါးကို ဖွင့်လိုက်တော့ ပျော်မြူးနေကြတဲ့ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေကို မတွေ့ရဘူး။ ဆိုဖာပေါ်မှာ တကယ့်လူလို့တောင် မထင်ရတဲ့ လှပတဲ့ သခင်လေးတစ်ယောက်က သူ့ကို စိုက်ကြည့်နေတာကိုပဲ တွေ့ရတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ မုန်းတီးမှုတွေ ပြည့်နေတယ်။ သူ့နောက်မှာတော့ Aအဆင့် အယ်လ်ဖာ နှစ်ယောက်က ရပ်နေတယ်။

ပိုင်ရန် ရုတ်တရက် ရင်တုန်သွားတယ်။ သူက အရက်ကို စားပွဲပေါ်မှာ ဂရုတစိုက် ချလိုက်တော့ သခင်လေးရဲ့မာနကြီးတဲ့ အသံကို ကြားလိုက်ရတယ်။

"အရက်ပုလင်းဖွင့်ပြီး အပြည့်ထည့်လိုက်။"

ပိုင်ရန်ရဲ့မျက်နှာမှာ မပျော်ရွှင်တဲ့ အမူအရာ မရှိဘူး။ ချမ်းသာတဲ့သူတွေမှာ ထူးဆန်းတဲ့ အမူအကျင့်တွေ အများကြီး ရှိတယ်။ သခင်လေးရဲ့ဒီလိုလုပ်တာက ဒုက္ခပေးတာတောင် မဟုတ်ဘူး။

အရက်ကို ထည့်ပြီးတော့ သခင်လေးက ဘာမှဆက်မလုပ်ဘူး။ "သောက်လိုက်။" သူက မာနကြီးစွာနဲ့ ပြောလာတယ်။

ပိုင်ရန်က ခဏလောက် တုံ့ဆိုင်းသွားတယ်။ သူ သခင်လေးကို ကြည့်လိုက်တော့ သခင်လေးက သူ့ကို ရက်ရက်စက်စက် စိုက်ကြည့်နေတယ်။ "ဘာကြည့်နေတာလဲ။ မြန်မြန် သောက်လိုက်။ မဟုတ်ရင် ခေါင်းဆောင်ကို မင်းကို အလုပ်ထုတ်ပစ်ခိုင်းမယ်။"

ဒီလိုဒုက္ခပေးတာမျိုးက ထမဆုံးအကြိမ် မဟုတ်ဘူး။ ပိုင်ရန်က ကူကယ်ရာမဲ့စွာနဲ့ အရက်ခွက်ကို ယူပြီး သောက်လိုက်တယ်။ သူက သခင်လေးကို သူ ပြန်လို့ရပြီလားလို့ မေးဖို့ လုပ်နေတုန်းရှိသေး သူ့ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ပူလောင်မှုတစ်ခုကို ခံစားလိုက်ရတယ်။

သူ စားပွဲပေါ်ကို ရုတ်တရက် လဲကျသွားတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ တဏှာစိတ်တွေ ပေါ်လာတယ်။ သူက ခေါင်းကို မော့ပြီး မယုံနိုင်စွာနဲ့ သခင်လေးကို ကြည့်လိုက်တယ်။

"ဟွန့်၊ မင်း ခဏနေရင် ထန်တော့မှာ။ မင်း ဘယ်သူ့ကို ခင်ပွန်းလုပ်ချင်မလဲဆိုတာကို ကြည့်ရအောင်။" သခင်လေးက မေးမြှောက်လိုက်တယ်။သူ့မျက်နှာ​ပေါ်မှာတော့ ဆိုးရွားတဲ့ အပြုံးတစ်ခုကို ပန်ဆင်ထားတယ်။

စာရေးသူ၏မှတ်ချက်။ ချစ်တို့ရေ... အပိုဇာတ်လမ်းထဲမှာ ယောင်ယောင်က ပြန်လည်မွေးဖွားလာပြီး ဘဝအသစ်ရတာမျိုး မရှိဘူး။ အဲဒါကြောင့် စိတ်နေစိတ်ထားက ​ပြန်လည်မွေးဖွားမလာခင်နဲ့ ပြန်လည်မွေးဖွားလာပြီးကြားထဲမှာ ရှိတယ်။

ပိုင်ရန်က Alphaကနေ Omegaလို ဟန်ဆောင်ထားတာပါ။ ယောင်ယောင်လေး ပြဿနာရှာလို့ မကြာခင်မှာ သူ ဒုက္ခရောက်တော့မှာ။

နောက်ပြီး ယောင်ယောင်ကို ဘီတာအဖြစ် သတ်မှတ်ထားတာက ဘီတာကို ဘယ်တော့မှ အမှတ်အသား မပြုလုပ်နိုင်လို့ပါ။ ဒါကြောင့် သူ့ရဲ့ S အဆင့်အယ်လ်ဖာက ဘယ်လောက်ပဲ တော်တော် ထက်ထက် ဇနီးသည်လေး ရူးရူးမိုက်မိုက်တွေ လုပ်နေတာကို လက်ပိုက်ကြည့်ရုံပဲ တက်နိုင်မှာ။

Chapter 95 end

အဆက် မထွက်​သေးပါ။

Eng mtl မှာတော့ ဒီchapter တောင် မပါပါဘူး။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment