no

Font
Theme

Chapter ( 14 )

"အိမ်ထောင်စုစာရင်း မရှိတဲ့ နေထိုင်သူ ဟုတ်လား?" အမျိုးသမီးတစ္ဆေသည် ယိရွှယ်၏ စကားကို ထပ်ခါတလဲလဲ ရေရွတ်ရင်း နားမလည်နိုင်သလို ဖြစ်နေဆဲပင်။

သူမ ခဏမျှ စဉ်းစားကြည့်လိုက်သည်။

(အိမ်ထောင်စုစာရင်း မရှိဘူးဆိုတာက မှတ်ပုံတင်မထားတာနဲ့ အတူတူပဲ၊ ဒါဆို အမှန်တရားကတော့...)

'သူ့မှာ အဆင့်အတန်းလည်း မရှိဘူး၊ ဒီမှာ တရားမဝင် ခိုးနေနေတာပဲ! တစ်နည်းပြောရရင် သူက အလှူအတန်းတွေတောင် ရမှာမဟုတ်ဘူးပေါ့'

အချက်အလက်အားလုံးကို သဘောပေါက်သွားပြီးနောက် အမျိုးသမီးတစ္ဆေမှာ အလွန်အမင်း ဝမ်းသာသွားပြီး ရဲရဲဝံ့ဝံ့ပင် ပြောလိုက်တော့သည်။

"ဒီအစ်ကိုကြီးတောင် နေလို့ရရင် ကျွန်မလည်း နေလို့ရတာပေါ့!"

"ဖူး..." ယိရွှယ် ထိုစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။

ကားအက်စီးဒင့် တစ္ဆေမှာ ချက်ချင်းပင် ဒေါသထွက်သွားလေ၏။

"အစ်ကိုတွေ၊ ညီမတွေဆိုတာတွေ တော်လိုက်တော့! ပြီးတော့ အစ်မကြီး... အစ်မကြီးရဲ့ ရုပ်ကိုကြည့်တာနဲ့ သေတာ ကြာလှပြီဆိုတာ သိသာနေတာကို ဘာလို့ ငယ်ချင်ယောင် ဆောင်နေတာလဲ?"

"ဟွန့်! လူလိုလို တစ္ဆေလိုလိုနဲ့ နင့်ရုပ်ကြီးနဲ့များ... ငါကသာ 'မောင်လေး' လို့ ခေါ်ရင် နင်က ပြန်ထူးရဲမှာ မလို့လား၊ နံစော်နေတဲ့ မောင်လေးရယ်" ဟု အမျိုးသမီးတစ္ဆေက ပြန်ပက်လိုက်သည်။

သို့သော် ယိရွှယ်၏ အမူအရာကို မြင်သောအခါ သူမက ချက်ချင်းပင် အမူအရာပြောင်းကာ ရှက်ကိုးရှက်ကန်းဖြင့် ဆံပင်ကို သပ်ရပ်အောင် လုပ်လိုက်ပြီး မဝံ့မရဲ ရှင်းပြရှာသည်။ "ဟို... အဲဒါက... တာအိုဆရာမ. ကျွန်မက ပုံမှန်ဆို ဒီလို မဟုတ်ပါဘူးနော်"

ယိရွှယ်က ချောင်းတစ်ချက်ဟန့်ကာ သတိပေးလိုက်၏။

"အစ်မရေ.. အဲဒီတုန်းက ယောက်ျားလေးအဆောင်မှာ ကျွန်မပါ ရှိနေခဲ့တာနော်"

ထိုစဉ်က အမျိုးသမီးတစ္ဆေမှာ အထက်တန်းကျောင်းသားလေးတွေနှင့် စကားအချေအတင် ပြောနေခဲ့သည့် ပုံရိပ်မှာ သူမ၏ မှတ်ဉာဏ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေဆဲပင်။

"..."

အမျိုးသမီးတစ္ဆေ၏ အပြုံးမှာ ခဲသွားတော့သည်။

'တွက်ချက်မှု မှားသွားပြီ! ဒီလိုဖြစ်လာမှန်း သိရင် အဲဒီတုန်းက အမူအရာကို နည်းနည်း ထိန်းခဲ့သင့်တာ'

သို့သော် ကားအက်စီးဒင့် တစ္ဆေမှာ ထို အခွင့်အရေးကို အရယူကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

"လက်လျှော့လိုက်တာ ပိုကောင်းမယ်။ ငါ့ကိုကျတော့ သူကိုယ်တိုင် ပြန်ခေါ်လာခဲ့တာ။ ပြီးတော့ ဘုရားကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ရဲ့ ခွင့်ပြုချက်လည်း ရှိပြီးသား။ ငါတို့ချင်း မတူဘူး!"

သူ ပိုပိုအူမြူးလာသည်ကို မြင်သောအခါ ယိရွှယ်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။

ကားအက်စီးဒင့် တစ္ဆေမှာ စကားလုံးများ တစ်ဆို့သွားလေ၏။

ယိရွှယ်က နူးညံ့စွာပြုံးလိုက်သော်လည်း ထိုအပြုံးမှာ သူအရင်က အထိုးအကြိတ် ခံခဲ့ရသည့် ကြောက်စိတ်ကို ပြန်လည် နိုးကြားစေသဖြင့် သူသည် ကြက်ကြီးလည်လိမ်ထားသကဲ့သို့ စကားမပြောနိုင်တော့ပေ။

"အယ်... ကျွန်တော် အခုမှ သတိရတယ်။ ဒီနားက အုတ်ခဲတွေကို မဆေးရသေးဘူးပဲ"

ကားအက်စီးဒင့် တစ္ဆေက ရုတ်တရက် အူကြောင်ကြောင်ဖြင့် ထစ်ငေါ့စွာ အော်ပြောလိုက်ပြီး ပုခုံးပေါ်သို့ အဝတ်စုတ်ကို တင်ကာ ရေပုံးကိုဆွဲ၍ အမြန်ပြေးသွားတော့သည်။

ပြဿနာအိုး တစ်ယောက်ကို နှင်လွှတ်လိုက်ပြီးနောက် ယိရွှယ်မှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး မတ်တပ်ရပ်နေရင်းပင် မျက်လုံးများ မှေးစင်းလာခဲ့သည်။

သူမ သမ်းဝေလိုက်ကာ အမျိုးသမီးတစ္ဆေဘက်သို့ လှည့်ကြည့်ပြီး စကားပြောရန်တုံ့ဆိုင်းနေခဲ့သည်။

"ဟို... မစ္စ...."

အမျိုးသမီးတစ္ဆေသည် ယနေ့ သူမ၏ ရည်ရွယ်ချက် မအောင်မြင်နိုင်တော့မှန်း သိသွားသဖြင့် မကျေမနပ်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။

"တာအိုဆရာမ... ကျွန်မနာမည်က ချန်းစုပါ။ ကျွန်မ နောက်တစ်ခါ ထပ်လာခဲ့ပါ့မယ်"

ပြောပြီးသည်နှင့် သူမလှည့်ထွက်သွားပြီး ရုတ်တရက်ပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။

နောက်ဆုံးတွင် သူမကို ပြန်ပို့လိုက်နိုင်သဖြင့် စိတ်သက်သာရာရသွားသော ယိရွှယ်သည် အနားယူရန် သူမ၏ အခန်းသို့ ပြန်ဖို့ ပြင်လိုက်သည်။

ထိုစဉ် သူမသည် တစ်ခုခုကို အာရုံခံမိသကဲ့သို့ ခေတ္တရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်မိရာ

ကားအက်စီးဒင့် တစ္ဆေမှာ သူခိုးတစ်ယောက်ကဲ့သို့ ချောင်းကြည့်နေသည်မှာ ဘယ်လောက်တောင် ကြာပြီလဲမသိပေ။

အမျိုးသမီးတစ္ဆေ ထွက်သွားတာကို မြင်မှသာ သူ စိတ်အေးသွားပြီး "မယားကြီး" တစ်ယောက်ကဲ့သို့ မာန်ပါပါ အမူအရာကို ဖမ်းလိုက်သည်။

သူ အတင်းဝတ်ထားရသော မျက်နှာဖုံးမှာလည်း တစ်နည်းနည်းဖြင့် ရေပုံးထဲသို့ ကျသွားပုံရသည်။ ယခုအခါ လပြည့်ဝန်းအောက်တွင် သူ့မျက်နှာမှာ ပို၍ ဖြူဖျော့ကာ ကြောက်စရာကောင်းနေပြီး အထူးသဖြင့် တံခါးကို မျက်နှာကပ်ကာ ချောင်းကြည့်နေသည့် ပုံစံနှင့် အောင်နိုင်သူတစ်ယောက်ကဲ့သို့ မျက်နှာကို တွန့်လိမ်အောင် လုပ်ထားသည့် အမူအရာမှာ ပို၍ ဆိုးရွားနေခဲ့သည်။

"!!!"

ယိရွှယ်မှာ ထိုကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းကြောင့် သေမတတ်လန့်သွားရသည်။ သန်းခေါင်ယံအချိန်မှာ အလန့်တကြားဖြစ်သွားရသဖြင့် သူမ၏ အိပ်ချင်စိတ်များ အကုန်ပြယ်လွင့်သွားကာ မူးလဲမတတ် ဖြစ်သွားလေ၏။

သူမသည် လက်နက်တစ်ခုခုကို လှမ်းယူရန် ပြင်လိုက်ရင်း ပြောလိုက်သည်။

"ငါ့ဓား ဘယ်မှာလဲ? နင့်ကို သတ်ပစ်မယ်"

"???"

ကားအက်စီးဒင့် တစ္ဆေမှာသူ၏ အောင်မြင်မှုကို ကြာရှည်စွာ မခံစားလိုက်ရမီမှာပင် လျှပ်တစ်ပြက် သတိဝင်လာပြီးထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"အစ်မ! အစ်မ! စိတ်အေးအေးထားပါ၊ သတိထားပါဦး!"

ကားအက်စီးဒင့် တစ္ဆေမှာ အလွန်ကြောက်လန့်သွားသောကြောင့် သူမကို “တာအိုဆရာမ” ဟု မခေါ်တော့ဘဲ “အစ်မ” ဟုသာ ထပ်ခါတလဲလဲ အော်ဟစ်နေပြီး ယိရွှယ်ရှေ့တွင် ဒူးထောက်လုနီးပါး ဖြစ်နေခဲ့သည်။

ယိရွှယ်သည် သူမ၏အနီးသို့ ကပ်လာသော တစ္ဆေမျက်နှာကြီးကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စိတ်ပျက်လက်ပျက် အော်လိုက်တော့သည်။

"နင့်ရဲ့ တစ္ဆေမျက်နှာကြီးကို ဖုံးလိုက်စမ်းပါ... အားးးးး!!!"

"ဘာဖြစ်တာလဲ?! ဘာတွေဖြစ်လို့လဲ? မီးလောင်နေတာလား?!"

ပိုင်လု၏အသံမှာ အဝေးမှ ထွက်ပေါ်လာသည်။ ထိုဆူညံသံများကြောင့် သူ နိုးလာပုံပင်။ကားအက်စီးဒင့် တစ္ဆေမှာ အလန့်တကြားဖြင့် ရေပုံးထဲမှ မျက်နှာဖုံးကို လှမ်းယူကာ ညစ်ပတ်နေတာကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်စွပ်လိုက်ရင်း ပြောလိုက်သည်။

"ဖုံးလိုက်ပြီ၊ ဖုံးလိုက်ပြီ!"

ပိုင်လုသည် အဝတ်အစားတောင် သေသေချာချာ မဝတ်နိုင်ဘဲ ပြေးထွက်လာရာ ရေစိုနေသည့် မျက်နှာဖုံးကြီး စွပ်ထားသော ကားအက်စီးဒင့်တစ္ဆေက ယိရွှယ်ရှေ့တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။

တစ်ဖက်တွင်မူ ယိရွှယ်မှာ ယခုလေးတင် လန့်ဖျန့်သွားခဲ့သည့် အမူအရာမရှိတော့ဘဲ တည်ငြိမ်အေးစက်လှသော အရှိန်အဝါအပြည့်ဖြင့် ရပ်နေလေ၏။

"ဟို... ပြဇာတ်ကြီးများ ကနေကြတာလား?" သူက မဝံ့မရဲ မေးလိုက်သည်။

ယိရွှယ်က သူမ၏ နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်လိုက်ပြီး အေးစက်စက် ပြုံးပြလိုက်သည်။

မကြာမီမှာပင် ရှုကျိုး ရောက်လာပြီး ရှေ့က မြင်ကွင်းကို ကြည့်ရုံနှင့် ဘာဖြစ်ခဲ့လဲဆိုတာ

ကို ခန့်မှန်းမိသွားရသည်။ ယိရွှယ်မှာ ကားအက်စီးဒင့် တစ္ဆေကြောင့် နောက်တစ်ခါ လန့်သွားခြင်း ဖြစ်ပေလိမ့်မည်။

ယိရွှယ်က ထိုတစ္ဆေကို တစ်ချက်ကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။

"ဘာလို့ ဒီမှာ အချိန်ဖြုန်းနေတာလဲ? သွား... အလုပ်သွားလုပ်တော့၊ ခုနကတော့ အားတွေ အပြည့်ဖြစ်နေတာ မဟုတ်လား?"

သူမ၏ လေသံမှာ ညင်သာသော်လည်း အေးစိမ့်လှသော ရန်လိုသည့် အငွေ့အသက်များ ပါဝင်နေလေသည်။

ကားအက်စီးဒင့်တစ္ဆေမှာ စိတ်ပျက်လက်ပျက်ဖြင့် နွမ်းလျနေသော ခရမ်းသီးပုတ် တစ်လုံးကဲ့သို့ ဖြစ်သွားပြီး သု့အမှားသူသိကာ တိတ်တဆိတ်ပင် ရေပုံးကို ကောက်ကိုင်ရင်း အသံတုန်တုန်ဖြင့် ပြောလိုက်၏။

"ကျွန်တော်... တာအိုဆရာတော်တို့အတွက် သန့်ရှင်းရေး သွားလုပ်ပါ့မယ်"

"နေဦး"

ရှုကျိုးက သူ့ကို လှမ်းခေါ်လိုက်သည်။

ကားအက်စီးဒင့် တစ္ဆေမှာ ဘုရားကျောင်းထဲတွင် သူ့အပေါ် ကြင်နာမည့်သူ ရှိသေးသည်ဟု

ယူဆကာ ကျေးဇူးတင်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း ရှုကျိုး၏ ထိုသို့သောစကားကိုသာ ကြားလိုက်ရတော့သည်။

"အိမ်သာက ပိတ်နေတယ်။ အဲဒါကိုလည်း တစ်ခါတည်း ရှင်းခဲ့ဖို့ မမေ့နဲ့ဦး"

ကားအက်စီးဒင့်တစ္ဆေ : "... ဟုတ်ကဲ့ပါ"

(လူ့သဘာဝက တကယ်ကို အေးစက်လွန်းလှပါတကား!)

ဆူညံသံတွေ ပြီးဆုံးသွားပြီးနောက် ယိရွှယ်မှာ ပြန်မအိပ်နိုင်တော့ပေ။သူမသည် ကိုယ်လက်ဆန့်လိုက်ပြီး ခန်းမဆောင်ကြီးဆီသို့ လမ်းလျှောက်သွားရင်း ပြောလိုက်သည်။

"ငါ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ သွားယူလိုက်ဦးမယ်"

အလုပ်ရှင်တစ်ယောက်အနေဖြင့် သူမသည် လူသားဆန်ဆဲဖြစ်ပြီး အလုပ်သမား၏ လုပ်ခကို ဖြတ်တောက်မည် မဟုတ်ပေ။ ရှုကျိုးက အားကိုးရာမဲ့စွာ ပြုံးလျက် သတိပေးလိုက်၏။

"ဒေါ်လေး....... စောစော အနားယူသင့်တယ်နော်။ ညဘက်က လေတိုက်တယ်၊အအေးမမိအောင် ဂရုစိုက်ဦး"

ယိရွှယ်က အဝေးမှ လက်ယမ်းပြလိုက်ကာသူမ ကြားကြောင်း အချက်ပြလိုက်သည်။

ပိုင်လုသည် ခေါင်းကိုကုတ်ကာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် “ဒါတွေ အားလုံး ပြီးသွားပြီလား? ပြီးပြီဆိုရင် ငါ့အခန်းကို ပြန်ပြီး ဂိမ်းဆက်ကစားမယ်” ဟု ပြောပြီးနောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး “အိုး မဟုတ်ဘူး! ငါ အခုလေးတင် AFK သွားခဲ့တာ! ငါ့အဖွဲ့သားတွေ ငါ့ကို reportထုတော့မှာဘဲဟ''

သူသည် ဖုန်းတောင် မယူဘဲ အပြေးထွက်လာခဲ့ခြင်း ဖြစ်ရာ အခန်းဆီသို့ သုတ်ခြေတင် ပြေးသွားတော့သည်။

............

ယုချီ မျက်လုံးဖွင့်လိုက်သောအခါ သူ့ပတ်ဝန်းကျင်တွင် မှောင်အတိကျနေပြီး တစ္ဆေများ၏ ငိုကြွေးအော်ဟစ်သံများကို ကြားနေရသည်။

သူ့ဝိညာဉ် ခန္ဓာကိုယ်ထဲမှ နောက်တစ်ကြိမ် ထွက်သွားပြီမှန်း သူ သိလိုက်၏။ သူ့ဝိညာဉ် ခန္ဓာကိုယ်မှ ခွဲထွက်သွားသည့် အကြိမ်တိုင်းတွင် သူသည် မရင်းနှီးသော မှောင်မိုက်သည့် နေရာများသို့ လေလွင့်ကာ ရောက်ရှိသွားတတ်သည်။

သူ ငယ်ငယ်တုန်းကဆိုလျှင် သူ့မိသားစုက ဝိညာဉ်ခေါ်ခေါင်းလောင်းကို တီးခတ်ပြီး သူ့ကို ပြန်ခေါ်ကြသော်လည်း ယခုအခါတွင်မူ ယုချီသည် အချိန်စေ့ပါက သူဘာသာ ပြန်ရောက်သွားမည်ဖြစ်ကြောင်း သိထားသဖြင့် တစ်ယောက်တည်း စောင့်ဆိုင်းနေတတ်သည့် အလေ့အကျင့် ရနေပြီဖြစ်သည်။

သူ့လက်ကောက်ဝတ်ရှိ ပုတီးစေ့များကို ထိလိုက်သည်။ အနက်ရောင် ကျောက်စေ့တစ်ခုချင်းစီမှာ တောက်ပနေပြီး အေးစိမ့်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

ထိုပုတီးစေ့ပေါ်တွင် တောင်ကြီးငါးလုံး၏ စစ်မှန်သော ရုပ်သဏ္ဌာန်ကို ထွင်းထုထားပြီး သာမန်တစ္ဆေနှင့် မိစ္ဆာများကို နှိမ်နင်းနိုင်စွမ်း ရှိပေသည်။ တစ္ဆေလေးများမှာ သူ့ပတ်ပတ်လည်တွင် စုဝေးနေကြသော်လည်း သူ့ဆီက လက်ဖွဲ့အစွမ်းကြောင့် အနားကိုတော့ မကပ်ရဲကြပေ။

ယွီချီသည် တည်ငြိမ်စွာပင် ရပ်နေဆဲဖြစ်ပြီး အေးစိမ့်လှသော အထိအတွေ့က သူ့ကို သတိရှိနေစေခဲ့သည်။ သူ့ပတ်ဝန်းကျင်တွင် တစ္ဆေများ၏ တီးတိုးပြောသံများက ပျံ့လွင့်နေ၏။

"အဲဒါက လူအစစ်လား?"

"ထင်တာပဲ

''သူ့ဆီက အနံ့က အရမ်းမွှေးတာပဲ။ ငါတို့ သူ့ကို စားလို့ရမလား?"

"ငါတို့ သူ့ကို စားလို့ရမယ်ထင်လား? စားလို့ရမလား?"

နောက်ဆုံးမေးခွန်းက တစ်စုံတစ်ခုကို နှိုးဆော်လိုက်သကဲ့သို့ ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ တစ္ဆေများက သူ့ကိုတိုက်ခိုက်ရန် သင့်မသင့် တီးတိုးတိုင်ပင်လာကြသည်။

''ငါတော့ ကြောက်တယ်၊ သူက ငါ့ကို ရိုက်လိမ့်မယ်"

တခြားတစ္ဆေတစ်ကောင်က တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ တစ္ဆေအားလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားပြီး ခဏတာမျှ မည်သူမှ စကားမပြောရဲကြတော့ပေ။

ယုချီသည် တစ္ဆေများက တစ်စုံတစ်ဦးကို ရန်သူတော်ကြီးနှင့် တွေ့သကဲ့သို့ အလွန်အမင်း ကြောက်လန့်နေကြသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အမြဲတမ်း တည်ငြိမ်နေတတ်သည့် သူပင်လျှင် စပ်စုချင်စိတ်ဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်မိ၏။

သူ ဘယ်နေရာကို ရောက်နေသလဲဆိုတာ ကြည့်ရန် ကြိုးစားသော်လည်း ဘာမှမတွေ့ရပေ။

မှောင်မိုက်မှုကြီးက တိတ်ဆိတ်ပြီး ဖိအားပေးနေကာ အရာအားလုံးမှာ အချိန်ရပ်တန့်သွားသကဲ့သို့ ငြိမ်သက်နေလေသည်။ ရုတ်တရက်ဆိုသလို ကြည်လင်ပြတ်သားလှသော အမျိုးသမီး အသံတစ်ခုက ထိုတိတ်ဆိတ်မှုကို ဖြတ်ကျော်ဝင်ရောက်လာ၏။

"တောက်! နင်တို့တွေက ဘုရားကျောင်းထဲက ပစ္စည်းကိုတောင် ခိုးရဲကြတယ်ပေါ့?!"

၎င်းမှာ မှောင်မိုက်သော တိမ်တိုက်များကို ခွင်းပြီး အလင်းရောင် ပေါ်လာသကဲ့သို့ပင်။ လေထုမှာလည်း ပြန်လည် လှုပ်ရှားလာတော့သည်။

သို့သော် ပတ်ဝန်းကျင်ရှိ တစ္ဆေများမှာမူ အလွန်အမင်း ထိတ်လန့်သွားပုံရပြီး အရပ်မျက်နှာအနှံ့သို့ ပြေးလွှားကာ ပျောက်ကွယ်သွားကြတော့၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment