no

Font
Theme

သရုပ်ဆောင်A:

"မလာနဲ့ ! ရှင် ရှေ့တိုးမလာနဲ့! ရှင်က သူတို့နဲ့တစ်အုပ်စုတည်းပဲ"

ချီရှောင်ချီ:

"ဟုတ်ပြီ ဟုတ်ပြီ၊ ငါဒီမှာပဲ ရပ်နေမယ်၊ အရင်ဆုံးစိတ်အေးအေးထားပြီး ငါပြောတာနားထောင်၊ ဓားကို အောက်ချလိုက်"

သရုပ်ဆောင်A:

"ပါးစပ်ပိတ်ထား!! ရှင့်ကိုယ်ရှင် ဘာထင်နေလဲ၊ ရှင်က ကျွန်မ သိခဲ့တဲ့သူလုံးဝ မဟုတ်တော့ဘူး၊ ဒီမှာရှိတဲ့လူတိုင်း တစ်ယောက်မှ မကောင်းဘူး၊တစ်ကိုယ်ကောင်းဆန်တယ်၊ စက်ဆုပ်ဖို့ကောင်းတယ်၊ ဒီက လေကိုရှူရတာတောင် အော်ဂလီဆန်တယ်၊ အဲ့ထဲမှာ ရှင်လည်း ပါတယ်!"

ချီရှောင်ချီ:

"ဒီနေရာက စိတ်ပျက်ဖို့ကောင်းတာဟုတ်ပါတယ်၊

ဒါပေမယ့် မင်း..."

ဝုန်း!!!

ပရိတ်သတ်များ:

"အား......."

"ဘေးဖယ်ကြ!! အမြန် လမ်းဖယ်ပေး၊ လူနာတင်ယာဉ်ခေါ်!!"

"ချီလောင်ရှီး...."

"ရှောင်ချီ... ရှောင်ချီ ...ရှောင်ချီ"

‌လော့ယင်:

"ရှောင်ချီ!!!"

ချီချောင်ချီ : လော့...ကော မသွားပါနဲ့ မသွားပါနဲ့

############

AI:

[ချီရှောင်ချီ 26နှစ်အရွယ် သရုပ်ဆောင်၊ ပြဇာတ်ရုံတွင် ပရိတ်သတ်များအား ဖျော်ဖြေစဉ် မျက်နှာကြက်ပေါ်မှ မီးဆိုင်းပြုတ်ကျခြင်းကြောင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့၊ hostနှင့် အချက်အလက်ကိုက်ညီမှုရှိသဖြင့် ယခုပဲလွှဲပြောင်းပေးလိုက်သည်]

'ဒါ... ဒါက ဘယ်နေရာလဲ'

[ပြန်လည်ထူထောင်ရေးစနစ်ကနေ ကြိုဆိုပါတယ်၊ ချီရှောင်ချီ hostအဖြစ်လက်ခံပြီး ကမ္ဘာဆယ်ခုမှာ မစ်ရှင်လုပ်ဆောင်ဖို့ စနစ်နဲ့ စာချုပ်ချုပ်လိုသည့် ဆန္ဒရှိပါလား]

'ဘာစာချုပ်လဲ'

[သင့်ရဲ့ကမ္ဘာမှာ လက်ရှိခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရနေတာပါ၊ စနစ်နဲ့ စာချုပ်ချုပ်လိုက်မယ်ဆိုရင် မစ်ရှင်လုပ်ဆောင်နေစဉ်အတွင်း မူလခန္ဓာကိုယ်မပျက်စီးအောင် ထိန်းသိမ်းထားနိုင်မှာပါ၊

လုပ်ဆောင်ရမယ့် မစ်ရှင်က ကမ္ဘာတစ်ခုတိုင်းမှာ ပစ်မှတ်ရဲ့ နောင်တရမှတ်ကို 100မှတ်ထိစုဆောင်းပေးဖို့ပါပဲ၊ ကမ္ဘာဆယ်ခုပြည့်ရင် မစ်ရှင်အောင်မြင်ပါပြီ၊အဲဒီနောက်မှာ မူလကမ္ဘာပြန်ချင်တာမျိုးပဲဖြစ်ပါစေ စနစ်မှ host တောင်းတဲ့ ဆန္ဒတစ်ခုကိုဖြည့်ဆည်းပေးမှာဖြစ်ပါတယ်]

'လော့ကော ငါ့ကိုစောင့်နေမှာ'

"ငါသဘောတူတယ်"

[လက်ခံသူ ချီရှောင်ချီ ကုတ်နံပါတ် 1198 မှ စာချုပ်ကိုချုပ်ဆိုခဲ့သည်၊ စနစ်ထဲစွာ ဝင်ရောက်ခြင်း အောင်မြင်ပါသည်။ သင်နဲ့ ကိုက်ညီသည့် စနစ်ကို ရှာဖွေနေသည်...

061က သင်နဲ့ လိုက်ဖက်ညီတဲ့ စနစ်ဖြစ်ပါတယ်၊ သင့်ကို ဝန်ဆောင်မှုပေးပါလိမ့်မယ်]

' မင်္ဂလာပါ ချီလူကြီးမင်း ကျွန်တော်က 061ပါ'

###

"လောင်ယန် အလုပ်ဘယ်အချိန် ဆင်းမှာလဲ၊ ငါမင်းရဲ့ ကုမ္ပဏီဘေးလမ်းမှာ စောင့်နေမယ်နော်"

"အင်း ခဏနေရင် တွေ့မယ်"

စနစ်၏အသံ:

[မစ်ရှင်ပစ်မှတ် ယန်ပိုင်ဟွာ၊ လက်ရှိချစ်ခင်မှုရမှတ်72၊ နောင်တရမှတ်9၊ စနစ်မှ သင့်အား ပေးသော အချက်အလက်ကဒ် 12ခုကိုစစ်ဆေးပါ]

'061 ရှိလား'

'ရှိပါတယ် ချီလူကြီးမင်း'

'ငါတို့ အသံနဲ့ စကားပြောနေရင် သူများ သံသယမဝင်နိုင်ဘူးလား'

'စိတ်ချပါ၊ စနစ်နဲ့ပြောတဲ့ အသံကို ဒီကမ္ဘာကလူတွေ မကြားရပါဘူး'

'ဪ ဒါနဲ့ စစချင်း နောင်တရမှတ်က အတော်လေး မြင့်နေပြီပဲ'

'ပထမကမ္ဘာက သိပ်ပြီးခက်ခဲမှုရှိမှာ မဟုတ်ပါဘူး၊ hostရဲ့ မူလကမ္ဘာနဲ့လည်း အတော်ဆင်တူပါတယ်၊ မူလခန္ဓာကိုယ်ပိုင်ရှင်နဲ့ လိုက်လျောညီထွေအောင် နေရုံပါပဲ'

'ပြီးတော့ စွမ်းရည်ကဒ်ဆိုတာ ဘာလဲ'

'နာမည်အတိုင်းလုပ်‌‌ဆောင်ပေးနိုင်တဲ့စွမ်းရည်ရှိပါတယ်၊ မေ့‌မျောခြင်း၊ အိပ်ပျော်ခြင်း လှပစေခြင်း စသဖြင့် အသုံးဝင်တဲ့ကဒ်မျိုးပါ၊ ဈေးဆိုင်မှာ ရမှတ်တွေနဲ့ လဲလှယ်နိုင်ပါတယ်။ စွမ်းရည်ကဒ်အလိုက် အမှတ်နှုတ်ခံရမှုက တူညီမှာ မဟုတ်ပါဘူး'

'ချစ်ခင်မှုအမှတ်က 100ပြည့်ဖို့လိုလား'

' မစ်ရှင်ပြီးမြောက်ဖို့ တစ်ခုတည်းသော လိုအပ်ချက်က နောင်တရမှတ် 100 ပါ၊ ချစ်ခင်မှုရမှတ်အတွက် သတ်မှတ်ချက် မရှိပါ'

'မင်း host ဘယ်နှစ်ယောက်နဲ့ ကြုံခဲ့ပြီးပြီလဲ'

'သင်က ဆယ့်တစ်ယောက်မြောက် hostပါ'

'ရှေ့လူတွေ မစ်ရှင်ပြီးအောင် ဘယ်လိုလုပ်ခဲ့ကြတာလဲ'

061- အချက်အလက် စစ်ဆေးနေ...

သူတို့အားလုံးက ချစ်ခင်မှုရမှတ်ကိုတိုးအောင်လုပ်ပြီး နောက်ဆုံးသေတဲ့အချိန်မှာ နောင်တရမှတ်ပြည့်အောင်လုပ်ကြပါတယ်

'ဟွန်း.. ဈေးပေါလိုက်တာ'

'ချီလူကြီးမင်း ဒီကမ္ဘာရဲ့ အချက်အလက်တွေ ပေးလို့ရပါပြီလား'

'အချက်အလက်တွေလား'

'မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဘဝအကြောင်းပါ၊ ဒါတွေ သိထားရင် မစ်ရှင်အတွက် အထောက်အကူဖြစ်ပါတယ်'

'ကောင်းပြီလေ ပြောလို့ရပြီ'

'မူလပိုင်ရှင် ချိန်ယွမ်က ချမ်းသာတဲ့ မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ဂီတအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ်

မိဘတွေက တစ်နှစ်ပတ်လုံးအလုပ်ထွက်လုပ်ကြပြီး၊ အစ်ကိုက မိသားစုလုပ်ငန်းပိုင် ကုမ္ပဏီရဲ့ ဥက္ကဌ၊

ပစ်မှတ်ဖြစ်သူ ဆော့ဖ်ဝဲအင်ဂျင်နီယာ ယန်ပိုင်ဟွာက လက်ရှိဒီမြို့မှာ အလုပ်လုပ်နေပါတယ်၊ တစ်ဦးတည်းသော သားယောင်္ကျားလေးအဖြစ် မွေးဖွားလာပြီး အစ်မ လေးယောက်ရှိတယ်၊ မိသားစုက နယ်မှာပါ၊ ချိန်ယွမ်က ယန်ပိုင်ဟွာကို တက္ကသိုလ်မှာတွေ့ခဲ့တာ ပါ'

"ငါ့ နာမည်က ချိန်ယွမ် ဂီတဌာနက၊ ငါတို့ we chat ချင်းအပ်ကြမလား"

သူများ:

ဘာ ရပ်လုပ်နေသေးတာလဲ ..သူက ချိန်မိသားစုက သခင်လေး ချိန်ယွမ် ဟ! သူနဲ့ ခင်မင်ရတာ မင်းအတွက် အကောင်းဘက်ချည်းပဲ။

ချိန်ယွမ်:

ငါ.. ငါက ဒီတိုင်း ချိန်ယွမ်ပါပဲ

ယန်ပိုင်ဟွာ:

မင်္ဂလာပါ

သို့နှင့် အချိန်တစ်ခုကြာပြီးနောက် ချိန်ယွမ်က ဖွင့်ပြောခဲ့တယ်။

"ယန်ပိုင်ဟွာ ငါ..ငါ မင်းကိုသဘောကျတယ်၊ ငါ့ချစ်သူဖြစ်ပေးနိုင်မလား"

ချစ်သူဖြစ်သွားပြီးနောက်ပိုင်း ချိန်ယွမ်ဟာ သူငယ်ချင်းများနှင့်သာမက မိသားစုနဲ့ပါ တဖြည်းဖြည်း ကင်းကွာလာတော့တယ်။

ချိန်ကျန်း:

"ရှောင်ယွမ်.. အစ်ကိုက ယန်ပိုင်ဟွာရဲ့ နောက်ခံကိုအထင်‌‌ေသးတာမဟုတ်ဘူး၊ သူ့ရဲ့အကျင့်စရိုက်ကိုက မကောင်းတာ၊ သူက မင်းအပေါ် ကောင်းမယ့်သူမျိုးမဟုတ်ဘူး"

"ကော.. လောင်ယန်က သူ့မိသားစုအတွက်ရော ကျွန်တော့အပေါ်ရော အရမ်းကောင်းတဲ့သူ၊ ကျွန်တော် သူနဲ့ တစ်သက်လုံးလက်တွဲဖို့ ဆုံးဖြတ်ထားပြီးပြီ"

"မင်းအသက်က ဘယ်လောက်ရှိသေးလို့လဲ ဒါမျိုးစကားတွေ ပြောနေရအောင်က.."

"ငယ်ငယ်က အဖေနဲ့အမေတို့အမြဲ အလုပ်ရှုပ်နေပြီး အိမ်ပြန်မလာဘူး၊ အခုကောက သူတို့လိုတစ်ပံုစံထဲ လုပ်ပြန်ပြီ၊ ကျွန်‌တော် ညတိုင်းကောင်းကောင်းအိပ်မပျော်ခဲ့ဘူး၊ အိပ်ယာဝင်တိုင်း ဂွတ်နိုက်လေးတစ်လုံးပဲ ပြောရရင်တောင် ဟုတ်သေးတယ်... မိသားစု‌က‌ေပးမယ့် မေတ္တာကိုစောင့်ရင်းစောင့်ရင်း အခုတော့ လောင်ယန်ဆီက ရခဲ့ပြီလေ"

"မင်း!!"

************

ယန်ပိုင်ဟွာ:

"ရှောင်ချိန် မင်းရဲ့ ကောင်းတဲ့ဘဝကိုစွန့်လွှတ်ပြီး အခက်အခဲတွေ ရင်ဆိုင်နေတာ ငါ့အတွက်ပဲမလို့ ငါပျော်တယ်.. ဒါပေမယ့် ‌မင်းအစ်ကိုက.... ငါ့ကြောင့် မင်းတို့ညီအစ်ကို ရန်ဖြစ်ရမယ်ဆိုရင် ငါ မကောင်းရာကျတယ်"

"ငါက ငါပဲ.. ငါ့အစ်ကိုက ငါ့အစ်ကို သပ်သပ်စီ၊ မင်းအဆင်မပြေရင် ငါ အစ်ကိုနဲ့ အဆက်အသွယ်ဖြတ်လိုက်မယ်၊ ငါတို့နှစ်ယောက်ထဲ သီးသန့်နေကြမယ်"

"ရှောင်ချိန် မင်းငါ့အတွက် ပေးဆပ်တာများနေပြီ၊ သူငယ်ချင်းတွေက ငါ့ကိုသ‌ဘောမကျတာနဲ့ မင်းသူတို့နဲ့ မပေါင်းတော့ဘူး"

"သူတို့က မင်းကိုမှ နားမလည်ပေးနိုင်ကြတာ၊ တစ်ကယ်တမ်း ရင်းနှီးသွားရင် မင်းကို သဘောကျကြမှာ သေချာတယ်"

တက္ကသိုလ်မှဘွဲ့အသီးသီးရခဲ့ပြီးနောက်ပ်ုင်း တစ်အိမ်ထဲ အတူတူ‌ဆက်နေထိုင်ခဲ့ကြတယ်။

"လောင်ယန် ဒါငါတို့ရဲ့အိမ်..နောက် ကောအလုပ်သွားတဲ့အချိန် ငါကအိမ်မှာ သီချင်းရေးပြီး ငွေရှာမယ်"

"ငွေရှာတဲ့အလုပ်ကို ငါ့ဆီအပ်ထားလိုက်ပါ ၊မင်းအိမ်မှာပဲ အေးအေးဆေးဆေး စောင့်နေရင် ရပြီ"

တစ်နေ့...ချိန်ယွမ်က ကောင်းမွန်သောလေထုတွင် သီချင်းလေးညည်းရင်း ဟင်းချက်နေသည်။

ကျွီ....

"ဟင်းလေးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက် ချက်ထားတဲ့အိမ်လေးကနေ ကြိုဆိုပါတယ်နော်"

အလုပ်အိတ်ကိုချလိုက်ပြီးနောက်

"ဟင်းကောင်းတွေ ချက်ထားတာပဲ"

"ဟီး.. ကျွန်တော့်သီချင်းတွေ အကုန် ရောင်းထွက်သွားပြီလေ"

"အင်း ကောင်းသားပဲ"

061- ဒါပေမယ့် သူတို့ရဲ့ အချိန်ကောင်းက သိပ်ကြာကြာမခံလိုက်ပါဘူး၊ ယန်ပိုင်ဟွာရဲ့ ဝမ်းကွဲညီမ ယန်ရှောင်ယန့်က တေးဂီတကုမ္ပဏီတစ်ခုကို သူ့သီချင်းတွေ ခိုးရောင်းလိုက်တယ်၊ ဒါကြောင့် ချိန်ယွမ်ရဲ့ သီချင်းထုတ်ဝေပြီးတာနဲ့ သူများသီချင်းခိုးတယ်လို့ တန်းစွပ်စွဲခံလိုက်ရတော့တာပဲ။

ဖြတ်လျှောက်A :

ဟယ် ဒီသီချင်းက ထန်နတ်ဘုရားရဲ့သီချင်းအသစ်နဲ့ တူနေသလားလို့

ဖြတ်လျှောက်B:

တူနေတာ မဟုတ်ဘူး၊ တစ်ပုံစံတည်းပဲ

ဖြတ်လျှောက်C:

အရှက်မရှိဘူးဟေ့.. သီချင်းခိုးတယ်

ဖြတ်လျှောက်D:

ငါတို့နတ်ဘုရားရဲ့ သီချင်းကိုတောင် ကူးချရဲတယ် ငရဲမှာ သွားသေလိုက်!

ဖြတ်လျှောက်E:

ချိန်ယွမ်ဆိုတဲ့ လူက သီချင်းခိုးကူးခဲ့တယ်ဟေ့..

ဖျော်ဖြေရေးနယ်ပယ်:

သူ့နာမည်က ချိန်ယွမ် ဟုတ်လား ခိုးကူးတုန်းက ကူးပြီး ဝန်ခံရဲတဲ့သတ္တိကျ မရှိဘူး

ယန်ရှောင်ယန့်:

"အစ်ကို ညီမက ဒီလိုတွေ ဖြစ်အောင် တမင်လုပ်တာ မဟုတ်ပါဘူး၊ သူ သွားရောင်းမယ်လို့ ဘယ်သူက ထင်မှာလဲတဲ့၊ ထန်ဟွမ် နတ်ဘုရားမက သူ့သီချင်းတွေဆိုနေရင်ပဲ ဂုဏ်ယူ‌နေသင့်‌တာပေါ့ ဟုတ်တယ်မလား"

ချိန်ယွမ်:

"ကော ငါ့ကိုယုံတယ်မလား၊ သူ့သီချင်းကို တစ်ကယ် မခိုးချခဲ့ဘူးဆိုတာလေ၊ ငါရေးနေတာ ကောလည်းတွေ့တာပဲ၊ တစ်ကယ် ကိုယ်တိုင်ရေးထားတဲ့သီချင်းပါ"

"ကော မင်းကိုယုံတယ်၊ဒါပေမယ့် ရှောင်ယန့်က ငယ်သေးတော့ အမှားလုပ်မိတတ်တာ သဘာဝပဲ၊ ဒါနဲ့ပဲ မင်း ထန်ဟွမ်ကို တရားစွဲဆိုလို့လည်းမရဘူး၊ မနိုင်ပဲ အလကားသက်သက် ပြဿနာကြီးသွားတာက ဘာအသုံးဝင်မှာလဲ၊ လူတိုင်းသိကုန်ရင် အနာဂါတ်မှာ မျက်နှာဘယ်နားသွားထားမှာလဲ၊ ငါ့မိသားစုကို ဘယ်လိုရှင်းပြရပါ့မလဲ"

"ငါ့ဘက်ရော မကြည့်ပေးတော့ဘူးလား...ငါ့ဂုဏ်သိက္ခာ အကုန်မြောင်းထဲရောက်မှာလေ"

"ဘာမှမဖြစ်ဘူး ကော မင်းကိုယုံတယ်၊ အင်တာနက်ပေါ်က လူတွေက သေချာမသိပဲ လျှောက်ပြောနေကြရုံတင်၊ အကောင့်ဖျက်ထားလိုက်ရင် ဘယ်သူမှ မင်းကိုမသိတော့ဘူး"

"တစ်ကယ်လား"

"အင်းပေါ့ သေချာစဉ်းစားကြည့် ရှောင်ယန့်ကိုကူညီလိုက်ရင် ကောမိဘတွေလည်း မင်းအပေါ်ကြည်ဖြူပြီးလက်ခံနိုင်မှာပဲ"

"ဒါပေမယ့် ငါ့နာမည်နဲ့ သီချင်းဆက်ရေးဖို့က..ဘယ်လိုလုပ်ရမလဲ ဘယ်သူက ငါ့ကိုလိုချင်ဦးမှာလဲ"

"ကော က မင်းကိုလိုချင်တယ်လေ"

*****

ခွမ်း!!!

"လောင်ယန် ငါသီချင်း ဆက်မရေးနိုင်တော့ဘူး၊ ဘာမှ စဉ်းစားလို့ မထွက်တော့ဘူး ဟင့် ဟင့်"

"မရေးနိုင်တော့လည်း ငါရှိပါသေးတယ် ကိစ္စမရှိဘူးနော်"

ချန်ကျန်း:

"ငါ့ညီလေးက စိတ်ကျရောဂါခံစားနေရပြီ မင်းသူ့ကိုနိုင်ငံခြားမှာ ဆေးကုဖို့‌ေခါ်သွားလိုက်၊ လိုအပ်တဲ့ အခြားကိစ္စတွေ စီစဉ်ပေးမယ်၊ ဒါပေမယ့် အခြေအနေ တစ်ခုတော့ ရှိတယ်.. မင်းသူ့ကိုလက်ထပ်ယူရမယ်.. ငါ့ညီက မင်းမရှိပဲ မနေနိုင်ဘူး"

လေယာဉ်ပျံသန်း~~~~~

ချိန်ယွမ်သည် စန္ဒယားကို စိတ်နှစ်၍ ‌‌တီးခတ်နေခဲ့သည်။

'လောင်ယန်နားထောင်ဖို့ တီးပြရမယ် ။ ငါ သီချင်းပြန်လုပ်နိုင်နေပြီ ဟဟ'

"သားလေး ငါတို့မိသားစုက အခုစာရွက်စာတမ်းတွေလည်း ပြည့်စုံနေပြီ၊ ရှောင်ချိန်လည်း နေကောင်းနေပြီဟာကို ဘယ်တော့ ကွာရှင်းကြမှာလဲ၊ ကလေးလိုချင်ရင် သား သူနဲ့တစ်သက်လံုးဆက်နေလို့မရဘူးလေ ၊သားနဲ့ လိလိရဲ့ ဆက်ဆံရေးကလည်း ကောင်းနေပြီမလား"

"ကျွန်တော် သူနဲ့ ကွာရှင်းမယ့်ကိစ္စ ပြောလိုက်မယ်"

အကုန်ကြားသွားသည့် ချိန်ယွမ်...

"ငါက တစ်ကယ် လူရယ်စရာဖြစ်နေခဲ့တာပဲ"

############

TN. ဒီအပိုင်းကို Audio အသံကနေ ရေးထားတာပါ arc တစ်ဝက်လောက်ပါသွားသလိုပဲ Ch1 မစခင် အမြည်းကျွေးတာလို့ သဘောထားလိုက်ပေါ့ ရေးပြီးလက်စနဲ့ မထူးပါဘူး

2046 words

🍇 Grape

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment