no

Font
Theme

ငွေစက္ကူနီနှစ်ရွက်ကို ကြည့်ရင်း ဝမ်ကျစ်ချူး အကြောက်အကန် ငြင်းလိုက်သည်။

“မ..မယူဘူး”

“မလောက်လို့လား”

“မဟုတ်..မဟုတ်ပါဘူး”

ဝမ်ကျစ်ချူး လက်များတခါခါဖြင့် ငြင်းလိုက်သည်။

“မင်း တခြားဘာမှ တောင်းဆိုချင်တာမရှိဘူးဆိုရင် ဒါကို ယူလိုက်”

သူက ခိုင်ခိုင်မာမာ ပြောလာ၏။

ဝမ်ကျစ်ချူး အနောက်ကို တိုးဆုတ်ရင်း ပုန်းလိုက်သည်။

“မ… မယူဘူး”

“ယူလိုက်”

“ကိုယ့်ဟာကိုယ် ပြန်ယူသွားပါ”

“ယူလိုက်”

“မ… မယူပါရစေနဲ့”

တရုတ်နှစ်သစ်ကူးရောက်ရန် ခုနစ်လ လိုသေးသော်လည်း အခန်းဆယ့်တစ်ရှေ့တွင်တော့ နှစ်သစ်ကြိုကူးလျက်ရှိနေပြီး အန်ပေါင်းများပင် ပေးနေပြီ ဖြစ်သည်။

ဒီနှစ်တော့ နှစ်ကူးက အစောပိုင်းထဲက ရှိတာဖြစ်မည်။

“ဘာလို့မယူတာလဲ”

ကျန်းယွိက မျက်မှောင်ကြုတ်ရင်း မေးသည်။

ဝမ်ကျစ်ချူး ခေါင်းငုံ့ထားရင်း ကျောင်းဝတ်စုံ အိတ်ကပ်အား ခပ်တင်းတင်းဖုံးကိုင်ထားကာ

“မေမေက မှာထားတယ်။ သူစိမ်းဆီက ဘာပစ္စည်းမှ မယူရဘူးတဲ့”

သူသာ ယူလိုက်ပါက တန်ရာတန်ကြေးတစ်ခုခု ပြန်ပေးရမည်ဖြစ်သည်။

ကျန်းယွိ အံ့အားသင့်သွားရသည်။

“ငါဘယ်သူလဲ မင်းမသိဘူးလား”

တစ်ဖက်သူက သူ့အမေးအား ရိုးသားစွာ ခေါင်းညိတ်ပြလာသည်။

“ဒါဆို မင်း ဘာလို့ ရှောင်းမြန်ရဲ့ ရည်းစားစာ ကို လာပို့သေးလဲ”

“စိန်..စိန်ခေါ်စာပါ”

ဝမ်ကျစ်ချူး အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားကို အမှန်ပြန်ပြင် ပေးလိုက်သည်။

“ထားပါတော့.. စိန်ခေါ်စာဆိုတော့လည်း စိန်ခေါ်စာပေါ့”

ဝမ်ကျစ်ချူးက မဝံ့မရဲနဲ့ သူ့ကို ကြည့်လိုက်ရင်း

“ဖြစ်… ဖြစ်နိုင်တာက စားပွဲပေါ်မှာ မင်း နာ..နာမည်ရှိနေတာဖြစ်မယ်”

ကျန်းယွီ : “...”

တစ်ဖက်သူက ပိုက်ဆံကို အကြောက်အကန်ငြင်းနေသဖြင့် ကျန်းယွီ နှုတ်ကတိသာ ပေးလိုက်သည်။

“ မင်း ဆန္ဒရှိရင် ငါ ချရေးပေးမယ်။ နောက်ပိုင်း အန္တရာယ်ကြုံလာခဲ့ရင် ငါ့ကို အကူအညီလာတောင်းလို့ရတယ်”

[T/N : ကျစ်ချူးက ကျန်းယွီဆီကို ရှောင်မြန်ရဲ့ စိန်ခေါ်စာပို့လိုက်ပေမယ့်၊ ကျစ်ချူးရဲ့ ဂန္ဓဝင် စိန်ခေါ်စာကြောင့် သူတို့နှစ်ယောက် အဆင်ပြေသွားပုံရပါတယ်။ ဒါကြောင့် ကျေးဇူးတင်တဲ့ အနေနဲ့ ပိုက်ဆံလာပေးတာမျိုး ဖြစ်မယ်ထင်တယ်။ ]

ဝမ်ကျစ်ချူး‌ အခြေအနေကို လိုက်မမီသည်က အပြစ်ဆိုစရာတော့ မဟုတ်ချေ။ သူပို့လိုက်သည်က စိန်ခေါ်စာတစ်စောင်သာ ဖြစ်ပြီး ယခု သူ ပြန်ရသည်က ပိုက်ဆံနှင့်အကူအညီ ဖြစ်နေသည်။

[စနစ်: သင် အခု ပိုက်ဆံလိုနေတာ မဟုတ်ဘူးလား]

ဝမ်ကျစ်ချူးမှာ အံ့အားသင့်နေဆဲ ဖြစ်ပြီး “ဟမ်”

[စနစ်: ဘုရားရေ.. ဒါက မိုးပေါ်ကကျလာတဲ့ ကံကောင်းမှုကြီးတစ်ခုလေ]

“ဒီလိုကံကောင်းတာမျိုး ငါ့ဆီလာဖြစ်တာက ပုံမန်လို့များ ထင်နေတာလား နတ်သူငယ်လေးရဲ့”

[စနစ်: သေချာပေါက် သာမန်မဟုတ်ဘူး]

“ဒါကိုများ အဲ့ပိုက်ဆံယူသင့်တယ်လို့ တွေးနေသေးတာလား”

နတ်သူငယ်လေး စကားလုံးရှာမတွေ့တော့ချေ။

[ဟင့်အင်း..မယူသင့်ဘူး]

ဝမ်ကျစ်ချူး အခန်းထဲ ဝင်သွားပြီး ထိုင်လိုက်သည်။ သူ ဖင်ပူအောင်ပင် မထိုင်ရသေးခင် သူ့စားပွဲဆီသို့ နောက်ဆုံးမှ ရေလျှင် ဒုတိယအဆင့် အဆင့်ရသည့် ကျောင်းသားတစ်ယောက် ရောက်လာပြီး စားပွဲလာပုတ်ရင်း သူ့ကို ခေါ်လိုက်သည်။

“ဆယ့်ခြောက်”

“ဝမ်ကျစ်ချူး” သူ ချက်ချင်း အမှန်ပြင်လိုက်သည်။

“မင်း ငါ့ကို ခေါ်လိုက်တာလား”

“ဒုတိယဘိတ်ချီး”

ဝမ်ကျစ်ချူး ထိုသို့ပြောလိုက်ပြီးမှ အနည်းငယ်တွေးရင်း ပြောလိုက်သည်။

“ဒီ… ဒီလိုဆို.. မင်းလည်း ငါ့ကို ဆယ့်ခြောက်လို့ ခေါ်လို့ရတယ်”

ထိုဒုတိယဘိတ်ချီးမှာ တစ်ခုခုကို ချက်ချင်းသဘောပေါက်သွားသည်။

“မင်းငါ့နာမည်ကို မသိသေးဘူးပေါ့၊ ဟုတ်တယ် မဟုတ်လား”

ထိုဒုတိယဘိတ်ချီးက ရှေ့ခြေတစ်လှမ်းတိုးပြီး ဝမ်ကျစ်ချူး လည်ပင်းကော်လံကို လာဆွဲ၏။

“လခွမ်း! မင်းက ငါ့သူငယ်ချင်း မဟုတ်သေးဘူးပဲ”

ဝမ်ကျစ်ချူးက တအံ့တအားနဲ့ ထိုသူနှင့် အပြန်အလှန် ကြည့်နေမိရင်း

“ငါ..ငါတို့က သူငယ်ချင်းတွေ ဟုတ်လို့လား”

“မဟုတ်စရာလား။ မဟုတ်ရင် အရင်စာမေးပွဲတုန်းက ငါ့ အဆင့်က အလကားဖြစ်သွားမှာပေါ့”

ဝမ်ကျစ်ချူးစကားပြောရန် ပါးစပ်လှုပ်လိုက်ချိန် ဒုတိယဘိတ်ချီးက စကားဆက်၏။

“မနေ့က ပေးလိုက်တဲ့ သင်္ချာအိမ်စာကို ငါ့ကို ပေးကူးဦး”

“ငါ…မင်းကိုသင်ပေးမယ်လေ”

“ဟမ်”

ဒုတိယဘိတ်ချေး ပြန်ပြီး အံ့အားသင့်သွားရလေ၏။

ထို့နောက်တွင်တော့ ကိုယ်ပိုင်စာကြည့်ချိန် မနက်ခင်းအတန်းလေးတွင် လေ့ကျင့်ခန်းစာအုပ်များ စားပွဲပေါ် ပလူပျံသွားပြီး ဒုတိယဘိတ်ချီးမှာ ခေါင်းတကုတ်ကုတ်ဖြင့် ရှိနေ၏။

“ငါ့ကို မင်းစာအုပ်နဲ့ အရင်ပေးကူးစမ်းပါ။ မဟုတ်ရင်မမီပဲ နေမယ်။ နောက်မှ ငါ့ကို သင်ပေးတော့”

ဝမ်ကျစ်ချူး ထိုစကားကို ထောက်ခံရင်း မနေ့က အိမ်စာစာအုပ်ကို ကမ်းပေးလိုက်သည်။

မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ပြီးခါနီးတွင် ဒုတိယဘိတ်ချီးက သူ့စာအုပ်ကို ပြန်ပေးလိုက်သည်။

“ကူးတာပြီးပြီ။ အများကြီးကျန်မယ် မထင်ထားဘူး”

“မဟုတ်ဘူး၊ နှစ်ရွက်ပဲ ကျန်တာလေ”

“နှစ်စကနေ အခုအထိ”

“......”

ကျောင်းသားကောင်းလေးက စာအုပ်များစွာကို တစ်ကြိမ်တည်း ကူးချလိုက်တာဖြစ်သည်။

“ မင်းရှိလို့ တော်သေးတာပေါ့၊ ပြီးခဲ့တဲ့အတန်းက ဆရာက ငါ့ကို ဒီတစ်ခေါက်ဆို ရှေ့ခေါ်စစ်မယ်တဲ့ “

သင်္ချာဆရာ၏ ကြောက်စရာကောင်းတဲ့ မျက်နှာကို ပြန်တွေးကြည့်မိရင်း

“ ဒီနေ့မင်းသာ မရှိရင် ငါဆိုတာလည်း ရှိ‌မှာ မဟုတ်တော့ဘူး”

ဝမ်ကျစ်ချူး: “ကျေးဇူးတင်စရာ မလိုပါဘူး”

ဒုတိယဘိတ်ချီး သူ့စာအုပ်အား ထပ်နေချိန် ဝမ်ကျစ်ချူး ထိုစာအုပ်ပေါ် လှမ်းကြည့်လိုက်သည်။

“ဒါမင်းနာမည်လား”

ပြောရင်း ကျိချူးယိဆိုသည့် စကားသုံးလုံးကို လက်ညိုးထိုးမေးလိုက်သည်။

“အင်း ဟုတ်တယ်”

“နာမည်က ထူးခြားတယ်”

“ပြောမနေတော့နဲ့။ အဲ့နာမည်ပေးတုန်းက အဖေက သူများနာမည်တွေ ထပ်နေမှာ ဆိုးလို့တဲ့၊ ခက်ခက်ခဲခဲရှာထားတာ”

“စာမေးပွဲကျ အချိန်နည်းနည်း ပိုကုန်မှာပေါ့”

“အဖေလည်း အဲ့လိုစဉ်းစားမိဖူးတယ်”

သူ ထိုအထဲက စကားလုံးတစ်ခုကို လက်ညိုးထိုးပြလိုက်သည်။

“အဲ့တာကြောင့် အချိန်မပုတ်အောင် နောက်ဆုံးတစ်လုံးကို အချိန်မဖြုန်းပဲ ရွေးလိုက်တာလေ”

“.......”

အဖေ့‌မေတ္တာနဲ့ ဂရုစိုက်မှုကလည်း တမူထူးခြားလှပေ၏။

ကိုယ်ပိုင်စာကြည့်ချိန်အပြီး ဝမ်ကျစ်ချူး အတန်းပိုင်ဆရာရုံးခန်းသို့ သွားပြီး တံခါးခေါက်လိုက်သည်။ အထဲက ဝင်ခွင့်ပြုမည့် အသံကို နားထောင်နေရင်း တံခါးမဖွင့်ခင်အထိ လမ်းလျှောက်နေလိုက်၏။

ဝမ်ကျစ်ချူး ဝင်သွားလိုက်ချိန် အခန်း[၁၁] အတန်းပိုင်ဆရာက သူ့ကို မော့ကြည့်လာသည်။

“ကိစ္စရှိလို့လား”

“ဟုတ်ကဲ့၊ ဆရာ” ဝမ်ကျစ်ချူးက ဆရာ့ခုံနားထိ တိုးသွားလိုက်ပြီး “ကျွန်တော် နေ့လယ်နားနေဆောင် လျှောက်ချင်လို့ပါ”

“အဆောင်လား”

အတန်းပိုင်က ဘေးအံဆွဲထဲမှ ဖိုင်တစ်တွဲထုတ်ရင်း ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် အခန်းတစ်ခန်းကို နှစ်ယောက်ထားလေ့ရှိသော်လည်း ဝမ်ကျစ်ချူးက သူ့အတန်းဖော်တွေထဲ ထူးခြားသည့်ကျောင်းသား ဖြစ်သည်။

အလွန်အကျွံ အနှောက်အယှက်‌ကောင် ဟူ၍။

ကျောင်းသားများကြား မလိုလားအပ်သည့် ပြဿနာများ မဖြစ်လာရေးအတွက် ဘယ်သူမှ မရှိသေးသည့် အဆောင်ခန်းကို‌ ဝမ်ကျစ်ချူးအား ပေးလိုက်သည်။

ထို့နောက် လက်မှတ်တစ်ခု ထိုးပေးပြီး ဝမ်ကျစ်ချူးကို ကမ်းပေးလိုက်သည်။

“ဒီစာရွက်ယူပြီး အဆောင်Hကို နေ့လယ်ကျရင်သွားလိုက်၊ ပြီး အဆောင်မှူးကို ဒီစာရွက်ပြလိုက်။ သူမင်းကို အခန်းသော့ပေးလိမ့်မယ်”

ဝမ်ကျစ်ချူး လက်နှစ်ဖက်ဖြင့် စာရွက်ကို တရိုတသေယူလိုက်သည်။ “ကျေးဇူးပါ ဆရာ”

သူ ထင်ထားသည်ထက် လျောလျောရှူရှူပြီးသွားပြီး လျှောက်လွှာကို အိတ်ကပ်ထဲထည့်ကာ ရုံးခန်းထဲက ထွက်သွားသည်။

ထိုအချိန် အတန်းပိုင်ဆရာဘေးမှ အခန်း[၉]၏အတန်းပိုင်က လှမ်းမေးသည်။

“သူက ငါတို့အခန်းထဲက မုံ့ယန်ကို လိုက်နေတဲ့ ဝမ်ကျစ်ချူးလား”

“အင်း ဟုတ်တယ်”

“သူဘာလို့ ရုတ်တရက် အဆောင်လာလျှောက်တာလဲ”

“ကလေးက ကောင်းကောင်းမွန်မွန် နားချင်လို့နေပါလိမ့်မယ်။ ဒါကြောင့် သူ့ကို သီးသန့်အခန်း ပြင်ပေးလိုက်တယ်”

“ဘာလို့လဲ”

“ကျောင်းသားဆိုးတစ်ယောက်ရဲ့ အကြမ်းဖက်မှုကိုရှောင်ရှားဖို့ပေါ့ကွာ”

“.....”

ဝမ်ကျစ်ချူးကို တစ်ခြားအခန်းဖော်နှင့် ထားခြင်း၏ အကျိုးဆက်ကို အတန်းပိုင် ကောင်းကောင်းတွက်မိပြီးဖြစ်သည်။

နေ့လယ်စာစားပြီးချိန်တွင် ဝမ်ကျစ်ချူးလျှောက်လွှာယူရင်း အဆောင်ဖက်သွားလိုက်ကာ အဆောင်မှူးကို စာရွက်ပြလိုက်သည်နှင့် သော့တစ်ချောင်းရလာသည်။ ထို့နောက် သော့ပေါ်မှ နံပါတ်ကိုလိုက်ရှာလိုက်သည်။

“သူက ဘာလို့ ဒီရောက်နေတာလဲ”

စိတ်ပျက်စရာပဲ!!!

သူ့ကိုတွေ့လိုက်သည်နှင့် စုန့်ပင်းမျက်နှာမှာ ဘီလူးသံပရာသီးကို ကိုက်မိသကဲ့သို့ ရှုံ့တွသွားသည်။

“သောက်.. သူ့အ‌ခန်းဖော်တော့ ဘယ်ကောင်မှန်းမသိပေမဲ့ ကံဆိုးပြီပဲ”

အရင်တစ်ခေါက် ကိစ္စပြီးကတည်းက စုန့်ပင်း သူ့အပေါ် အမြင်မကြည်မှန်း ဝမ်ကျစ်ချူး သိထားသည်။ တစ်ဖက်သူက သူ့ကို စောင်းမြောင်းနေမှန်း သိသဖြင့် သူလည်း ဖော်ရွေပြနေစရာ မလိုတော့။ သူက တော်ရုံသိမ်မွေ့သူဖြစ်သော်လည်း သူ တကယ်မကျေနပ်လာရင်တော့ ၎င်းတို့ကို ထုတ်ပြရမှ ကျေနက်သည့်သူပင်။

စုန့်ပင်းက သူ့ကို တစ်ချက်ကြည့်ရင်း အခန်းထဲပြန်ဝင်ကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။

“စောက်ကျက်သရေတုံးတာ”

[စနစ်: ဒီလောက်ရိုင်းစိုင်းတဲ့သူကို ငါ့နောက်ဆုံး Hostစာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာ ထိပ်ဆုံးမှာကို ရေးမှတ်ထားပေးမယ်။ သူ့ကို စိတ်ထဲမထားနဲ့”

“နတ်သူငယ်လေး”

[စနစ်: ဘာဖြစ်လို့လဲ]

“ဒီနောက်ပိုင်း နည်းနည်း ဂရုစိုက်လာသလိုပဲနော်”

[စနစ်: ဒီနောက်ပိုင်းမဟုတ်ပါ]

?

[စနစ်: ဟိုအရင်ကတည်းက ဂရုစိုက်ပါတယ်]

……

သူ့အခန်းနံပါတ်မှာ ၄၀၂ ဖြစ်ပြီး နှစ်ယောက်ခန်းဖြစ်သည့်တိုင် ယခု သူတစ်ယောက်တည်းရှိနေသည်။ အိပ်ရာခင်းကို ကြည့်ရင်း သဘောပေါက်သွားသည်က သူကိုယ်တိုင် အပြင်မှ ခေါင်းအုံးနှင့်စောင် ယူခဲ့ရမည်ဆိုသည့်ကိစ္စပင်။

သို့သော် ယနေ့က ပူအိုက်သည့်နွေရာသီဖြစ်သဖြင့် ဝမ်ကျစ်ချူး ပြတင်းပေါက် အနည်းငယ်ဟလိုက်ပြီး မွေ့ရာပေါ်လဲသည့် တခဏ သက်တောင့်သက်သာရှိမှုနှင့်အတူ စက်တော်ခေါ်သွားလေတော့သည်။

နေ့လယ်နားချိန်အပြီး ဝမ်ကျစ်ချူးဆံပင်စုတ်ဖွာဖွာနှင့် စာသင်ခန်းထဲ ပြန်ဝင်လာခဲ့သည်။

သူ့ပုံစံအားကြည့်ရင်း ဒုတိယပိတ်ချီးက ချီးကျူးထောပနာပြု၏။

“ဟ..နေ့လယ်နားချိန်ကို ဆံပင်ကေသွားချိန်းလိုက်တာလား။ အကြေဖွကေလား။ ငါလည်း တစ်ရက်လောက်ပုံသွားသွင်းကြည့်ရမယ်”

“ငါလား..မလုပ်ထားပါဘူး” ဝမ်ကျစ်ချူး အူ‌ကြောင်ကြောင်ဖြင့် ငြင်းလိုက်သည်။

“ဒါဆို မင်းဆံပင်ကို ဘယ်လိုလုပ်လိုက်တာလဲ”

“ငါ..သွားအိပ်ထားတာ”

“....”

တစ်ဖက်သူ ပြောစရာစကားပျောက်ရှသွားခဲ့လေသည်။

ပထမဆုံးစာသင်ချိန်က သင်္ချာချိန်ဖြစ်ပြီး အိပ်ချင်မပြေသေးသည့် ဝမ်ကျစ်ချူး သူ့မျက်နှာသူပုတ်နှိုးနေ၏။

စာသင်ချိန်တွင် ဆရာက အတန်းကို ကျောခိုင်းရင်း ဖော်မြူလာတစ်ချို့ ချရေးနေ၏။ အရှေ့တန်းမှ အလင်းရောင်တစ်ခုက လင်းနေ၏။

တစ်ယောက်ယောက်ဖုန်းသုံးနေပုံပင်။

ဖုန်းသုံးနေသူက စုန့်ပင်းဖြစ်သည်။ မိုဘိုင်းဖုန်းထဲမှ ဂိမ်းကို အသည်းအသန် ဆော့နေရင်း သူ့ကိုယ်သူ စိတ်မလုံသဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေရာမှ ဝမ်ကျစ်ချူး၏ မျက်စိလေ့ကျင့်ခန်း လုပ်နေသည့်အချိန်နှင့် သွားတိုးလေသည်။

ရုတ်တရက် လန့်သွားတာကြောင့် ဖုန်းကို ခုံအောက်ထဲသို့ အတင်းထိုးထည့်လိုက်လေ၏။

ဝမ်ကျစ်ချူးက စုန့်ပင်းဖုန်းသုံးသည် ကိုစိတ်ထဲပင် မထည့်ချေ။ သူ့ဖာသာ စာသေချာကြည့်သည် ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ သူက ဂရုကိုမစိုက်ချေ။

စုန့်ပင်းက သွားတရှပ်ရှပ် ကြိတ်ရင်း ဝမ်ကျစ်ချူးကို လှည့်ကြည့်သော်လည်း ဝမ်ကျစ်ချူး၏ အဖက်ပင် မလုပ်ချေ။

သူ့အား ရန်စနေသလိုပင် ခံစားလိုက်ရသည်။

ထို့နောက်ပိုင်း စုန့်ပင်း ဝမ်ကျစ်ချူးကို ခဏခဏလှည့်ကြည့်ရင်း ဟာကွက်ရှာနေလိုက်၏။ ဝမ်ကျစ်ချူး ဖုန်းသုံးမည့်အချိန်ကို စောင့်ဖမ်းဖို့ဖြစ်သည်။ ဝမ်ကျစ်ချူး ခေါင်းငုံ့ရင်း စားပွဲအောက်၌ တစ်ခုခုလုပ်နေသည်ကို မြင်လိုက်ရသဖြင့် လူယုတ်မာအပြုံးတစ်ခု သူ့မျက်နှာထက်ပေါ်ထွန်းလာသည်။

မင်းတော့ သေပြီသာမှတ်!!!

စုန့်ပင်း ရုတ်တရက်ထရပ်လိုက်သည်။

“ဆရာ..ဝမ်ကျစ်ချူး အတန်းထဲ ဖုန်းခိုးသုံးနေတယ်”

ဝမ်ကျစ်ချူး ဆွံ့အသွားရပြီး စုန့်ပင်းကို မယုံကြည်နိုင်စွာ လှည့်ကြည့်လာသည်။

ဒါ သူခိုးက လူပြန်ဟစ်သည့်အကွက် မဟုတ်ပေဘူးလား။

ဆရာက သူတို့နှစ်ဦးဖက် အေးစက်စက်လှည့်ကြည့်လာသည်။

“ကျွန်တော်..ကျွန်တော် ဖုန်းမသုံးပါဘူး”

“မဖြစ်နိုင်တာ။ မင်းသုံးတာမတွေ့ပဲ ငါက တိုင်မလား”

“မင်း ညာတာ”

သင်္ချာဆရာက ဝမ်ကျစ်ချူးဆီ လျှောက်လာပြီး မေးသည်။ “မင်းဖုန်းကြည့်သေးလား”

“မကြည့်ပါဘူး”

ဝမ်ကျစ်ချူး ခေါင်းခါ ငြင်းလိုက်သည်။ ထို့နောက် စားပွဲအောက်ကို ဆရာအားဖယ်ပြသည်။ စားပွဲထဲ ခဲဖျက်နှင့် ခဲဖျက်ထဲ တစ်ဝက်ဝင်နေသည့် ပေတံတစ်ချောင်းသာရှိသည်။

ဆရာက ထိုပစ္စည်များကို ကြည့်ရင်း စုန့်ပင်းဖက် လှည့်ကြည့်လိုက်သည်။

စုန့်ပင်း အနည်းငယ် ရှက်ရွံ့သွားပြီး ဝမ်ကျစ်ချူးအား ရန်လိုအကြည့်ဖြင့် ခက်ခက်ထန်ထန် စိုက်ကြည့်လာသည်။

ဝမ်ကျစ်ချူး ထိုအခြေအနေကြောင့် စိတ်အချဉ်ပေါက်သွားတော့သည်။

“ဆရာ..စုန့်ပင်း အတန်းထဲ ဖုန်းသုံးနေတာပါဆရာ”

သင်္ချာဆရာ၏ အကြည့်ကြောင့် သူ့လည်ပင်းပင် တွန့်သွားရသည်။

“မင်းက ငါ့ကိုစွပ်စွဲတယ်ပေါ့။ ဘယ်မှာလဲသက်သေ။ သက်သေမရှိရင် လိမ်တာပဲ”

စုန့်ပင်း ဝမ်ကျစ်ချူးလုပ်သလိုပင် ထိုင်ခုံမှ ဖယ်ရင်း သူ့စားပွဲကို ဆရာအား ပြလိုက်သည်။ သူ့ဖုန်းကိုတော့ စာအုပ်များကြား ထဲအစောကတည်းက ဖွက်ထားခဲ့ပြီးဖြစ်လေသည်။

စုန့်ပင်း ဝမ်ကျစ်ချူးကို ကြည့်ရင်းမေးလိုက်သည်။

“လာရှာလေ”

“ငါက မင်းကို အခွင့်ရေးပေးနေတာ”

ဝမ်ကျစ်ချူး သူ့ကို အေးဆေးစွာ ပြန်ပြောလိုက်၏။

“ဘာအခွင့်အရေးလဲ”

“မင်းဟာမင်း ထုတ်လိုက်”

စုန့်ပင်းမျက်နှာရှုံ့မဲ့သွားသည်။

“ငါ့မှာဘာမှမရှိတာ။ ဘာထုတ်ပေးရမှာလဲ”

ဝမ်ကျစ်ချူး ပြိုင်ငြင်းမနေတော့ပဲ နာမည်တစ်ခု ခေါ်လိုက်သည်။

“ဟိုင်း စီရီ[Siri]”

“ရှိပါတယ်”

“......”

သူ့နောက်ကျောမှာ ခွေးတစ်ကောင်ရှိနေတဲ့ ပုံပင်။

[T/N : နောက်ကျောမှာ ခွေးတစ်ကောင်ရှိနေတယ် ဆိုတာက အိမ်ကခွေးလေးတွေက သူ့သခင် အပြင်မှာ ခွေးတစ်ကောင်နဲ့ ထပ်ရှိနေတာကိုသိတာမျိုးပါ။ သူခိုး လူမိသွားတာပေါ့။ ]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment