no

ငါ့ဇနီးကထိပ်တန်း Alpha!

ငါ့ဇနီးကထိပ်တန်း Alpha!

-

0
Your Rating
Author -
Artist -
Translator Aurora Team
Release -
0 Chapters
Free Novel
No Chapters Yet

Summary


...

Description

ဝါကျတစ်ကြောင်းနှင့် နိဒါန်းဆိုရသော် - ထိပ်ဆုံး A သည် ထိပ်ဆုံး A နှင့်သာ ဘာဘာညာညာ ဖြစ်သင့်ပေ၏။

ရုန်ရှီက ကလေးဘဝကတည်းက စာပေရေးရာတွင် ထူးချွန်ခဲ့သလို ရုပ်ရည်ရူပကာလည်း ချောမောခံ့ညားသည်။ သူက အတိုက်အခိုက်လည်း ကျွမ်းကျင်သလို ရက်စက်ရန်လည်း လက်တွန့်သူ မဟုတ်ခဲ့။ အသက်သုံးဆယ်ပင် မပြည့်သေးခင်တွင် စစ်ဘက်ဌာန၌ ဗိုလ်ချုပ်ရာထူးအထိ တက်လှမ်းနိုင်ခဲ့ပြီး နိုင်ငံတော်၏ ထိပ်တန်း Alpha တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။

သို့သော်လည်း မတော်တဆနှင့် အကောင်ကြီးကြီး အမြီးရှည်ရှည်များကြားမှ အာဏာလုတိုက်ပွဲတွင် ပါဝင်မိခဲ့ခြင်း၊ အတင်းအကျပ် စီစဉ်ပေးထားသော အိမ်ထောင်ဘက်ကို လက်မခံခဲ့ခြင်းတို့ကြောင့် "ထိန်းသိမ်းခံ" ခဲ့ရသည်။

သူနိုးလာသည့် အချိန်မှာတော့ တက္ကသိုလ်ပင် မတက်ရသေးသော ဆယ့်ရှစ်နှစ်အရွယ်ကို ပြန်ရောက်နေခဲ့သည်။

အခုမှရောက်လာသည့် ကျောင်းဝင်ခွင့် သတိပေးချက်ကိုကြည့်ရင်း သူ၏ပုံစံအမှန်ကို ဖုံးကွယ်ကာ ကိစ္စများကို စုံစမ်းမည်ဟု ရုန်ရှီ ဆုံးဖြတ်ခဲ့သည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောရစဉ် သူက အကုန်လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသော စကားတစ်ခွန်းကို ပြောခဲ့၏။

"ကျွန်တော်က ဒီကို အပျော်လာကြည့်တာ။"

ကျောင်းဝင်ခွင့်ကို အတုလုပ်ခြင်း၊ အာဏာကို အလွဲသုံးစားလုပ်ခြင်း၊ စစ်ပြေး၏သား စသည့်အမှုတွဲများနှင့် စစ်သင်တန်းကျောင်းတွင် ပြင်းပြင်းထန်ထန် ဝေဖန်ဆွေးနွေးခံရပြီးနောက် ရုန်ရှီက သူ့ကိုယ်သူ နှိမ့်ချပြီး တိုးတိုးတိတ်တိတ်လေး နေနိုင်လောက် မည်ဟုထင်ခဲ့သည်။ သို့သော်လည်း သူ့မျက်နှာကိုပဲ ကြိုက်ကြသည့် Omega များက လမ်းပိတ်ထားဆဲသာ။

"ငါက Alpha တွေကို ကြိုက်တာ။"

ရုန်ရှီက လူအုပ်ထဲကို ပေါ့ပေါ့တန်တန် လက်ညှိုးထိုးလိုက်သည်။

"သွယ်သွယ်လျလျနဲ့ လှလှလေးတွေကို။"

စုန့်ယွီ: "???"

အင်ပါယာ၏ ဒုတိယမင်းသားဖြစ်သည့် စုန့်ယွီက နေရာတိုင်းတွင် ပထမမင်းသားကြီးကို အပေါ်စီးမှ လွှမ်းမိုးထားနိုင်ခဲ့သည်။ ရန်လိုမှုများမှ ကင်းဝေးစေရန်အတွက် သူက မည်သူမည်ဝါ ဖြစ်သည်ကို ဖုံးကွယ်ပြီး စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်။

ကျောင်းစဖွင့်သည့် ပထမနေ့တွင် သူ့မျက်နှာကို လက်ညှိုးထိုးပြီး ချောမောသော Alpha တစ်ယောက်က ဖွင့်ဟဝန်ခံလာခဲ့သည်။

စုန့်ယွီ: "ကောင်းပြီလေ၊ လက်ထပ်ကြရအောင်။"

ရုန်ရှီ : "???"

Omega များ : ?  !  !
____

တိုက်ပွဲတွင် လူတစ်စုက သုတ်သင်ရှင်းလင်းခံလုနီးပါးဖြစ်ခဲ့သည်။ နောက်ဆုံးအခိုက်အတန့်တွင်၊ ရုန်ရှီက သူ၏ဓားကိုမြှောက်ကာ တစ်ကျော့ပြန်ပြီး မြင့်တက်လာခဲ့သည်။

အဖွဲ့သားများ- "Fuck! မင်းကမှ ဘော့စ်ကြီးပဲ!!"

အေးစက်တဲ့ မျက်နှာသေနဲ့ ရုန်ရှီ - "မတော်တဆဖြစ်သွားတာ။"

သူ့ဆောင်ပုဒ်- ငါက မလှုပ်ချင်ဘူး၊ လက်က သူ့ဘာသာ လှုပ်သွားတာ။

ရုန်ရှီထံတွင် သူတစ်ခါမှ မတွေ့ဖူးသော ငယ်ချစ်ဦးလေးရှိပြီး ထိုကလေးက ချိုမြိန်ကာ ချစ်စဖွယ်ကောင်းသော Omegaလေး ဖြစ်ရမည်ဟု သူခံစားမိသည်။

အရင်ဘဝက နောင်တတွေကို ဆက်မခံစားချင်သည့်  သူက ဒီဘဝမှာတော့ O‌ လေးနှင့် တွေ့ကြရန် ချိန်းလိုက်သည်။

[သူဌေးသမီးလေး ငါ့တို့တွေ့ကြမလား။]

သူစာပို့လိုက်ပြီးနောက် ဘေးတွင်ထိုင်နေသော စုန့်ယွီ၏ terminal သို့ စာဝင်လာသည့် တီခနဲအသံကို ရုန်ရှီကြားလိုက်ရသည်။

စုန့်ယွီက သူ့ကို တစ်ချက်စောင်းကြည့်လာပြီး မေးလာလေသည်။

“ဟေး၊ Omega လေးနဲ့ လူချင်းတွေ့မယ်ဆို ဘာကို သတိထားရမလဲ မင်းသိလား။”

ရုန်ရှီ : "...သူက အခု မင်းကို သိပ်မတွေ့ချင်ဘူး။"

အယူအဆ -

[အချစ်သည် အတူတကွ ကြီးပွားအောင်မြင်ရန် အကောင်းဆုံးဖြစ်သည်။]

***

Aurora Novel Translation Team

Latest Chapter Update

Free Novel

There is No Chapter

Manga DISCUSSION


Leave A Reply

you must Login or register to post a comment


Reviews & Ratings


0.0
0 reviews
View All Reviews

No reviews yet. Be the first to review!